Tag: အနောက်မြောက်စစ်ဒေသ
-

PLA အနောက်မြောက်စစ်ဒေသ ကြီးကြပ်ရေးကော်မတီဝင် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ ကျဆုံး
RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) အနောက်မြောက်စစ်ဒေသ၊ ကြီးကြပ်ရေးကော်မတီဝင် စစ်သင်တန်းကျောင်းအုပ် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ (ခ) ကိုမိုးသည် ယနေ့ (ဇွန်လ ၆ ရက်) နံနက် ၆ နာရီ (၃၀) မိနစ်ခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးသွားသည်ဟု PLA အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ ကအသိပေးထားသည်။ -

ပုလဲမြို့တွင်း ဝင်တိုက်ပြီး တော်လှန်ရေးတပ်များက (၂) နာရီကျော် ထိန်းချုပ်ထားနိုင်ခဲ့
RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင်း၊ စစ်ကောင်စီတပ် တပ်စွဲထားသော စုပေါင်းရုံးနှင့် ရဲစခန်းတို့အား တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ယမန်နေ့က တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး ပုလဲမြို့အား (၂) နာရီကျော် ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ထံမှ သိရသည််။[embedyt] https://www.youtube.com/watch?v=L1FeL5k09l4[/embedyt]“တိုက်ပွဲကြာမြင့်ချိန် ၃နာရီခန့်ကြာမြင့်ခဲ့ပြီး ပုလဲမြို့အား ၂နာရီကျော်ထိန်းချုပ်နိုင်ခဲ့သည်။တိုက်ပွဲတွင်း ရန်သူ့ဘန်ကာတစ်ချို့ရရှိိခဲ့ပြီး စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအားဖမ်းဆီးရမိခဲ့သည်။ဖမ်းဆီးရမိသော စကစပြည်သူ့စစ်အဖွဲ့ဝင်၂ဦးအား မြို့နယ် ပအဖအဖွဲ့ထံသို့ အပ်နှံခဲ့သည်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။ -

တိုက်ပွဲအတွင်း ရဲဘော်များ ပြန်ဆုတ်နိုင်ရန် ကာပစ်ပေးပြီး ပြန်ဆုတ်စဉ် PLA နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် ကျဆုံး
RNA_မေ(၂၆)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလမ်အိုကျေးရွာတွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီတပ်ကင်းစခန်းကို ယနေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ် စစ်ကူများရောက်ရှိလာသည့်အတွက် ရဲဘော်များပြန်ဆုတ်နိုင်ရေး ကာပစ်ပေးပြီး ပြန်ဆုတ်စဉ် အနောက်မြောက်စစ်ဒေသ၏ ပါတီကလာပ်စီးအဖွဲ့ဝင် အမှတ် ၈၁၅ PLA တပ်ဖွဲ့ နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင် (ခ) ကိုအောင်သူရ ကျဆုံးခဲ့ရကြောင်း သိရသည်။
“ပြန်ဆုတ်စဉ် ရဲဘော်များ ပြန်ဆုတ်နိုင်အောင် အမှတ် ၈၁၅ PLA တပ်ဖွဲ့နိုင်ငံရေးမှူး ရဲဘော်ထွန်းနိုင်က ကာပစ်ပေးခဲ့တယ်။ ရဲဘော်အားလုံး ဆုတ်ခွာပြီးချိန်တွင် ရဲဘော်ထွန်းနိုင် ဆုတ်ခွာခဲ့တယ်။ ရဲဘော်ထွန်းနိုင် ဆုတ်ခွာစဉ် ရန်သူ့ကျည် ဦးခေါင်းကို ထိမှန်ခဲ့တယ်။ စကားပြောစက်တွင် ထိသွားပြီဟု ရဲဘော်များကို သတင်းပို့ခဲ့ပြီး ဘာမှမဖြစ်ဘူးလို့ ပြောခဲ့တယ်။ ဒဏ်ရာရသွားသောကြောင့် ရဲဘော်များက ပြန်ကူပြီး ပုခက်ဖြင့် ထမ်းခေါ်ဖို့ ကြိုးစားချိန်တွင် ကျဆုံးသွားခဲ့ပါတယ်” ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က ထုတ်ပြန်ထားသည်။
ဖလမ်အိုကျေးရွာ အခြေစိုက် စစ်ကောင်စီတပ်ကို PLA နှင့်အတူ မဟာမိတ် တပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ချိန် စစ်ကောင်စီတပ် စစ်ကူများ ရောက်ရှိလာသည့်အတွက် ဆုတ်ခွါခဲ့ရခြင်းဖြစ်ကြောင်း၊ ရဲဘော်များ ဆုတ်ခွါနိုင်ရန် ကာပစ်ပေးခဲ့ပြီး ကျဆုံးခဲ့ရသည့် ရဲဘော် ထွန်းနိုင် (ခ) ကိုအောင်သူရသည် မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ – ဗကသများအဖွဲ့ချုပ်၏ အဖွဲ့ဝင်ဟောင်း ဖြစ်ကြောင်း သိရသည်။
#RedNewsAgency