ထိုင်း – မြန်မာနယ်စပ်

ထိုင်း-မြန်မာနယ်စပ် ကုန်စည်ပို့သည့်ဂိတ်အချို့ကို (၇) ရက်ပိတ်မည်

ထိုင်း-မြန်မာနယ်စပ် ကုန်စည်ပို့သည့်ဂိတ်အချို့ကို (၇) ရက်ပိတ်မည်

RNA_အောက်တိုဘာ(၃၀),၂၀၂၆ခုနှစ်။ မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ မင်းလက်ပံဒေသအနီး တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ကုန်စည်ပို့သည့်ဂိတ်အချို့အား (၇) ရက် ပိတ်သိမ်းထားမည်ဖြစ်ကြာင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။ ယနေ့ (အောက်တိုဘာ ၃၀ ရက်) မှစတင်၍ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်နှင့် မဲဆောက်မြို့နယ်တို့ရှိ ဂိတ်အချို့မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ဆောင်နေမှုများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး နယ်စပ်လုံခြုံရေးကို တိုးမြှင့်စောင့်ကြပ်သွားမည်ဟု ဆိုသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် စစ်အုပ်စုကြား မင်းလက်ပံဒေသအနီး တိုက်ပွဲများကြောင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများအတွင်း ထိုင်းဘက်ခြမ်းရှိ ဒေသခံပြည်သူအချို့ကို ထိမှန်ခဲ့ချိန် ထိုင်းအစိုးရနှင့် စစ်တပ်မှ နယ်စပ်လုံခြုံရေးတင်းကြပ်လာခြင်း ဖြစ်သည်။ မြန်မာဘက်ခြမ်း တိုက်ပွဲများကြောင့် နယ်စပ်ဂိတ်အချို့ကို နိုဝင်ဘာ (၅) ရက်နေ့အထိ ယာယီရပ်ဆိုင်းထားရန်…
Read More
မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

မြန်မာဘက်မှပစ်ခတ်သည့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုကို ကာကွယ်ပေးရန် ဒေသခံများ တောင်းဆို

RNA_အောက်တိုဘာ(၂၇)၊၂၀၂၆ခုနှစ်။ မြန်မာနယ်စပ်တိုက်ပွဲများကြောင့် လက်နက်ကျည်များ ထိုင်းဘက်ကျရောက်နေမှုနှင့် လက်နက်ကြီးပေါက်ကွဲမှုများအန္တရာယ်များမှ ကာကွယ်ပေးရန် ထိုင်းအစိုးရထံ မဲဆောက်ဒေသခံပြည်သူ (၂၀၀) ကျော်က တောင်းဆိုခဲ့ကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။ မြန်မာနယ်စပ်တိုက်ပွဲများနှင့် လက်နက်ကြီးပေါက်ကွဲမှုများကြောင့် ထိုင်းနယ်စပ် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့မှုနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးမှုများအပေါ် ဒေသခံပြည်သူများက ဆန္ဒထုတ်ဖော်လာကြခြင်းဖြစ်သည်။ မဲဆောက်ဒေသခံပြည်သူများက မဟာဝမ်ကျေးရွာအုပ်စု မယ့်ကွန်ကင်းကျေးရွာ စာသင်ကျောင်းရှေ့၌ ယနေ့ နံနက် (၁၀) နာရီဝန်းကျင်၌ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး မြန်မာနှင့်ကပ်လျက်ရှိသည့် ထိုင်းနယ်စပ်တစ်လျှောက် ဒေသခံပြည်သူများအား အရေးပေါ်ကာကွယ်မှုများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုင်းအစိုးရတာဝန်ရှိသူများအနေဖြင့် ထိခိုက်ဒဏ်ရာရသူများနှင့် နစ်နာသူမျာအတွက် အရေးပေါ်ဘဏ္ဍာရေး ထောက်ပံ့မှုပေးရန်၊ မြန်မာဘက်ခြမ်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဒေသခံများ ထိခိုက်မှုမရှိစေရေးအတွက် ကာကွယ်ပေးရန်၊ လက်နက်ကြီးဒဏ်ကာကွယ်ရေးစခန်းများနှင့် ဗုံးခိုကျင်းများ…
Read More
ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိ

RNA_ဇူလိုင်(၁၃)၊၂၀၂၅ခုနှစ်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီ၏ ဥကရစ်ထ စခန်းကို KNLA၊ PDF ဗျူဟာ (၃၂) တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းတပ်ဖွဲ့များက ဇူလိုင် ၁၂ ရက်နေ့ ညနေပိုင်းက သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိသည်ဟု Cobra Column စစ်ကြောင်း(၁)၊ တပ်ခွဲ-၂ (PKYY)ကထုတ်ပြန်ထားသည်။   Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1 #RedNewsAgency #REDNEWS #RNA
Read More
ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်

ကျားဖြန့်ကြောင့် ဖမ်းဆီးခံထားရသူ (၁၉) နိုင်ငံမှ (၂၆၀) ဦးကို DKBA က ထိုင်းအာဏာပိုင်ထံလွှဲအပ်

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၅ ခုနှစ်။ ကျားဖြန့်လုပ်ငန်းများတွင် ဖမ်းဆီးခံထားရပြီး စွန့်ပစ်ခံထားရသူ နိုင်ငံပေါင်း (၁၉) နိုင်ငံမှ (၂၆၀) ဦးအား DKBA က လမ်းစရိတ်အဖြစ် တစ်ဦးလျှင် ဘတ် ၃၀၀၀ နှုန်းလမ်းစရိတ်အဖြစ် ပေးကာ ထိုင်းအာဏာပိုက်များထံ ယနေ့ လွှဲအပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် ဈာပနမြင်ကွင်း

ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် ဈာပနမြင်ကွင်း

RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။   အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် အသက် (၇၈) နှစ်သည် ဇူလိုင် (၆) ရက်နေ့က မဲဆောက်ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့ပြီး တောရကျောင်း၌ ဈာနပ အခမ်းအနားပြုလုပ်ကာ ယနေ့ (ဇူလိုင် ၈ ရက်) နေ့လယ်တွင် ဝပ်မုတ္ကထန်ကျောင်း သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့သည်။ [embedyt] https://www.youtube.com/watch?v=nOhJ10FQtLw[/embedyt] #RedNewsAgency
Read More