Tag: ABSDF အမှတ်(၃)စစ်ကြောင်း

  • စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

    စခန်းသိမ်းတိုက်ပွဲပြန် ABSDF ရဲဘော်များကို အောင်သပြေများဖြင့် ပြည်သူများကြိုဆို

    RNA_ဧပြီ(၁၉)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် စစ်ဆင်ရေးများအတွင်း စခန်းများသိမ်းနိုင်ခဲ့ပြီး မိခင်တပ်ရင်းထံ ဧပြီလ (၁၅) ရက်နေ့က ပြန်ရောက်လာသော ABSDF အမှတ် (၃) စစ်ကြောင်း ရဲဘော်များကို အောင်သပြေများဖြင့် ဒေသခံပြည်သူများက ဝမ်းသာအားရ ကြိုဆိုခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=ytkl091gvmI[/embedyt]

    (more…)

  • ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

    ABSDF ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်ပြည့်အခမ်းအနား အညာဒေသမှာလည်း ပြုလုပ်

    RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

    အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

    RNA_ဇူလိုင်(၁၇)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘဲကြီးကျေးရွာအုပ်စု အောင်သာပျူရွာ (မြစ်ခြေမြို့အနီး) ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ နံနက် (၅) နာရီ ၁၀ မိနစ်ဝန်းကျင်က ဝင်ရောက်စီးနင်း တိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီလက်အောက် စစ်သုံ့ပန်း (၁၀) ဦီးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ထံမှ သိရသည်။
     
    အောင်သာကျေးရွာ အခြေစိုက် ပျူစခန်းနှင့်ပျူများ တပ်စွဲရာနေရာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်းသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁လက်၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင် သိမ်းဆည်းရမိမှုနှင့်အတူ သုံ့ပန်း (၁၀) ဦး ဖမ်းဆီးရမိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (၅) ဦးထက်မနည်းသေဆုံးသည်ဟု သိရသည်။

    (more…)