Tag: SAF

  • ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ

    ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့်နှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ကျင်းပ

    RNA_ဧပြီ(၂၇)၊၂၀၂၅ခုနှစ်။

    ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် (၄) နှစ်ပြည့် တပ်တော်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် မွမ်းမံသင်တန်းဆင်း လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို တပ်တော်၏ ဗဟိုဌာနချုပ်နယ်မြေတွင် ယနေ့ ပြုလုပ်ကျင်းပခဲ့သည်။

    (more…)

  • ၂၀၂၅ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက် ရှိသည်ဟု SAF ထုတ်ပြန်

    ၂၀၂၅ ခုနှစ်တွင် မြန်မာပြည်အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက် ရှိသည်ဟု SAF ထုတ်ပြန်

    RNA_ဇန်နဝါရီ(၁)၊၂၀၂၅ခုနှစ်။

    ၂၀၂၅ ခုနှစ်သည် တောင်တန်းဒေသမှ မြေပြန်ဒေသများဆီသို့ တော်လှန်စစ်ကို ဝတ်နှုန်ကူးလာရမည့် နှစ်တစ်နှစ်ဖြစ်ပြီး၊ မြန်မာပြည် အလယ်ပိုင်း ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်အတွက် ဝတ်မှုန်ကူးသယ်ဆောင်လာမည်ဟု ကျောင်းသားလက်ရုံးတပ်တော် -SAF ကထုတ်ပြန်ထားသည်။

    (more…)

  • ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

    ၂၀၂၅ ခုနှစ်အတွင်း အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန်လိုအပ်

    RNA_ဒီဇင်ဘာ(၂၄)၂၀၂၄ ခုနှစ်။
     
    ၂၀၂၅ ခုနှစ်သည် စစ်ရေးအရ အားသွန်ခွန်စိုက်လုပ်ကြရမည့်နှစ်ဖြစ်ပြီး၊ စစ်ကောင်စီမှ နိုင်ငံရေးအသာစီးရမသွားရန် စစ်ရေးအသာစီးရနေရန်လိုအပ်ကြောင်းနှင့် အညာဒေသနှင့် အခြားဒေသများတွင် အပြီးသတ်တိုက်ပွဲများဖော်ဆောင်ရန် လိုအပ်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=Wj-Wd3MU5QE[/embedyt]
     
    #RedNewsAgency #REDNEWS #RNA #AhNyar
  • စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

    စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရန်အတွက် စစ်အနိုင်တိုက်ရမည်

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန်အတွက် စစ်ရေးနည်းလမ်းမှလွဲပြီး မရှိတော့ကြောင်း၊ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရန်အတွက် စစ်ရေးနည်းလမ်းမှလွဲ၍ တနည်းအားဖြင့် စစ်အနိုင်တိုက်ရေးနှင့် လူထုအာဏာတည်ဆောက်ရေးမှလွဲပြီး မရှိတော့ကြောင်း ယုံကြည်သည်ဟု ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=sR50YI7TKTI[/embedyt]

    #RedNewsAgency #RedNews

  • အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

    RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

    (more…)

  • လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

    လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ

    လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံလို့မရ
     
    RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။
     
    SAF တပ်ဖွဲ့၏ စစ်ရေးပြင်ဆင်ထားမှုနှင့် ၂၀၂၅ အတွင်း ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ စစ်ရေးအရ စစ်ကောင်စီကို အသာစီးရထားမှသာ နိုင်ငံရေးအရ အသာစီးရမသွားနိုင်ကြောင်း၊ ပြည်သူများ၏ လိုလားချက်သည် စစ်တိုက်မှရမည်ဆိုပါက တိုက်ကြရမည်ဖြစ်ပြီး လက်နက်ကိုင်တော်လှန်ရေးကို အပျော်ကြံ၍မရဟု Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က Red News Agency နှင့် မေးမြန်းခန်းတွင် ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=tSJh9aRTtn0[/embedyt]
    #RedNewsAgency #REDNEWS #RNA #revolution #democracy #Federal