သတင်း

စားအုန်းဆီ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေ

RNA_ဩဂုတ်(၃၀)၊၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့မှာ စားအုန်းဆီတပိဿာ ကျပ် တသောင်းအထိ မြင့်တက်လာချိန်မှာ ဒညှင်းကုန်းစျေးမှာတော့ တပိဿာကို ၄၄၀၀ကျပ်နဲ့ ရောင်းချပေးနေတာကြောင့် လူအများကြီးတန်းစီဝယ်ယူနေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ ဒီနေ့ သြဂုတ်လ၃၀ရက်မှာ‌တော့ စားအုန်းဆီ တပိဿာ ၉၀၀၀၊၉၅၀၀ကျပ်နဲ့ ၁၀ ပိဿာစျေးနှုန်းကို ၈၅၀၀ကျပ်အထိ ပြန်ကျသွားတယ်လို့ Red News Agencyက စုံစမ်းသိရှိရပါတယ်။ #RedNewsAgency
Read More
လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

လက်ခတ်တောင်ကိစ္စနှင့်ပတ်သက်ပြီး ဗိုလ်ဒါဘောပြောကြား

RNA_ဩဂုတ်(၂၉)၊၂၀၂၃ ခုနှစ်။   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင်တာဝါတိုင်ကုန်းစခန်း သိမ်းပိုက်ထားမှုအခြေအနေများနှင့် ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ပြောကြားထားသည်။ Red News Agency
Read More
ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

ဆန်တပြည် ၁၀၀ ကျပ်နှင့် အခြေခံလူတန်းစားများရဲ့ဒုက္ခ

RNA_ဩဂုတ် (၂၈)၊ ၂၀၂၃ ခုနှစ်။ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်လမ်းမကြီး၊ ဘဝမြင့်မှတ်တိုင်အနီးရှိ  Aladdin Men Fashion ဆိုင်က ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံး ၁၀၀ ကျပ်နှင့် ဩဂုတ်လ ၂၇ ရက်နေ့က ရောင်းချပေးခဲ့သည့်အတွက် ပြည်သူ တစ်သောင်းခန့် ဒုက္ခခံကာ တန်းစီဝယ်ခဲ့ကြသည်။ ရောင်းချမည့်အရေအတွက်က လူ ၅၀၀ ဖြစ်သည့်အတွက် ရန်ကုန်မြို့နယ်ပေါင်းစုံက အခြေခံလူတန်းစားများ နံနက်စောစော အိပ်ရေးပျက်၊ အချိန်ကုန်၊ ဒုက္ခခံလာရောက်ခဲ့ကြသော်လည်း မရရှိခဲ့သူများရှိကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန်ဆီဆား အခြေခံ စားသောက်ကုန်စျေးနှုန်းမြင့်မားမှုကြောင့် ရန်ကုန်မြို့ အလုပ်သမား ဆင်းရဲသား အခြေခံလူတန်းစားများ အတော်ဒုက္ခရောက်နေကြရပြီဖြစ်ကြောင်း သိရသည်။ Red…
Read More
ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လုံခြုံရေးကင်းလှည့်နေစဉ် စကစတပ်နှင့်တိုက်ပွဲဖြစ်

RNA_ဩဂုတ်(၂၈)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အုန်းတော့မြောက်စုရွာအနောက်ဘက် ( ဒေသအခေါ် ကျွန်းနစ်ကုန်းနှင့် တမာချာက်ရိုးကြား) တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ လမ်းပိုင်းဆိုင်ရာအတွက် လုံခြုံရေးကင်းလှည့် စစ်ကောင်စီတပ်နှင့်တွေ့ပြီး ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့် ဩဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပေါက်မြို့မှ ထွက်လာသည့် စစ်ကောင်စီတပ်နှင့် လမ်းပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ကင်းလှည့်နေသည့် ပေါက် ပကဖနှင့် ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင် ပကဖ ရင်း (၃) ခွဲ(၅) ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အကျအဆုံးကို မသိရသေးကြောင်း မြိုင် ပကဖမှ ယနေ့…
Read More
ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို တပ်မ (၃၃)မှ ဗိုလ်မှူးမင်းထက်အောင် စီစဉ်လုပ်ဆောင်နေ 

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ချိန်းခြောက်ငွေညှစ်နေသည့် ကိစ္စများကို လုပ်ဆောင်နေသည့် ပစ်ခတ်ပြန်ပေးဆွဲဂိုဏ်းကို ဦးဆောင်စီစဉ်ညွှန်ကြားနေသူမှာ စစ်ကောင်စီတပ် တပ်မ (၃၃)မှ ဗိုလ်မှူး မင်းထက်အောင် ဖြစ်ကြောင်း ဖမ်းဆီးခံရသူ ဗိုလ်စောမောင်ဆိုသူက ဝန်ခံထားသည်။ ဖားကန့်၌ ၂၀၂၃ ခုနှစ်အတွင်း ဈေးဆိုင်များအား တောင်းသည့်ငွေမပေးပါက သတ်ပစ်မည်ဟု ချိန်းခြောက်ငွေညစ်တောင်းခံသည့် ပျူအဖွဲ့မှ ဗိုလ်စောမောင်ဆိုသူအား KPDFက ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ တပ်မ (၃၃) ဗိုလ်မှူး မင်းထက်အောင် ကိုယ်တိုင်စီစဉ်ညွှန်ကြားကြောင်း သိရသည်။ "ဒီဗျူဟာကုန်းကပဲ ဗိုလ်မှူး မင်းထက်အောင်ကို အစုပေးရတယ်၊ နောက် ဗိုလ်ကြီးဗညားဆိုတာက ကျနော်တို့နဲ့ အလုပ်တွဲလုပ်ရတာ၊ ဗိုလ်ဗညားဆိုတာက အထူး ကွန်မန်ဒိုထဲက" ဟု ခြိမ်းခြောက်တောင်းယူထားသည့် ငွေသိန်း(၃၀)နှင့်…
Read More
ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

ကရင်နီပြည်ရဲဌာန (၂) နှစ်ပြည့်အထိမ်းအမှတ် အကျဉ်းသား (၃၈) ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

RNA_ဩဂုတ်(၂၅)၊၂၀၂၃ ခုနှစ်။  ကရင်နီပြည်နယ်အတိုင်ပင်ကောင်စီနှင့် ကြားကာလ ကရင်နီပြည်နယ်အုပ်ချုပ်ရေးကောင်စီ၏ ကြပ်မတ်လမ်းညွှန်မှုဖြင့် ကရင်နီပြည်ရဲဌာန ဖွဲ့စည်းခြင်း (၂) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဖြင့် ယနေ့တွင် အကျဉ်းသား (၃၈) ဦးကို ပြစ်ဒဏ်လျော့ပေ့ါကာ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်း သိရသည်။  ကရင်နီပြည်ရဲဌာနကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့ ၂ နှစ်ပြည့်ချိန်တွင် ခိုးမှု၊ မူးယစ်ဆေးမှုအပါအဝင် အမှု (၃၆၂) မှုကိုအရေးယူနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ကျူးလွန်ခဲ့သည့် မိုဆိုကျေးရွာအနီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနှင့် နမ်းနိမ်းကျေးရွာဘုန်းကြီးကျောင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ မီဒီယာများသို့ ချပြခြင်းများ ပြုလုပ်နိုင်ခဲ့ကြောင်း…
Read More
နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံများကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ပြီး စစ်ရေးလှုပ်ရှားနေ

RNA_ဖားကန့်၊ဩဂုတ်လ ၂၅ ရက်၊ ၂၀၂၃ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်မြို့နှင့်မိုးကောင်းမြို့သွားရာလမ်း ခရီးတစ်ထောက်နားကြသည့် နန့်ယားကျေးရွာတွင် ပိတ်မိနေသည့် စစ်ကောင်စီတပ် ဒေသခံအချို့နှင့် ခရီးသွားပြည်သူအချို့ကို ယမန်နေ့ည ၈ နာရီခန့်က ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးပြုကာ စစ်ရေးလှုပ်ရှားမှုပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဖားကန့်မြို့သို့ အဓိက ကုန်စည်စီးဆင်းရာ လမ်းကြောဖြစ်သည့် နန့်ယားလမ်းကြောပေါ်တွင် စစ်ကောင်စီနှင့် KIA/KPDF တို့ သုံးရက်ကြာ တိုက်ပွဲဖြစ်ပွားနေပြီး နန့်ယားကျေးရွာတွင် စစ်ကောင်စီ စစ်ကြောင်းပိတ်မိနေခြင်းဖြစ်သည်။ ပိတ်မိနေသည့် စစ်ကောင်စီစစ်ကြောင်းက ခရီးသွားပြည်သူများနှင့် ဒေသခံများအား ညအချိန်ဖမ်းဆီးခဲ့ခြင်းဖြစ်သည့်အတွက် ဖမ်းဆီးခံရသူ အရေအတွက်အတိအကျ မသိရသေးသော်လည်း စစ်ကောင်စီလော်ဘီ တယ်လီဂရန်ချန်နယ်တချို့တွင် ၁၀၀ ဝန်းကျင်ထိ ဖမ်းမိဟု ပြောဆိုနေကြသည်။ (more…)
Read More
မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

မဲဆောက်မြို့က ” ထမင်းတနပ် ၁၅ ဘတ်”

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် နေထိုင်သည့် မြန်မာစစ်အာဏာရှင်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်လာရသူများနှင့် အလုပ်သမားများအတွက် ရည်ရွယ်ပြီး ထမင်းတနပ် ၁၅ ဘတ်ဖြင့် အလှူပြုလုပ် ရောင်းချနေသည်ဟု ကိုမင်းသွေးသစ်က ပြောသည်။ တပတ်ကို ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တို့တွင် ထမင်းတနပ် ၁၅ ဘတ် Facebook Page = https://www.facebook.com/profile.php?id=100095368187674 တွင် မှာယူနိုင်ကြောင်း၊ အလှူရှင်တို့ရှိပါက ထမင်းတနပ် ၁၅ ဘတ်ကို မတက်နိုင်ပါက အိမ်အရောက် လာရောက်လှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။ Red News Agency
Read More
ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ သစ္စာဖောက်ခံရသည်ဟု ဗိုလ်နဂါးပြော

RNA_ဩဂုတ်(၂၂)၊၂၀၂၃ ခုနှစ်။ အဖွဲ့အစည်းအတွင်း တပ်ရင်းမှူး တဦးက ပွိုင့် 5 တလက်နှင့် လက်နက်အချို့ယူကာ ဖမ်းဆီးမည်အထိ လုပ်ဆောင်သည့် သစ္စာဖောက် ခံခဲ့ရသည်ဟု ဗိုလ်နဂါးက ယမန့်နေ့ညက ပြုလုပ်သည့် Facebook Live တွင် ထည့်သွင်းပြောကြားသွားသည်။ NUG-MOD နှင့် ဆက်ဆံရေးကောင်းရှိနေပြီး တပ်ရင်းမှူးတဦးက ဒုစစ်ဦးစီးချုပ်အထိတောင်းသည်ကို မပေးသည့်အတွက် ဒေသတွင်းအဖွဲ့တချို့နှင့်ပေါင်းကာ သစ္စာဖောက်ခံခဲ့ရကြောင်း၊ သစ္စာဖောက်သွားသည့် ရင်းမှူးကို ထုတ်ပယ်လိုက်ပြီ စသည့် အဖွဲ့အစည်းတွင်းအခြေအနေများကို ပြောကြာားထားသည်။ Red News Agency
Read More
သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

သိမ်ဇရပ်မြို့အနီးမှာ တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးရေးလုပ်ဆောင်

RNA_ဩဂုတ်(၂၁)၊၂၀၂၃ ခုနှစ်။   မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့အနီးထိ KNU/KNLA၊ KRF၊ ABSDF၊ ဝံပုလွေနက်စစ်ကြောင်း၊ ကျိုက်ထို ပကဖ၊ Kawa PDF နှင့် တော်လှန်ရေးရဲဘော်များက ဩဂုတ်လ (၁၈)၊ နံနက် (၇)နာရီမှ (၁၁) နာရီအထိ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။   သိမ်ဇရပ်မြို့အနီးရှိ ကမ်းနီတိုးဂိတ်၊ ပုဂံဘုရား၊ သထုံစု၊ ကျောက်ကလပ်၊ ပေရှစ်ဆယ်၊ သိမ်ဇရပ်မြို့အဝင်တို့၌ နယ်မြေစိုးမိုးရေးနှင့် စစ်ဆေး‌ရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြောင်း၊ လမ်းသွားလမ်းလာ ပြည်သူများက စစ်ဆေးမှုများကို တက်ကြွပျော်ရွှင်စွာ ပူးပေါင်းပါဝင်ပေးခဲ့ပြီး အစားအသောက်ပစ္စည်း အများအပြား လှူဒါန်းပေးခဲ့ကြသည့်အတွက် ပူးပေါင်းပါဝင်ပေးကြသော မိဘပြည်သူများအား ကျေးဇူးအထူးတင်ရှိပါသည်ဟု Kawa PDF ကထုတ်ပြန်ထားသည်။  …
Read More