Tag: မုံရွာမြို့နယ်

  • မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တပ်စိတ်မှူး ရဲဘော်ဇော်ထူးအောင် ချောင်းဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံး

    မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တပ်စိတ်မှူး ရဲဘော်ဇော်ထူးအောင် ချောင်းဦးမြို့နယ်အတွင်း တိုက်ပွဲတွင် ကျဆုံး

    RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။

    အနောက်မြောက်လွင်ပြင်တော်လှန်ရေးအင်အားစု၊ မုံရွာခရိုင်တပ်ရင်း (၂) တပ်ခွဲ (၃) တွင် တာဝန်ထမ်းဆောင်လျက်ရှိသော တပ်စိတ်မှူးအဆင့်ရှိသူ ရဲဘော် ပိန်သေး (ခ) ဇော်ထူးအောင်သည်် ချောင်းဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့်တိုက်ပွဲအတွင်း ဇူလိုင်လ (၈) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။

    #RedNewsAgency

  • တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    တနောင်းတောတောင်ရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း သက်ကြီးရွယ်အို (၃) ဦး သေဆုံး

    RNA_မတ်(၁၆)၊၂၀၂၃ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတော တောင်ရွာအတွင်း စီးနင်းဝင်ရောက်ပြီး ကျေးရွာကို မီးရှို့ဖျက်ဆီးမှုအတွင်း ပိတ်မိကာ သက်ကြီးရွယ်အို (၃) ဦး မီးလောင်မှုအတွင်း ပိတ်မိကာ သေဆုံးခဲ့ကြောင်း သိရသည်။

    မုံရွာ-မန္တလေးအမြန်လမ်းရှိ မြေနဲကျေးရွာအဝင် စွမ်းရည်ထက်ဆီဆိုင်တွင် တပ်စွဲထားသော စစ်ကောင်စီတပ် အင်အင်း (၃၀) ခန့်ရှိ စစ်ကြောင်းက ‌သေနတ်များပစ်ခတ်ကာ ကျေးရွာအတွင်း စီးနင်းပြီး မတ်လ (၁၅) ရက်နေ့ နံနက်က ဝင်ရောက်ပြီး (၇) နာရီမှစတင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြခြင်း ဖြစ်သည်ဟု မုံရွာ – အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    (more…)

  • သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

    သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်းသိမ်းနိုင်

    သေနတ်အစစ်ရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိ

    RNA_မတ်လ(၃)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်တို့က အညာသား မြင်းခြံသားတွေ စကားပြောရင်ပြတ်တယ်၊ လုပ်ရင်လည်းကျွန်တော်တို့က ရိုးရိုးရှင်းရှင်းလေးပဲ ဘာမှဂရုမစိုက်ဘူး ကျွန်တော်တို့ကလုပ်တယ်။ ကျွန်တော်တို့ လက်လုပ်နဲ့တိုက်တယ်” ဟု လက်လုပ်သေနတ်များ၊ ပခုံးထမ်းများဖြင့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့်မြို့ပေါ်အထိ တိုက်ပွဲဆင်နွှဲနေသည့် မြင်းခြံ Black Tiger အနေဖြင့် သေနတ်အစစ်များရှိပါက စစ်ကောင်စီစခန်းကို မိနစ်ပိုင်းအတွင်း သိမ်းနိုင်သည့်အနေအထားရှိသည်ဟု အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

    [embedyt] https://www.youtube.com/watch?v=2rDsy-w8SY8[/embedyt]

    “ကျွန်တော်တို့ မြင်းခြံ Black Tiger ကထွက်တဲ့ ပခုံးထမ်းနဲ့တိုက်တယ်၊ ပွင့်ပွင့်လင်းလင်းပြောမယ်ဆို ကျွန်တော်တို့ ဒီပခုံးထမ်းအားကိုးနဲ့ ကျွန်တော်တို့ မြို့ထဲထိ တက်တိုက်တယ်၊ အစစ်တလက်မှမရှိဘူး တိုက်တယ်၊ ကျွန်တော်တို့က ရိုးရှင်းတယ်၊ စစ်ကောင်စီစစ်ကြောင်းလဲတိုက်ဖို့ ကျွန်တော်တို့က ပြင်ဆင်ပြီးသား Ready ပြင်ဆင်ပြီးသား ကျွန်တော်တို့အဖွဲ့ရဲ့ သုံးပုံပုံ တပုံမှာ တိုင်းရင်းသားလက်နက်ကိုင်ဆီမှာ ပညာသင်ကြားထားတယ်။ ကျွန်တော်တို့ တိုက်ခိုက်ရေးအားသာတယ် ကျွန်တော်တို့တွေတိုက်တယ်၊ အစစ်ရရင်တော့ ကျွန်တော်တို့ သူတို့ရဲ့စခန်းတွေကိုတောင် မိနစ်ပိုင်းအတွင်း သိမ်းနိုင်တဲ့ အနေအထားတွေ ကျွန်တော်တို့မှာ ရှိပါတယ်ဗျ” ဟု Myingyan Black Tiger အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

    Red News Agency