ရဲဘော်မြင့်မြတ်ဦး

ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး

ဗကသများအဖွဲ့ချုပ်ဝင် ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စ အမြန်ဆုံးဖြေရှင်းပေးရန် NUG ကိုနောက်ဆုံးအကြိမ် တောင်းဆိုသတိပေး

RNA_ဇူလိုင်(၁၀)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင်နေထိုင်သော ဝက်လက်မြို့နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်) ရွာပြင်သုဿာန်မှ အင်တာနက်သုံးပြီး အိမ်ပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ် သတ်ခံရမှုနှင့်ပတ်သက်ပြီး NUG ကို ဗကသများအဖွဲ့ချုပ်က နောက်ဆုံးအကြိမ် တောင်းဆိုအသိပေး အိတ်ဖွင့်ပေးစာ ပို့ထားသည်။ အမျိုးသားညီညွတ်ရေး အစိုးရ- NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးများ အမြန်ဆုံးတွေ့ဆုံ စကားပြောဖြေရှင်းပေးရန် ဗကသများအဖွဲ့ချုပ်က တောင်းဆိုထားပြီး၊ ရဲဘော်မြင့်မြတ်ဦး သတ်ခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်သည့် ကြေညာချက်ကိုလည်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More