News

မိုင်းပါးတပ်စခန်းရှိ စစ်ကောင်စီတပ်သားများအားလုံး ထွက်ပြေး

မိုင်းပါးတပ်စခန်းရှိ စစ်ကောင်စီတပ်သားများအားလုံး ထွက်ပြေး

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။ လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်၏ မိုင်းပါးတပ်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းက ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် PSLF/TNLA မှ အနီးကပ် ထိုးစစ်ဆင်ပြီးနောက် ညသန်းခေါင်အချိန်တွင် စခန်းတခုလုံး စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ယနေ့ နံနပ် ၄ နာရီခန့်က ရှင်းလက်းသိမ်းပိုပ်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။ မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ ဆောင်ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ (၅) ရက်မြောက်ဖြစ်ပြီး ပစ်မှတ်ထားသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။ (more…)
Read More
MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။ ညီနောင် မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ မန္တလေး PDF ရဲဘော်များ ဆင်နွှဲနေသည့် တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီး ၁ဦး၊ တပွင့်ဗိုလ် ၁ ဦးအပါအဝင် (၇) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ "၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်(၁)ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး၊ တစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး၊ ပြည်သူ့စစ် (၂)ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း…
Read More
ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

စစ်ကောင်စီ လက်အောက်ခံ ၄၀ ကျော်သေဆုံးပြီး ဗိုလ်ကြီး နေလင်းအောင်ကို အရှင်ဖမ်းဆီးခံရမိ

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့များနှင့် BPLA တို့ပူးတွဲ ထိန်းချုပ်နေရာတစ်ခုသို့ စစ်ကောင်စီ၏ တပ်မ (၃၃) လက်အောက်ခံ ခမရ (၁၃) မှ အင်အား(၇၀)ခန့်ဖြင့် ချဥ်းကပ်လာသဖြင့် တိုက်ပွဲဖြစ်ပြီး ခမရ (၁၃) မှ ၄၀ ကျော်​သေဆုံးကာ ဗိုလ်ကြီးနေလင်းအောင် အပါအဝင် (၃) ဦး ဖမ်းဆီးခံရကြောင်း သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) နှင့် ၁ နာရီကြာ တိုက်ပွဲဖြစ်ပွါးပြီးနောက် စစ်​ကောင်စီ လက်အောက်ခံ (၂၀) ကျော်သေဆုံကာ တချို့မှာနီးစပ်ရာ ကျေးရွာများအတွင်းသို့ ထွက်ပြေးသွားခဲ့ကြောင်း၊ မဟာမိတ်တပ်ဖွဲ့မှ စစ်ကူတချို့ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်များတွင် ပြည်သူများကို…
Read More
Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ပြည်သူလူထု ပုံစံအမျိုးမျိုးဖြင့် ပူပေါင်းပါဝင်ရန် တိုက်တွန်း

Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ပြည်သူလူထု ပုံစံအမျိုးမျိုးဖြင့် ပူပေါင်းပါဝင်ရန် တိုက်တွန်း

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ညီနောင် မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့စတင် ဆင်နွှဲနေသည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထုတစ်ရပ်လုံး အပါအဝင် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂတစ်ယောက်ချင်စီကို များစွာကျေးဇူးတင်ရှိကြောင်း MMDAA၊ TNLA၊ AA တို့က ထုတ်ပြန်ထားသည်။ Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ဆင်နွှဲနေသည်မှာ ယနေ့ ၃ ရက်မြောက်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်စခန်း အသေးအကြီး စုစုပေါင်း ၅၀ ဝန်းကျင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်းရွှေဟော်မြို့နှင့် သိန္နီမြို့တို့ကို ထိမ်းချုပ်ထားကြောင်း သိရသည်။ (more…)
Read More
သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

သိန္နီမြို့သိမ်းတိုက်ပွဲတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များ ပါဝင်

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေးတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberaion Army - PLA တပ်ရင်းများသည် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ၏ ဦးဆောင်မှုဖြင့် အခြားမဟာမိတ်တပ်များ၊ Drone တပ်ဖွဲ့များနှင့်အတူ သိန္နီမြို့ မြို့သိမ်းတိုက်ပွဲတွင် ပူးပေါင်းပါဝင်ကာ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဆင်နွှဲလျက်ရှိကြောင်း သိရသည်။ "PLA ဟာ မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအောက်မှာ သိန္နီမြို့ တောင်ပိုင်းနဲ့ မြောက်ပိုင်းကို စီးမိထားတယ်။ တောင်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်နေဆဲဖြစ်ပါတယ်” ဟု PLA ကထုတ်ပြန်ထားသည်။ (more…)
Read More
“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

“သိန္နီ” ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ဆက်လက်တိုက်ခိုက်သိမ်းပိုက်

RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေး "Operation 1027" တတိယနေ့ ယနေ့ နံနက် ၁၁ နာရီအထိ သိန္နီ ရဲစခန်းအပါအဝင် စစ်ကောင်စိတပ် စခန်းများကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းသိရသည်။ စစ်ဆင်ရေး တတိယနေ့တွင် နောင်ချို၊ သိန္နီ၊ မိုးကုတ်၊ လားရှိုး၊ ချင်းရွှေဟော်၊ မုံးကိုးမြို့နယ်များအတွင်း၌ စစ်ကောင်စီတပ် စခန်းသိမ်း တိုက်ပွဲများကို ပြုလုပ်လျက်ရှိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ အလောင်းအမြောက်အမြားနှင့်အတူ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိပြီး စစ်သုံ့ပန်းအချို့ကိုလည်း ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားကြောင်း ညီနောင် မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

ဘုန်းကြီးကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ကျားဖြူစစ်ကြောင်းရဲဘော်များ စီးနင်းတိုက်ခိုက်

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း၊ ချောင်းဆုံ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားသည့် အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်သားများကို ယမန်နေ့ နံနက် ၅ နာရီဝန်းကျင်က ကျားဖြူစစ်ကြောင်း ရဲဘော်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ "ချောင်းဆုံဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ နေရာကို ကျ‌နော်တို့ ကျားဖြူတပ်ခွဲ ၄ အပါအဝင် ကျားဖြူစစ်ကြောင်းက ညီအစ် ကိုတွေ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်း နိုင်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားချိန် နံနက် ၁၁ နာရီထိ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီက တပ်ကြပ်ကြီး (၁)ဦး သေဆုံးကာ စကစတပ်သားတွေ ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် စရင်းအတိအကျကိုတော့ စုံစမ်းနေဆဲဖြစ်ပါတယ်"ဟု Albino Tiger…
Read More
၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

၁၀၂၇ စစ်ဆင်ရေး ပထမနေ့တွင် တအာင်းဒေသ၌ စစ်စခန်းများကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ ယမန်နေ့က စတင်လိုက်သည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ပထမနေ့က တအာင်းပြည်နယ်၊ တပ်မဟာ(၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နယ်၌ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ (၂၇) ရက်နေ့ နံနက်ပိုင်းတွင် တအာင်းတပ်မတော် PSLF/TNLA မှ စစ်ကောင်စီ၏ တပ်စခန်းများဖြစ်သော နမ့်ခမ်းမြို့နယ်ရှိ နမ့်ခမ်း-နမ့်ဖတ်ကားလမ်း (၁၃) မိုင်တပ်စခန်း၊ ၁၂-မိုင် တပ်စခန်း၊ မန်မိုင်တပ်စခန်း (မိုက်ခရိုဝိတ် တာဝါတိုင်တပ်စခန်း) တို့အား ၁၀၂၇ စစ်ဆင်ရေးစတင်သည်နှင့်တပြိုင်နက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။ အဆိုပါတိုက်ပွဲအတွင်း ရန်သူ့အလောင်း (၁၈)လောင်းနှင့် M16- ၃လက်၊ ငါးကြင်းမီး- ၁လက်၊ MA4- ၂လက်၊…
Read More
တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။ တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကွဲလွဲမှု၊ သဘောထားမတိုက်ဆိုင်မှုများရှိသည့် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၌ အဓိကဘုံအကျိုးစီးပွားများ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု အောက်တိုဘာ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ သတင်းမီဒီယာတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားထားသည်။ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၆ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏…
Read More