ဗကသ

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ပဲခူးခရိုင် ဗကသဒုက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်ကောင်စီလက်အောက်ခံများက အကျဉ်းထောင်မှထုတ်သွားပြီး သတ်ဖြတ်ခဲ့သည့်အတွက် ကျဆုံးခဲ့ရကြောင်း သိရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပဲခူးခရိုင် ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီလက်အောက်ခံများက၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေရာမှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။   (more…)
Read More
အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

အင်းစိန်ထောင်ဗုံးပေါက်ကွဲမှု ကိုလင်းထက်နိုင် မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုတချို့ သေဆုံးမှုရှိ

RNA_အောက်တိုဘာ(၁၉)၊၂၀၂၂ ခုနှစ်။ ယနေ့ နံနက်အင်းစိန်ထောင်ဗုံးပေါက်ကွဲမှုတွင် ထောင်ဝင်စာသွားပို့သည့် ကိုလင်းထက်နိုင် (ခ) ကိုဂျိမ်း မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တချို့ သေဆုံးသွားကြောင်း သိရသည်။ "ကိုဂျိမ်းအမေ ဆုံးသွားတာ သေချာပါပြီ၊ ၁၀ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါတယ်၊ ဝန်ထမ်းက ၃ ဦး၊ အရပ်သားစုစုပေါင်းက ၅ ဦးထိ အတည်ပြုရပါတယ်"ဟု အင်းစိန်ထောင်အသိုင်းအဝန်းနှင့် နီးစပ်သူ တဦးကပြောသည်။ ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသားများ (တိုက်ထောင်ဝင်စာ) အတွက်ပေးပို့နေသည့် ထောင်ဝင်စာဌာန ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ အင်းစိန်ထောင်ကို စစ်ကောင်စီတပ်သားများဖြင့် အဝင်အထွက်ပိတ်ထားကြောင်း၊ CCTV မှတဆင့် စုံစမ်းနေကြောင်း သိရသည်။…
Read More
အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူ ကိုနောင်ထက်အောင် အသက်အန္တရာယ်စိုးရိမ်ရ

RNA_ဩဂုတ်၁၂၊၂၀၂၂ခုနှစ်။ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဌဟောင်း ကိုနောင်ထက်အောင်သည် အိုးဘိုထောင်တွင်း အစာငတ်ခံဆန္ဒပြပွဲ ဦးဆောင်သူတဦးဖြစ်ပြီး ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများရရှိထားပြီး အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။ " အိုးဘိုထောင်တွင်း ရိုက်နှက်ခံရသောကြောင့် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာများ ရရှိခဲ့သည်။ အသက်အန္တရာယ်စိုးရိမ်ရသော်လည်း ဆေးကုသခွင့်မပေးပါ။ ထို့ကြောင့် ကိုနောင်ထက်အောင်၏ အခြေအနေသည် ထောင်တွင်းမှာ အလွန်ဆိုးဝါးလျက်ရှိသည်" ဟု ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ယမန်နေ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီဘက်မှအိုးဘိုထောင်တွင်း သတင်းများကို ဖုံးကွယ်ထားပြီး အစာငတ်ခံတိုက်ပွဲဝင် ရဲဘော်များကို တိုက်ပိတ်ရိုက်နှက်ခြင်း၊ ဆေးကုသခွင့်မရခြင်း စသည့် ထောင်တွင်းညှင်းပန်းနှိပ်စက်ခံရမှုများနှင့် ထောင်တွင်းတိုက်ပွဲများအပေါ် ပြည်သုများ အာရုံစိုက်ကြဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)က တိုက်တွန်းထားသည်။ Red News Agency
Read More
“အောင်ပွဲဆိုတာဟာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်”

“အောင်ပွဲဆိုတာဟာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်”

RNA_ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)၊ ဗမာနိုင်ငံလုံးဆိုင်ရာလူငယ်ကဗျာဆရာများသမဂ္ဂ (ဗလကသ)၊ လူထုအခြေပြုအထွေထွေသပိတ်ကော်မတီ၊ အဖိနှိပ်ခံလူထုကိုယ်စားပြု မြောက်ဒဂုံသပိတ်ကော်မတီ (NDOPSC) တို့ ပူးပေါင်း၍ "အောင်ပွဲဆိုတာဟာ တိုက်ရဲသူတွေအတွက်ဖြစ်တယ်" စာသားပါဘန်နာဖြင့် ယနေ့ (ဇန်နဝါရီလ ၁၂ ရက်) နံနက်ပိုင်းက ရန်ကုန်တွင် စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။   Photo: ABFSU Red News Agency  
Read More
အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဇော်လင်းအောင်၊ သပြေဆောင် (အကျဆောင်) အဆောင်မှူး ( နှစ်ပွင့်) ရဲကျော်သူနှင့် လက်ပါးစေ လူမိုက်များ လက်ချက်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ‌ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိ ရိုက်နှက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ အင်းစိန်ထောင် အထူးတရားရုံးက ငြိမ်းစုစီ ပုဒ်မ၊ ၅၀၅ (ခ) တို့ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကိုဝေယံဖြိုးမိုး ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခံရပြီး ထောင်ထဲပြန်ဝင်ချိန် ထောင်ဗူးဝ အကျရုံးတွင် ကိုယ်ရေးအကျဉ်းနှင့်အမှုဖြစ်စဉ်…
Read More
စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြရင်း နှိုးဆော်ဟောပြောခဲ့ကြကြောင်း သိရသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
ဗကသကိုဆန့်ကျင်ရာတွင် စစ်လော်ဘီနှင့်စုလော်ဘီများ တပေါင်းတစည်းတည်း ညီညွတ်နေကြရခြင်းအကြောင်းအရင်း

ဗကသကိုဆန့်ကျင်ရာတွင် စစ်လော်ဘီနှင့်စုလော်ဘီများ တပေါင်းတစည်းတည်း ညီညွတ်နေကြရခြင်းအကြောင်းအရင်း

” တကယ့်လက်တွေ့မှာတော့ “စစ်နဲ့စု အကြောင်းဖွဲ့ပြုလို့ မကောင်းတဲ့အမှု တည်စေသောဝ်”ဖြစ်နေပါပြီလို့ တမလွန်က ကိုလှသန်းကို တိုင်တည်ပြီး စိတ်မကောင်းစွာနဲ့ ဒီစာကို ဆက်ရေးရပါလိမ့်မယ် ” ကျော်ကိုကို လူမှုကွန်ရက်မှာ ကျနော့်အကိုတယောက်က “ကြံဖွံ့ ထောက်ခံသူနဲ့ NLD ထောက်ခံသူတွေ ညီညီညွတ်ညွတ် လုပ်တဲ့အလုပ်ကတော့ ဗကသ ဆန့်ကျင်ရေးပဲ။” လို့ ရေးလိုက်ပါတယ်။သူ့အယူအဆကို ကျနော်လည်း သဘောတူပါတယ်။ဘာကြောင့်လဲဆိုရင် ကျနော့်အတွေ့အကြုံအရ ပြောပြရင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်က ဆိုရှယ်မီဒီယာပေါ်မှာ ကျနော်အပါအဝင် ဗကသကျောင်းသားတွေကို အကြီးအကျယ်တိုက်ခိုက်နေတာ စစ်တပ်ထောက်ခံသူတွေ၊ကြံ့ဖွံ့ထောက်ခံသူတွေ(အတိုချုံးပြီး စစ်လော်ဘီတွေလို့ပဲခေါ်ပါမယ်-ရည်ရွယ်ချက်ကို အကြောင်းပြုပြီးခေါ်တာပါ)ဖြစ်ပြီး ခရီးရှည်ချီတက်သပိတ်ကာလနဲ့ လက်ပံတန်းအကြမ်းဖက်ဖြိုခွဲပြီးကာလမှာ တောက်လျောက် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဆိုင်ဘာအကြမ်းဖက်မှုလို့ခေါ်လို့ရတဲ့ သတင်းတု သတင်းမှားတွေ (ကျနော်တို့က သိန်းခြောက်ထောင်ယူထားတယ်ဆိုတာမျိုး၊လက်နက်ကိုင်လှုပ်ရှားမှုနဲ့ဆက်စပ်တယ်ဆိုတာမျိုးတွေ)ဖြန့်ဝေပြီး ဗကသကို ဦးတည်ပစ်မှတ်ထားတိုက်ရင်း ဗကသရဲ့…
Read More
မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

တချိန်က ဒီချုပ်ပါတီ အဖိနှိပ်ခံနေရချိန်မှာ ကျောင်းသားနဲ့ပြည်သူဟာ ဒီပါတီကို စစ်အာဏာရှင်လက်ချက်က အကာအကွယ်ပေးခဲ့တဲ့အတွက် အချို့ကိစ္စတွေမှာ ပြောချင်ပါရက်နဲ့ မပြောထွက်ခဲ့တာမျိုး၊ ဗူးလေးရာဖရုံဆင့်သလို ဖြစ်မှာစိုးလို့ မျိုသိပ်ခဲ့ရတာမျိုးတွေ ကျော်ကိုကို ရန်ကုန်ခေတ်သစ်မီဒီယာနဲ့ ဒီချုပ်ပြောရေးဆိုခွင့်ရသူ မုံရွာအောင်ရှင်တို့ အမေးအဖြေလုပ်ထားတာကို ဖတ်ရပါတယ်။ဗကသက မူပိုင်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ဒီချုပ်အပါအဝင် ၂၀၀၈ခြေဥအောက်က ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီအသီးသီးက ယူငင်သုံးစွဲနေတာကို ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြီးချိန်မှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီချုပ်ရဲ့သဘောထားကို မုံရွာအောင်ရှင်က ပြောထားတာပါ။ ဒီနေရာမှာ တိုက်ပွဲဝင်သမဂ္ဂခွပ်ဒေါင်းအလံကို ကျနော်တို့အနေနဲ့ ပြန်တောင်းတယ်လို့ မသုံးစွဲလိုပါဘူး။ နိုင်ငံရေးအရပြောရရင် ကိုယ်ကျေကျေနပ်နပ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့် ပြန်တောင်းနေတာမျိုးမဟုတ်ဘဲ သဘောတူခွင့်ပြုချက်မပါဘဲ ယူငင်သုံးစွဲနေမှုကို ဆက်လက်မလုပ်ဆောင်တော့ဖို့ ကန့်ကွက်နေတာလို့ သုံးစွဲရင်ပိုအဓိပ္ပါယ်ရှိမယ်ထင်ပါတယ်။ ဗကသက ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းဟာ ကျနော်နဲ့ တခြားစီကိစ္စရပ်တွေပါ။ကျနော့်အနေနဲ့…
Read More
“တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”

“တစ်ခုသော HAPPY BIRTHDAY လှုပ်ရှားမှု”

“တစ်ချိန်က မိုးထဲရေထဲကာလမှာ ကျောင်းသားတစ်စုရဲ့ မွေးနေ့အထိမ်းအမှတ်လေးတစ်ခုကို ပြန်သတိရလာမိလို့ ရေးလိုက်တာပါ။ ဘာအခွင့်အရေးမှမျှော်ကိုးပြီး ကြွားဝါတာမဟုတ်ပေမယ့် အဲဒီအချိန်ကာလက ဒါလုပ်လို့ ဖမ်းမိရင် စစ်ကြောရေးမှာ မသေရုံတမည် နှိပ်စက်ခံရမယ်ဆိုတာ သိသလို၊ ရာသက်ပန်ကျောင်းနားရမှာ၊ နှစ်ရှည်ထောင်ကျမှာတွေကို သိသိရက်နဲ့ လုပ်ခဲ့ကြတယ်ဆိုတာ အခုပြန်ပြောလို့ရပြီဖြစ်တဲ့ကာလမှာ မှတ်တမ်းတင်ချင်ရုံလေးပါပဲ။ကျွန်တော်တို့ ချစ်ခဲ့ကြတယ်။ချစ်နေဆဲပဲ။ဆက်၍လဲ ချစ်သွားချင်ပါသေးတယ်” မင်းသွေးသစ် မြန်မာပြည်မှာ စစ်အစိုးရ ဖိနှိပ်မှုကြီးနေတဲ့ ကာလတုန်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မေဂျာမတူ၊ အသက်အရွယ်မတူကြပေမယ့် ယုံကြည်ချက်တူကြတဲ့ လူငယ်တစ်စု စုစည်းမိကြတယ်။အသိအမှတ်ပြုသူမရှိ၊ အလံလွှဲသူမရှိ ကိုယ့်ကိုကိုယ်ဗကသလို့ ခံယူပြီး အမှန်တရားနဲ့တိုင်းပြည်အတွက် နိုင်ရာတာဝန်ထမ်းခဲ့စဉ်ကပေါ့။ “ငါတို့ အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့အထိမ်းအမှတ်လေးတစ်ခု လုပ်ပေးကြရအောင်ကွာ။ဘာပဲဖြစ်ဖြစ် ဒီသတင်းကို အကျယ်ချုပ်နေတဲ့ သူကြားရင် ကျောင်းသားလူငယ်တွေထဲမှာလဲ သူ့ကိုမမေ့သေးကြောင်း၊ ထောက်ခံကြောင်း…
Read More