ချောင်းဦးမြို့နယ်

သီတင်းကျွတ်လပြည့်ည လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သပိတ်ဦးဆောင်ကော်မတီမှ လူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံး

သီတင်းကျွတ်လပြည့်ည လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သပိတ်ဦးဆောင်ကော်မတီမှ လူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံး

RNA_အောက်တိုဘာ(၈)၊ ၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ဘုံတိုကျေးရွာ မူလတန်းကျောင်းအတွင်း အောက်တိုဘာ ၆ ရက်နေ့ (သီတင်းကျွတ်လပြည့်) ညပိုင်း အတုအယောင်ရွေးကောက်ပွဲအလိုမရှိကြောင်း ပြည်သူ့ဆန္ဒထုတ်ဖော်နေသည့် ချောင်းဦးဒေသခံများ လေကြောင်းတိုက်ခိုက်ခံရပြီး သပိတ်ဦးဆောင်ကော်မတီမှ အမျိုးသားလူငယ် ၄ ဦးအပါအဝင် (၁၉) ဦးသေဆုံးခဲ့ပြီး ကလေးငယ်များအပါအဝင် (၄၀) ဒဏ်ရာရရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)ကလာသည့် စစ်အုပ်စု၏ Paramotor ဖြင့် ပထမ အကြမ်တွင် ၁၂၀ မမ ဗုံးသီး ၂ လုံး ကြဲချခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို ဆေးကုသနေသည့် ည ၁၁ တွင် Paramotor ၂ စီးဖြင့်…
Read More
မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တပ်စိတ်မှူး ရဲဘော်ဇော်ထူးအောင် ချောင်းဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံး

မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တပ်စိတ်မှူး ရဲဘော်ဇော်ထူးအောင် ချောင်းဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံး

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။ အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု၊ မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်စိတ်မှူးအဆင့်ရှိသူ ရဲဘော် ပိန်သေး (ခ) ဇော်ထူးအောင်သည်် ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့်တိုက်ပွဲအတွင်း ဇူလိုင်လ (၈) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ #RedNewsAgency
Read More