Tag: ရှစ်ဆယ့်ရှစ်

  • ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် ဈာပနမြင်ကွင်း

    ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် ဈာပနမြင်ကွင်း

    RNA_ဇူလိုင်(၈)၊၂၀၂၄ ခုနှစ်။
     
    အကြမ်းဖက်စစ်ကောင်စီက ကြိုးပေးကွပ်မျက်ခဲ့သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် အသက် (၇၈) နှစ်သည် ဇူလိုင် (၆) ရက်နေ့က မဲဆောက်ဆေးရုံးကြီး၌ ကွယ်လွန်ခဲ့ပြီး တောရကျောင်း၌ ဈာနပ အခမ်းအနားပြုလုပ်ကာ ယနေ့ (ဇူလိုင် ၈ ရက်) နေ့လယ်တွင် ဝပ်မုတ္ကထန်ကျောင်း သုဿာန်၌ မီးသင်္ဂြိုလ်ခဲ့သည်။
    [embedyt] https://www.youtube.com/watch?v=nOhJ10FQtLw[/embedyt]
    #RedNewsAgency

  • ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

    ရန်ကုန်မြို့လယ်မှာ “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု ပြုလုပ်

    RNA_ဩဂုတ်(၈)၊၂၀၂၃ ခုနှစ်။

    ရန်ကုန်မြို့တွင် ယနေ့ ကျရောက်သည့် (၃၅) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး “၈” လေးလုံးအရေးတော်ပုံ ထီးအနီရောင်လှုပ်ရှားမှု – Red Umbrella Movement ပြုလုပ် ပြုလုပ်ခဲ့ကြသည်။

    စစ်ကောင်စီ၏ လုံခြုံရေးအထပ်ထပ်ချထားသော ရန်ကုန်မြို့လယ်ခေါင်တွင် “၈” ဂဏန်းနှင့် “တော်လှန်မီးတောက်တွေ လောင်ကျွမ်းနေတုန်းဘဲ” စာတန်းပါ ထီးများဖြင့် ရန်ကုန်လူထုသပိတ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ထီးအနီရောင်လှုပ်ရှားမှုပြုလုပ်ခဲ့သည်ဟု ရန်ကုန်လူထုသပိတ်က ပုံများနှင့်အတူ ထုတ်ပြန်ထားသည်။

    (more…)

  • ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်မျာ

    ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်မျာ

    စစ်သားများကလည်း သေနတ်များ ပစ်ဖေါက်ကာ လူအုပ်ကြီးကို ၀င်ရောက် ဖြိုခွင်းတော့တယ်။ သေနတ်ပြောင်းနှင့် အထိုးခံရသူများ၊ ခြေနှင့် အကန်ခံရသူများ၊ အဖမ်းခံရသူများ အများအပြားရှိသလို ကလေးသူငယ်များအား နည်းရာ အိမ်များက ခေါ်ယူ ထိမ်းသိမ်းပေး ထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြ လွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံများ ဆူညံနေချိန်၊ ပန်းခွေများဖြင့် ချီတက်နေသူ ကျောင်းသူ လေးဦးမှာ သေနတ်သံများကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျောမှ သူတို့အား ပစ်မည်ဆိုလျင် သူတို့ ထိုလမ်းမကြီးပေါ်တွင် အသေခံသွားမည့် စိတ်ဓါတ်ဖြင့်

    ငြိမ်းစု

    ဒီနေ့ မနက်ဟာ ခါတိုင်းနေ့တွေနဲ့ မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ် သွားလာသူက နှစ်ယောက် သုံး ယောက်၊ လမ်းမပေါ်မှာလည်း ကား မပြောနဲ့ ဆိုက်ကားတောင် မတွေ့ရဘူး။ တမြို့လုံး တိတ်တိတ်လေး ကြေကွဲနေကြတယ်။ ဟုတ်တယ် ဒီနေ့ဟာ ဒီမြို့လေး တမြို့တည်းအတွက် ၀မ်းနည်း ကြေကွဲဘွယ် နေ့တနေ့ မဟုတ် မြန်မာ တနိုင်ငံလုံးအတွက် ဗိုလ်ချုပ်အောင်ဆန်း နဲ့ တကွ အာဇာနည်များ အသက်ပေးခဲ့ရတဲ့ ဇူလိုင် ၁၉ ရက်နေ့ဖြစ်တယ်။

    တခဏအတွင်းမှာ ခြောက်သွေ့နေတဲ့ လမ်းမကြီးပေါ်မှာ အဖြူ အစိမ်း၀တ်ထားတဲ့ ကျောင်းသားကျောင်းသူများ စုဝေးရောက် ရှိလာကြသလို၊ လမ်းဘေး ပလက်ဖေါင်းပေါ်မှာလည်း ပြည်သူတွေ ပြည့်နက်သွားတယ်။ လေးယောက်တတန်း တန်းစီထားတဲ့ ကျောင်းသားကျောင်းသူများဟာ အရာရာကို ရင်ဆိုင်ကျော်လွှားဘို့ စိတ်ပိုင်းဖြတ်ထားကြတယ်။

    ရှေ့ဆုံးမှာ ပန်းခွေ နှစ်ခွေကို ကိုင်ဆောင်ထားတဲ့ အလယ်တန်း ကျောင်းသူကလေး လေးဦး၊ သူတို့နောက်မှာတော့ မူလတန်း ကျောင်းသားကျောင်းသူလေးများက စလို့ အလယ်တန်း အထက်တန်းနှင့် ကောလိပ် ကျောင်းသားကျောင်းသူများ အဆုံးပေါ့။ အားလုံးရဲ့ ထိပ်ဆုံးမှာတော့ သတ်ရင်လည်း အသေခံ၊ ဖမ်းရင်လည်း အဖမ်းခံပြီး မိမိတို့ လိုရာခရီး အတွက် ရင်ဆိုင်ဖြေရှင်းမယ့် ကျောင်းသားတယောက် သူ့လက်ထဲမှာက ဗိုလ်ခင်ညွန့်ရဲ့ အာဇာနည်များအား လွတ်လပ်စွာ ဂါရ၀ ပြုခွင့် ပြုသည်ဟူသော တရား၀င်ထုတ်ပြန်ချက်ပါသည့် သတင်းစာ တစောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတယ်။

    (more…)