Tag: ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်

  • ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

    ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

    RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။
     
    ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံဟု စွပ်စွဲပြောဆိုနေကြသည့်ကိစ္စနှင့်ပတ်သက်​ပြီး Red News Agnecy အနေဖြင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကို မေးမြန်းကြည့်ရာတွင် တရုတ်ဩဇာခံမဟုတ်သည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စသဖြင့် ပြောပြထားသည်။
     
    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
     
    #RedNewsAgency #REDNEWS #RNA
  • ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

    ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

    RNA_ဇွန်(၂၄)၊၂၀၂၅ခုနှစ်။

    “ဗိုလ်ချုပ်အောင်ဆန်းလည်း မြင်ချင်ခဲ့တာ တိုင်းရင်းသားပေါင်းစုံလည်း တန်းတူအခွင့်အရေးရရမယ် ဆင်းရဲသားနင်းပြားတွေအကုန်လုံးလည်း လုံးဝ လွတ်မြောက်ပြီးတော့ လူတန်းစေ့နေနိုင်တဲ့ လူမျိုးပေါ့ ဆင်းရဲချမ်းသာ မကွာဟတဲ့ လူတန်းစားသစ် လောကသစ်ကို မြင်ချင်တာ အဲဒီထိသွားချင်တယ်ပေါ့နော်” ဟု စနစ်အပြောင်းအလဲနှင့် လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေစသည်တို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပြထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

  • အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

    RNA_ဇူလိုင်( ၁၇)၊ ၂၀၂၄ ခုနှစ်။
     
    ညီနောင်မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲဘော်များ ပူးပေါင်းပါဝင် တိုက်ပွဲဆင်နွှဲနေရာတွင် ဇူလိုင်လ ၄ ရက်မှ ၁၆ ရက်နေ့အထိ ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
     
    BPLA ၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ညနေက ရဲဘော်ကျော်မျိုးလှိုင် (ခ) ဗလကြီး၊ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက တပ်စုမှူး ရဲဘော် ဇော်သူရ နှင့် ရဲဘော် ငြိမ်းချမ်းဦး (ခ) ဓောဓိ တို့ မြင့်မြတ်စွာ ကျဆုံးသွားခဲ့သည်။

    (more…)