ကလေးမြို့နယ်

Major Operation အတွင်း စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

Major Operation အတွင်း စစ်ကောင်စီတပ်စခန်းများ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိ

RNA_ဧပြီ(၁၆)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းနှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းအစပ်တွင် CDF-KKG မှ Major Operation အဖြစ် ပြုလုပ်သည့် စစ်ရေးဖော်ဆောင်မှုများအတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့သည်ဟု ယနေ့ ABSDF အမှတ် (၃) စစ်ကြောင်းက ထုတ်ပြန်ထားသည်။ CDF-KKG Major Operation စတင်သည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ကလေးမြို့နယ်တောင်ပိုင်းရှီ ကမ်းပါးနီ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခဲ့ပြီး၊ ဖေဖော်ရီလ ၁၅ ရက်နေ့တွင်လည်း ကလေးမြို့နယ်နှင့် ဂန့်ဂေါမြို့နယ်အကြားရှိ မှန်တောရွာနှင့် အောင်သာယာ (အနောက်)ရွာရှိ စစ်ကောင်စီ ခြေကုတ်ယူထားသည့် စစ်စခန်းများအား သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဧပြီလ ၁၁…
Read More
စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

စစ်ဘေးရှောင်စခန်းလေကြောင်းတိုက်ခိုက်ခံရမှု မိသားစုဝင် (၅) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ကိုယ်ဝန်သည်မိခင်နှင့်ရင်သွေးအပြင် သားယောက်ျားလေးတစ်ဦး၊ သမီးနှစ်ဦး စုစုပေါင်း မိသားစုဝင် (၅) ဦးသေဆုံးခဲ့ရသည်ဟု ကလေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှ ကထိက/ဌာနမှူး CDM ဆရာမ ဒေါ်ရတီအုန်းက ဖြစ်စဉ်ကို ပြောပြထားသည်။ (more…)
Read More
ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

ခလရ ၂၆၈ လက်အောက်ခံ ထင်းရှူးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေး

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့အခြေစိုက် ခလရ ၂၆၈ လက်အောက်ခံ ထင်းရှုးစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွါထွက်ပြေးသည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် လူသားဒိုင်းကာအဖြစ် အသုံးချနိုင်သောကြောင့် ဖလမ်း-ကလေးလမ်းမကြီးအား လုံးဝအသုံးမပြုရန် Chin National Organizationမှ ယနေ့ နံနက်တွင် သတိပေးထားသည်။ Operation 1027 မှအစပြုပြီး ပြည်ထောင်စုတဝန်းလုံး စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများကို ကြိုဆိုထောက်ခံသောအားဖြင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့- CNDF အနေဖြင့် CNDF Special Operation (အထူးစစ်ဆင်ရေး) ကိုမဟာဗျူဟာကျကျရေးဆွဲပြီး စခန်းသိမ်းတိုက်ပွဲများကို မဟာမိတ်များနှင့်ပူးပေါင်းကာ ဖော်ဆောင်နေသည်။ (more…)
Read More
ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေ၊ အများအပြား ဒဏ်ရာရ 

RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာ၊ နန်းသိုင်းရေနံမှော်ဘက်မှသွားသော စစ်ကောင်စီတပ် စစ်ကြောင်း (၁၀၀)ခန့်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး) တပ်ရင်း(၆)တို့ ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ဝန်းကျင်ကစတင်ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်ကြောင်းမှူးဗိုလ်ကြီးအပါအဝင် (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲအတွင်းရောက်ရှိနေသော စစ်ဘေးရှောင်ပြည်သူများကို ပြည်သူ့ကာကွယ်ရေးတပ်သားများက ဘေးလွတ်ရာပို့ဆောင်ပေးရင်း စကစများကို တိုက်ခိုက်ခဲ့ရာ နေ့လယ်(၁:၃၀) အချိန်ခန့်တွင် စကစစစ်ကြောင်းမှူး ဗိုလ်ကြီး (ဗိုလ်မူးကော်မရှင်စား) (၁) ဦး၊ စက်လက်ပစ်ခတ်သူ (၁) ဦးနှင့်တပ်သား (၁) ဦးတို့ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ့ပြီး စကစတပ်သားအများအပြား မိုင်းထိကာ သေဆုံးဒဏ်ရာရခဲ့သည်"ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ Red News…
Read More
စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်ကာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ) က ရဲဘော် (၂) ဦးကျဆုံးခဲ့ရပြီး PDF ( Kalay) မှ (၁) ဦး၊ CNDF မှ (၁) ဦး၊ ပ.က.ဖ မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာ အထက်တန်းကျောင်းနှင့် အောင်ဆုပန် ဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၂၆ ရက်…
Read More
နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

တိုက်ပွဲပြင်းထန်သည့် နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့ RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် (၁၀) ဝန်းကျင်က နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းအသုံးတိုက်ခိုက်ခဲ့ပြီး နတ်ချောင်းကျေးရွာနေအိမ်တချို့ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။ Photo: CJ Red News Agency
Read More
ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

ကလေးမြို့‌တောင်ဘတ် တိုက်ပွဲမှာ ကျသွားသည့် ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပန

RNA- နိုဝင်ဘာ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ ကလေးမြို့ တောင်ဘတ် မိုင် ၂၀ ဝန်းကျင်အကွာက နတ်ချောင်း နတ်မြောင်း၊ သာစည်၊ချောင်းခွ စသည့်ရွာအနီးတဝိုက်တွင် နိုဝင်ဘာလ ၃ ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်သွားရာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကလေးတပ်ရင်း(၇)၊ တပ်ခွဲ ( ၁ ) က ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် (အသက်၂၇နှစ်) ကျဆုံးသွားခဲ့သည်။ ပြည်သူ‌တွေအတွက် တိုက်ပွဲမှာ အသက်ပေးခဲ့သည့် သူရဲကောင်း ဒုတပ်ခွဲမှူး ကိုအောင်လင်းနိုင် ဈာပနကို ရဲဘော်ရဲဘက်များ၊ ပြည်သူများက ယနေ့မှာ ပြုလုပ်ခဲ့သည်။Red News Agency
Read More