Tag: ပခုက္ကူ

  • ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

    ရေလာလေး စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီတပ်စခန်းကို အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ဒီဇင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းတိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၆) ဦးသေဆုံးပြီး၊ လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၇) ဦးဖမ်းဆီးရမိကြောင်း အမှတ် (၈) စစ်ကြောင်းက ယနေ့ ထုတ်ပြန်ထားသည်။

    ရေလာလေး စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲ ၁ နာရီ ၃၀ မိနစ်အတွင်း စစ်ကောင်စီလက်အောက်ခံ (၆) ဦးထက်မနည်းသေဆုံးကြောင်း၊ စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ အမှတ်(၈)စစ်ကြောင်းအဖွဲ့ဝင် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)မှ တပ်စိပ်မှူး ရဲဘော်ထောင့်မကျိုး(ခ)ရဲဘော်ဟိန်းမင်းခန့်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) အနောက်မြောက်စစ်ဒေသ အထူးတပ်ဖွဲ့မှ ငါးမျိုးကောင်းစစ်သည်ဆုရ ရဲဘော်ကိုထက်တို့ မြင့်မြတ်စွာကျဆုံးခဲ့ရကြောင်း သိရသည်။

    (more…)

  • အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

    အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

    RNA_ဇူလိုင်(၁၇)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘဲကြီးကျေးရွာအုပ်စု အောင်သာပျူရွာ (မြစ်ခြေမြို့အနီး) ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ နံနက် (၅) နာရီ ၁၀ မိနစ်ဝန်းကျင်က ဝင်ရောက်စီးနင်း တိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီလက်အောက် စစ်သုံ့ပန်း (၁၀) ဦီးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ထံမှ သိရသည်။
     
    အောင်သာကျေးရွာ အခြေစိုက် ပျူစခန်းနှင့်ပျူများ တပ်စွဲရာနေရာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်းသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁လက်၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင် သိမ်းဆည်းရမိမှုနှင့်အတူ သုံ့ပန်း (၁၀) ဦး ဖမ်းဆီးရမိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (၅) ဦးထက်မနည်းသေဆုံးသည်ဟု သိရသည်။

    (more…)

  • ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

    ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

    RNA_ဇွန်(၂၅)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူရွာကို ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၅ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတဦး ဖမ်းဆီးရမိကြောင်း သိရသည်။

    ရှင်မကန် ပျူးစစ်စခန်းကို အဓိကဦးတည်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး၊ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ရန်သူ့ဆက်စပ်ပစ္စည်းများနှင့်အတူ သုံးပန်းအရှင်တဦး ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    (more…)

  • စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

    စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

    RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးမှာ စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများကို ကြားကာလအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ယနေ့ ထုတ်ပြန်ထားသည်။

    မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၁၀၁) မှ ယာဉ် ၁၀၀ နီးပါးဖြင့် ထွက်လာသည့် ယာဉ်တန်းကို ဧပြီလ (၂) ရက်နေ့က တော်လှန်ရေးအင်အားစုများက သာကြီးတောင် ရေနံမြေအနီးမှာ မိနစ် (၄၀) ခန့်ကြာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးကြသည့်အတွက် ယာဉ် (၇) စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် စစ်ကောက်စီတပ်၏ ရိက္ခာတချို့ကို နီးစပ်ရာ စစ်ဘေးသင့်ပြည်သူများဆီသို့ ပြန်လည်မျှဝေခဲ့သည်ဟု သိရသည်။

    [embedyt] https://www.youtube.com/watch?v=tsl6UC703cg[/embedyt]

    (more…)

  • စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

    စစ်ကောင်စီတပ်နှင့်ပျူစောထီးတို့ကို PDF များတိုက်ခိုက်

    ပခုက္ကူ၊မြိုင်၊ပေါက်မြို့နယ် တကျောတွင် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေ
     
    RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြိုင်မြို့နယ်၊ ပေါက်မြို့နယ်တို့တွင် နေ့စဉ်နီးပါး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=-EjrML1PM54[/embedyt]
     
    ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၉ ရက်နေ့များတွင် ပခုက္ကူမြို့နယ် အနောက်ဘုန်းကံ ကျေးရွာ၊ မြိုင်မြို့ အရှေ့ဘက်နှင့် မြောက်ဘက် ဂိတ်၊ ပေါက်မြို့ပေါ် အိမ်တွင်းမှုကျောင်းမှ ယာကြီးပင်ပျူရွာသို့ စစ်ကူလာသော စစ်ကောင်စီတပ်တို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားသည်။
     
    #RedNewsAgency

  • စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

    စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

    RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။

    စခန်းသိမ်းတိုက်ပွဲအဖြစ် ပန်းတိုင်ခြုံကျေးရွာ စာသင် ကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖေဖော် ဝါရီလ (၁၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း (၁၅) မိနစ်ဝန်းကျင်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း Young Force (UG)က ထုတ်ပြန်ထားသည်။

    (more…)

  • မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

    မြိုင် PDF တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်

    မြိုင်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) ရဲဘော်များ စစ်ကောင်းစီတပ်ကို တိုက်ခိုက်သည့် ရုပ်သံ
     
    RNA_ဇန်နဝါရီ(၁၉)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် အခြားသော မြို့နယ်များအတွင် အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် မြိုင် မြို့်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များ တိုက်ခိုက်ခဲ့ကြသည်။
    [embedyt] https://www.youtube.com/watch?v=dPlVJOcZgNE[/embedyt]
    မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း (၁) ရဲဘော်များသည် ယမန်နေ့ကလည်း မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး၊ အခြားသော တိုက်ပွဲများစွာကိုလည်း တိုက်ပွဲဝင်ခဲ့ကြသည်။

    (more…)

  • “ရွာလေးတော့ ပြာကျသွားပြီ”

    “ရွာလေးတော့ ပြာကျသွားပြီ”

    စစ်ကောင်စီတပ်တွေက PDF တွေမနိုင်လို့ ကျေးရွာတွေကို လူမဆန်စွာ မီးရှို့ဖျက်ဆီးနေ

    RNA_အောက်တိုဘာ(၂၃)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်အတွင်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများ သေဆုံးပြီးနောက် လူမဆန်စွာ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှု ပြုလုပ်နေသည်။

    [embedyt] https://www.youtube.com/watch?v=X6xedNWneFo[/embedyt]

    ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ အမှတ်‌ (၄) တပ်ရင်း၊ တပ်ခွဲ (၂) ဘာမထီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တဦးက မြေပြင်အနေအထားများနှင့်ပတ်သက်ပြီး Red News Agency ကိုပြောပြထားသည်။

    Red News Agency

  • အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    အင်းစိန်ထောင် အုတ်နံရံပေါ်က သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထား

    RNA_စက်တင်ဘာ (၁၂)၊၂၀၂၂ခုနှစ်။

    ထောင်နံရံကျော်ကာ ထွက်ပြေးလွတ်မြောက်မှု ရှိလာသည့်အတွက် အင်းစိန်ထောင် အုတ်နံရံပေါ်တွင် တပ်ဆင်ထားသည့် သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အား လွှတ်ထားကြောင်း သိရသည်။

    ” ပခုက္ကူထောင်ဖြစ်တာက ထောင်တွေအကုန်ရိုက်ခတ်သွားတယ်၊ အဲဒီက ထောင်ဝန်ထမ်းတွေလဲ အပြစ်ပေးခံရမှာ၊ အခု ကျနော်တို့ထောင်မှာလဲ ကြပ်နေပြီ နံရံပေါ်က သံဆူးကြိုးမှာ အခုညကစပြီး ဓာတ်အားလွှတ်ထားတယ်၊ အရင်ကတော့ အရေးပေါ်မှ သုံးတာ၊ တပ်ဆင်ထားတာက ကြာပြီ၊ ထောင်ဆူရင် ပြေးရင် ပစ်သတ်ဖို့ထိ အရင်ကတည်းက ညွှန်ကြားထားတာပါ” ဟု အင်းစိန်အကျဉ်း ထောင်ဝန်ထမ်းတဦးက Red News Agency ကို စက်တင်ဘာ (၁၀) ရက်နေ့ညက ပြောကြားသည်။

    မကွေးတိုင်း၊ ပခုက္ကူထောင်တွင် နွေဦးတော်လှန်ရေး ကာလအတွင်း ဖမ်းဆီးခံထားရသူများထဲမှ (၅) ဦးသည် ထောင်အုတ်နံရံကျော်ကာ စက်တင်ဘာလ (၁၀) ရက်နေ့က လွတ်မြောက်သွားသည့်အတွက် စစ်ကောင်စီလက်အောက်ခံ ထောင်အာဏာပိုင်များက နံရံပေါ်မှ သံဆူးကြိုးများတွင် လျှပ်စစ်ဓာတ်အားလွှတ်ထားရန် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

    ပခုက္ကူထောင်မှ ထွက်ပြေးသူများ လွတ်မြောက်ရာသို့ ရောက်ရှိ

    RNA_စက်တင်ဘာ (၁၁)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူခရိုင်အကျဉ်းထောင်မှ အုတ်နံရံကျော်ကာ ထွက်ပြေးနိုင်ခဲ့သည့် နိုင်ငံရေးအကျဥ်းသား (၅) ဦး လွတ်မြောက်နယ်‌မြေသို့ ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

    “လွတ်မြောက်လာသူများမှာ တော်လှန်ရေး ရဲဘော် (၂)ဦး၊တခြား နိုင်ငံရေး ပုဒ်မများဖြင့်မတရားဖမ်းဆီးခံထားခြင်းခံရသူ (၃)ဦးပါဝင်ပြီး ယင်းတို့ (၅)ဦးစလုံး လွတ် မြောက်ဘေးကင်းရာသို့ ရောက်ရှိအောင်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါသည်” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force က ယနေ့ ထုတ်ပြန်ထားသည်။

    စက်တင်ဘာလ ၁၀ ရက်နေ့က ထောင်မှ‌ မိမိအစီအစဉ်ဖြင့် ထွက်ပြေးလွတ်မြောက်လာသူ (၅) ကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ(ပကဖ)နှင့် အတူ ဒေသခံLDFများဖြစ်ကြသည့်ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PPDF၊ Young Force (UG)တပ်ဖွဲ့၊ ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့( ၂)၊ Pakokku Ranger ၊ RSO(PKU)အဖွဲ့နှင့်သက်ဆိုင်ရာနယ်မြေခံအဖွဲ့များပူးပေါင်း၍ နေရာအလိုက်တာဝန်များအသီးသီးခွဲဝေ၍ကယ်ထုတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။

    Red News Agency