အောင်သာပျူရွာ တိုက်ပွဲတွင် လက်နက်ခဲယမ်းများနှင့်အတူ စစ်သုံ့ပန်း (၁၀) ဦးဖမ်းဆီးရမိ

RNA_ဇူလိုင်(၁၇)၊၂၀၂၄ ခုနှစ်။
 
မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘဲကြီးကျေးရွာအုပ်စု အောင်သာပျူရွာ (မြစ်ခြေမြို့အနီး) ကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက ယနေ့ နံနက် (၅) နာရီ ၁၀ မိနစ်ဝန်းကျင်က ဝင်ရောက်စီးနင်း တိုက်ခဲ့ရာ လက်နက်ခဲယမ်းများနှင့်အတူ စစ်ကောင်စီလက်အောက် စစ်သုံ့ပန်း (၁၀) ဦီးဖမ်းဆီးရမိခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF ထံမှ သိရသည်။
 
အောင်သာကျေးရွာ အခြေစိုက် ပျူစခန်းနှင့်ပျူများ တပ်စွဲရာနေရာများကို ဝင်ရောက်စီးနင်းတိုက်ခိုက်သည့်တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၃ လက်၊ ဘီအေ ၆၃ အမျိုးအစား သေနတ် ၄ လက်၊ ရှော့ဂန်းသေနတ် ၁ လက်၊ ဝင်ချက်စတာ သေနတ် ၁ လက်၊ ၄၀ မမ ဗုံးပစ်လောင်ချာ ၁လက်၊ လက်ပစ်ဗုံး ၁ လုံး ၊ ကျည်မျိုးစုံ ၃၀၀ ဝန်းကျင် သိမ်းဆည်းရမိမှုနှင့်အတူ သုံ့ပန်း (၁၀) ဦး ဖမ်းဆီးရမိကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (၅) ဦးထက်မနည်းသေဆုံးသည်ဟု သိရသည်။

အောင်သာပျူရွာ စစ်စခန်းသိမ်းတိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး ( PRF)အပါဝင် ပြည်သူ့ ဒီမိုကရက်တစ်တပ်တော် (PDA)၊ ABSDF အမှတ်(၃)စစ်ကြောင်း၊ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA)-(အမှတ် ၈၁၅တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ဒေသခံ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါက်မြို့နယ်၊ BLY ပြည်သူကာကွယ်ရေးအဖွဲ့၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူမြို့နယ်စုဖွဲ့မှုတပ်ရင်းတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ််သည်ဟုPRF ကကြေညာထားသည်။
 
#RedNewsAgency
By Editor