၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် ပထမဆုံး နောင်ချိုမြို့ကို သိမ်းပိုက်

Written by

in

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ယနေ့ (၁၆) ရက်မြောက်နေ့တွင် စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် နောင်ချိုမြို့ကို PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့တို့က သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ရှမ်းမြောက် သီပေါမြို့နယ်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်တို့တွင် မြို့ပေါ်အထိ PSLF/TNLA နှင့် MDY PDF ပူးပေါင်းတပ်ဖွဲ့များ စိုးမိုးထားနိုင်ခဲ့သော်လည်း မြို့အနီးဝန်းကျင်ရှိစခန်းများကို နေ့စဉ်တိုက်ခိုက်နေပြီး ယနေ့ နေ့လယ် (၃) နာရီခန့်က နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီလက်ကျန် တပ်စခန်း ဒုံးတရ (၆၀၆) ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း TNLA ကထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA နှင့် TNLA တို့သည် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ လားရှိုးစသည့်နေ ရှမ်းမြောက်နှင့် မန္တလေးတိုင်းတို့တွင် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်နေပြီး အာရက္ခတပ်တော် -AA သည် ၁၀၂၇ စစ်ဆင်ရေးစတင်သည့် ပထမလှိုင်းမှ ယနေ့အထိ ရခိုင်ပြည်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ပြီး မြိုါများကို သိမ်းပိုက်နေခြင်း ဖြစ်သည်။

#RedNewsAgency