၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

RNA_ဇူလိုင်( ၁၇)၊ ၂၀၂၄ ခုနှစ်။
 
ညီနောင်မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲဘော်များ ပူးပေါင်းပါဝင် တိုက်ပွဲဆင်နွှဲနေရာတွင် ဇူလိုင်လ ၄ ရက်မှ ၁၆ ရက်နေ့အထိ ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
 
BPLA ၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ညနေက ရဲဘော်ကျော်မျိုးလှိုင် (ခ) ဗလကြီး၊ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက တပ်စုမှူး ရဲဘော် ဇော်သူရ နှင့် ရဲဘော် ငြိမ်းချမ်းဦး (ခ) ဓောဓိ တို့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) တွင် ညီနောင်တိုင်းရင်းသားမဟာမိတ်များနှင့်အတူ BPLA၊ PLA၊ MDY PDF၊ DPLA စသည့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်စသည့် နယ်မြေများအတွင်းရှိ စစ်ကောင်စီတပ်များကို တိုက်ခိုက်မောင်းထုတ်နေကြကြောင်း သိရသည်။
 
#RedNewsAgency

By Editor