Tag: မဲဆောက်မြို့

  • သတင်းစာဆရာ ဦးသီဟဇော်၏ ဈာပန (မြင်ကွင်း)

    သတင်းစာဆရာ ဦးသီဟဇော်၏ ဈာပန (မြင်ကွင်း)

    စစ်အာဏာသိမ်းပြီးနောက် နယ်စပ်တိမ်းရှောင်လာရသော သတင်းစာဆရာ ဦးသီဟဇော် (ခ) မောင်သူရိန် (အသက် ၄၁ နှစ်) သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကွယ်လွန်သွားသည့်အတွက် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နေ့လယ်တွင် မဲဆောက်မြို့၌ ဈာပနအခမ်းအနားပြုလုပ်ခဲ့သည်။

    ဦးသီဟဇော် (ခ) မောင်သူရိန်သည် မြစ်မခသတင်းဌာနတွင် သတင်းထောက်အဖြစ် စတင်လုပ်ဆောင်ခဲ့ပြီးနောက် New Day Myanmar တွင် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဦးသီဟဇော်သည် မြန်မာသတင်းလောကတွင် ၁၀ စုနှစ်တခုအကျော်ကြာအထိ လုပ်ဆောင်ခဲ့သည့် သတင်းစာဆရာတစ်ဦးဖြစ်သည်။

    #RedNewsAgency #RedNews #RNA

  • လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကို ဂျပန်အစိုးရမှ ကျောင်းကား (၂) စီးထောက်ပံ့

    လူမှုစောင့်ရှောက်ရေးအဖွဲ့ (SAW) ကို ဂျပန်အစိုးရမှ ကျောင်းကား (၂) စီးထောက်ပံ့

    RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။

    ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့အခြေစိုက် ကလေးသူငယ်များနှင့် အမျိုးသမီးများအတွက် လူမှုစောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသော Social Action for Children and Women (SAW) အဖွဲ့ကို ဂျပန်အစိုးရမှ ကျောင်းကား (၂) စီးထောက်ပံ့သည့် ပေးအပ်ပွဲအခမ်းအနားကို ယနေ့ (ဇူလိုင် ၁၈ ရက်) နံနက်ပိုင်းက ပြုလုပ်ခဲ့သည်ဟု SAW အဖွဲ့ ဒါရိုက်တာ ဒေါ်အေးအေးမာက ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=rWA_S7np3U0[/embedyt]

    #RedNewsAgency #REDNEWS #RNA #maesot #saw

  • စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားထု အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေ

    စစ်အာဏာသိမ်းမှုကြောင့် အလုပ်သမားထု အခွင့်အရေး ဆိတ်သုဉ်းပျောက်ကွယ်နေ

    RNA_မေ(၁)၊၂၀၂၅ခုနှစ်။

    ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ယနေ့ (၅) နှစ်တာ ကာလအတွင်း စစ်အုပ်စု၏ လူမဆန်စွာ အထွေထွေဖိနှိပ်မှုများကြောင့် အလုပ်သမားထုတစ်ရပ်လုံးမှာ အလုပ်သမားအခွင့်အရေး၊ လူ့အခွင့် အရေးများ ဆိတ်သုဉ်းပျောက်ကွယ်ခဲ့ရသည်ဟု ယနေ့ ထိုင်း-မြန်မာ နယ်စပ်တနေရာမှာ ကျင်းပသော ၁၃၅ ကြိမ်မြောက် မေဒေးနေ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ကမ္ဘာ့အလုပ်သမားထု၏ သွေးစည်းညီညွတ်မှုကို အရင်းတည်ပြီး အလုပ်သမားတို့၏ အသက်သွေးချွေးတို့ဖြင့် အလုပ်သမားအခွ့်အရေးများကို တိုက်ယူခဲ့ရသော မေးဒေးနေ့ (ကမ္ဘာ့အလုပ်သမားနေ့)တွင် ထိုင်း-မြန်မာနယ်စပ်တနေရာတွင် အလုပ်သမားအဖွဲ့အစည်းများပူးပေါင်းပြီး ယနေ့ ကျင်းပခဲ့ခြင်းဖြစ်သည်။

    (more…)

  • လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

    လူရွှင်တော်ကြီး (စတား) ဦးကျော်မိုး၏ ဈာပန

    RNA_ဧပြီ(၃)၊၂၀၂၅ခုနှစ်။
     
    ကိုတိုင်းကျော်၊ ကိုပြည်ကျော်တို့၏ မွေးသဖခင်ဖြစ်သည့် ဟား (၅) ​ကောင်အဖွဲ့၏ ဖခင်လူရွှင်​တော်ကြီး (စတား) ဦး​ကျော်မိုး (အသက် ၇၅ နှစ်)သည် ၂၀၂၅ ခုနှစ် မတ်လ ၃၀ ရက်နေ့က ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် ကွယ်လွန်သွားခဲ့သည့်အတွက် ဝပ်အလန်ဘုန်းကြီး​ကျောင်းဇရပ်၌ ဈာပနအခမ်းအနားကျင်းပပြီးနောက် ယနေ့ (ဧပြီလ ၃ ရက်) နေ့လယ်က မဲဆောက်မြို့ရှိ ဝပ်မုတ်ကထန်သုသာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။
     
    #RedNewsAgency #REDNEWS #RNA
  • လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

    လက်မှုပစ္စည်းမျိုးစုံရောင်းချမှုမှ ရရှိသောငွေအားလုံးကို ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းမည် 

    RNA_ဧပြီ()၊၂၀၂၅ခုနှစ်။

    ထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့် မဲဆောက်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးများ၊ CDM အမျိုးသမီးလေးများစသည့် အမျိုးသမီးများ စုဖွဲ့ထားသော Resilient Women’s Creative Network အဖွဲ့ဝင်များ၏ ကိုယ်တိုင်ထုတ်လုပ်ထားသည့် လက်မှုပစ္စည်းထုတ်ကုန်မျိုးစုံအရောင်းပြပွဲမှ ရောင်းရသမျှငွေအားလုံးကို မြန်မာနိုင်ငံအတွင်းက ငလျင်ဒဏ်ခံရသူများအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ 

    Resilient Women’s Creative Network အဖွဲ့ဝင်များ၏ လက်မှုပစ္စည်းထုတ်ကုန်များကို Blue Pond Cafe မှာလည်း ဝယ်ယူရရှိသလို ယနေ့ (ဧပြီလ ၁ ရက်) ညနေပိုင်းတွင်လည်း Memories of Maesot မှာပြသရောင်းချသွားမည်ဖြစ်ကြောင်း၊ ပြပွဲနှင့်ရောင်းချမှုများကို မဲဆောက်ရှိ မြန်မာအများစုရှိသော နေရာများတွင် () ရက်တိုင်ပြုလုပ်သွားမည်ဟု မဇာလီက ပြောပြထားသည်။

    #RedNewsAgecny #RNA #RedNews

  • ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်

    ကျားဖြန့်မှလွတ်လာသော တရုတ်နိုင်ငံသားများကို လေယာဉ်ဖြင့် ခေါ်ထုတ်

    RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၅ခုနှစ်။
     
    ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံထားရသော တရုတ်နိုင်ငံသားများကို ယနေ့ မြ၀တီမှဆင့် ထိုင်းနိုင်ငံ မဲဆောက်မြို့ လေဆိပ်ကနေ တရုတ်အစိုးရက ပြန်လည်ခေါ်ထုတ်နေသည်။
     
    ရွှေကုက္ကို ကျားဖြန့်လုပ်ငန်းများအတွင်း လူကုန်ကူးခံရသော တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများကို BGF ကတဆင့် ပြန်လည်အပ်နှံကာ မြ၀တီမြို့တွင် ထောင်ကျော်ရှိနေကြောင်း၊ တရုတ်အစိုးရမှ တရုတ်နိုင်ငံသားများကို ယနေ့ စတင်ကာ ထိုင်း – မြန်မာ အမှတ် (၂) ချစ်ကြည်ရေး တံတားမှတဆင့် မဲဆောက်လေဆိပ်သို့ တိုက်ရိုက်လေယာဉ်ဖြင့် လာရောက်ခေါ်ထုတ်သွားခဲ့ကြောင်း သိရသည်။

    (more…)

  • တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရသော သတင်းနှင့် ထူးခြားသတင်းများ

    ဒီကနေ့ ပြောပြချင်တဲ့ သတင်းတွေကတော့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက တပ်ခွဲမှူး နဂါးလေး(ခေါ်) ရဲဘော် နိုင်ထက်ဦး ကျဆုံးခဲ့ရတဲ့ သတင်း၊ ကျားဖြန့်လုပ်ငန်းတွေ ထွက်ခွါသွားကြဖို့ DKBA အမိန့်ထုတ်လိုက်တဲ့သတင်း၊ သစ်ရွက်တွေ၊ ပန်းအစစ်တွေနဲ့ ပုံပေါ်ထားတဲ့ “တော်လှန်ရေး လှေခါးထစ်များ” အနုပညာပြပွဲသတင်းနဲ့ အခြားစိတ်ဝင်စားဖွယ်သတင်းများကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

    #rednews #rednewsagency #rna #myanmar #revolution

  • ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် ဈာပနမြင်ကွင်း

    ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် ဈာပနမြင်ကွင်း

    RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။
     
    အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် အသက် (၇၈) နှစ်သည် ဇူလိုင် (၆) ရက်နေ့က မဲဆောက်ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့ပြီး တောရကျောင်း၌ ဈာနပ အခမ်းအနားပြုလုပ်ကာ ယနေ့ (ဇူလိုင် ၈ ရက်) နေ့လယ်တွင် ဝပ်မုတ္ကထန်ကျောင်း သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=nOhJ10FQtLw[/embedyt]
    #RedNewsAgency

  • အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

    အပစ်ရပ်နေသော်လည်း မြဝတီစစ်ဘေးရှောင်များ အကူအညီလိုအပ်နေ

    RNA_ဧပြီ(၂၁)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီလက်အောက်ခံများနှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းမှစပြီး အပစ်ရပ်နေသော်လည်း မြဝတီဘက်ခြမ်းရှိ စစ်ဘေးရှေင်များမှာ အကူအညီလိုအပ်နေကြောင်း သိရသည်။

    “အခုမနက် မဲဆောက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေသွားလှူကြတာ တော်တော်များတယ်။ မြဝတီဘက်ခြမ်းက သူတွေအတွက် ၁၂ ဂိတ်ဘက်မှာပေါ့ သူတို့ ထမင်းထုပ်တောင် နေ့လည်စာ မလောက်ဘူး ညစာတော့ ဘယ်လို လုပ်မလဲမသိဘူး။ ကမ်းနားဘက်မှာ ကပ်နေကြရတာတွေ့တယ်” ဟု စစ်ဘေးရှောင်များကို သွားလှူသူတဦးက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=ZD-ShuIncIM[/embedyt]

    မြဝတီအပစ်ရပ်နေပြီဖြစ်သည့်အတွက် မဲဆောက်ဘက်ခြမ်းရောက် ထိုင်းအစိုးရမှလက်ခံထားသူများ ပြန်လွှတ်နေပြီဟု ကြားသိရသော်လည်း ယနေ့ နံနက်ပိုင်းတွင် စစ်ဘေးရှောင်များထံ သတင်းသွားယူခွင့်ကို ထိုင်းစစ်တပ်လက်အောက်ခံများက သွားခွင့်မပြုကြောင်း၊ တံတား (၂) ဘက်တွင်လည်း ထိုင်းစစ်တပ်က လုံခြုံရေးတင်းကြပ်ထားသည်။

    #RedNewsAgency

  • နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

    နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော်ကောင်းမင်းသန့် (ခ) Flexx ၏ ဈာပန

    RNA_ဇန်နဝါရီ(၃)၊၂၀၂၄ခုနှစ်။
     
    စစ်အာဏာရှင်အမြစ်ဖြတ်ရေးအတွက် တော်လှန်ရေးတာဝန်များကို မရပ်မနား လုပ်ဆောင်နေစဉ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ၂၀၂၄ ခုနှစ် ၁ ရက်နေ့၊ ညနေ ၅ နာရီ ၂ မိနစ်ခန့်က နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ)  Flexx ကျောက်ကပ်ရောဂါဖြင့်ကွယ်လွန်ခဲ့ပြီး ယနေ့ ( ဇန်နဝါရီလ ၃ ရက်)တွင် ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=sUXxyBKJa7I[/embedyt]
     
    ရဲဘော် ကောင်းမင်းသန့် (ခ) Flexx သည် GSC အဖွဲ့ဝင် သပိတ်ကော်မတီ PBYSC ရဲဘော်တဦးဖြစ်ကြောင်း၊၂၀၂၁ခုနှစ် ဩဂုတ် ၁၀ ရက်နေ့က ဗိုလ်တထောင်မြို့နယ်၊ ၄၄ လမ်း အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်၏ ဝင်ရောက်ဖမ်းဆီးမှုတွင် လူငယ် ၅ဦး တိုက်ပေါ်မှ ခုန်ချခဲ့ကြသည့် ဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်သားများ မတွေ့အောင် တိုက်ခန်းနောက် အမိုးပေါ်တွင် ပုန်းခိုကာ လွတ်မြောက်လာသူဖြစ်သည်။
    နွေဦးတော်လှန်ရေးသူရဲကောင်း ရဲဘော် ကောင်းမင်းသန့် (ခ) Rapper Flexx အသက် (၂၁) နှစ်၏ ဈာပနအခမ်းအနားကို ရဲဘော်ရဲဘက်များ၊ တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။
     
    #RedNewsAgency