ပခုက္ကူ

စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးမှာ စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများကို ကြားကာလအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ယနေ့ ထုတ်ပြန်ထားသည်။ မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၁၀၁) မှ ယာဉ် ၁၀၀ နီးပါးဖြင့် ထွက်လာသည့် ယာဉ်တန်းကို ဧပြီလ (၂) ရက်နေ့က တော်လှန်ရေးအင်အားစုများက သာကြီးတောင် ရေနံမြေအနီးမှာ မိနစ် (၄၀) ခန့်ကြာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးကြသည့်အတွက် ယာဉ် (၇) စီးကို…
Read More
စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ   RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။   ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။   #RedNewsAgency
Read More
စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ စခန်းသိမ်းတိုက်ပွဲအဖြစ် ပန်းတိုင်ခြုံကျေးရွာ စာသင် ကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖေဖော် ဝါရီလ (၁၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း (၁၅) မိနစ်ဝန်းကျင်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း Young Force (UG)က ထုတ်ပြန်ထားသည်။ (more…)
Read More
မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံ   RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။ (more…)
Read More
“ရွာလေးတော့ ပြာကျသွားပြီ”

“ရွာလေးတော့ ပြာကျသွားပြီ”

စစ်ကောင်စီတပ်တွေက PDF တွေမနိုင်လို့ ကျေးရွာတွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေ RNA_အောက်တိုဘာ(၂၃)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးပြီးနောက် လူမဆန်စွာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်နေသည်။ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ အမှတ်‌ (၄) တပ်ရင်း၊ တပ်ခွဲ (၂) ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက မြေပြင်အနေအထားများနှင့်ပတ်သက်ပြီး Red News Agency ကိုပြောပြထားသည်။ Red News Agency
Read More
အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ခုနှစ်။ ထောင်နံရံကျော်ကာ ထွက်ပြေးလွတ်မြောက်မှု ရှိလာသည့်အတွက် အင်းစိန်ထောင် အုတ်နံရံပေါ်တွင် တပ်ဆင်ထားသည့် သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားကြောင်း သိရသည်။ " ပခုက္ကူထောင်ဖြစ်တာက ထောင်တွေအကုန်ရိုက်ခတ်သွားတယ်၊ အဲဒီက ထောင်ဝန်ထမ်းတွေလဲ အပြစ်ပေးခံရမှာ၊ အခု ကျနော်တို့ထောင်မှာလဲ ကြပ်နေပြီ နံရံပေါ်က သံဆူးကြိုးမှာ အခုညကစပြီး ဓာတ်အားလွှတ်ထားတယ်၊ အရင်ကတော့ အရေးပေါ်မှ သုံးတာ၊ တပ်ဆင်ထားတာက ကြာပြီ၊ ထောင်ဆူရင် ပြေးရင် ပစ်သတ်ဖို့ထိ အရင်ကတည်းက ညွှန်ကြားထားတာပါ" ဟု အင်းစိန်အကျဉ်း ထောင်ဝန်ထမ်းတဦးက Red News Agency ကို စက်တင်ဘာ (၁၀) ရက်နေ့ညက ပြောကြားသည်။ မကွေးတိုင်း၊ ပခုက္ကူထောင်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း…
Read More
ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

RNA_စက်တင်ဘာ (၁၁)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူခရိုင်အကျဉ်းထောင်မှ အုတ်နံရံကျော်ကာ ထွက်ပြေးနိုင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား (၅) ဦး လွတ်မြောက်နယ်‌မြေသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။ "လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် (၂)ဦး၊တခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး ယင်းတို့ (၅)ဦးစလုံး လွတ် မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်" ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က ယနေ့ ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၁၀ ရက်နေ့က ထောင်မှ‌ မိမိအစီအစဉ်ဖြင့် ထွက်ပြေးလွတ်မြောက်လာသူ (၅) ကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)နှင့် အတူ ဒေသခံLDFများဖြစ်ကြသည့်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊…
Read More