Tag: စစ်ကိုင်း

  • တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ

    တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ

    RNA_ဧပြီ(၂၈)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး တစ်လပြည့်ပြီဖြစ်သော်လည်း ငလျင်အသေးစားများ ထပ်မံလှုပ်ခတ်မှုအပြင် အင်းအားပြင်းငလျင်လှုတ်ခတ်ခဲ့သည့်အချိန်က ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများစသည့် ဒုက္ခများသည် ယနေ့အထိ ဆက်လက်ခံစားနေကြရသည်။

    ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်၌ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အလွန်အင်အားပြင်း ရစ်ချ်တာစကေး ၇ ဒသမ ၇ ပမာဏရှိ ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအမွေအနှစ်များ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လူနေအဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး ဧပြီလ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၀၀၀ ဝန်းကျင် ရှိခဲ့သည်။

    (more…)

  • ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။

    အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း၊ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့၏ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အသင့်အတင့် အင်အားပြင်းသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်ဟု NUG က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ချိတ်ဆက်လာသည့်အတွက် သံမဏီတပ်ဖွဲ့မှ ကယ်ထုတ်

    စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦး ချိတ်ဆက်လာသည့်အတွက် သံမဏီတပ်ဖွဲ့မှ ကယ်ထုတ်

    RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၅ သင်တန်းဆင်း တပ်သား ၁ ဦးသည် မုံရွာခရိုင်အမှတ် ၂၅ တပ်ရင်း – သံမဏိ Force – MPDF Battalionမှ အစ်ကိုဖြစ်သူထံ ဆက်သွယ်လာသည့်အတွက် သွားရောက်ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

    “စစ်ကိုင်းနဲ့ မြင်းမူကြားက နုံးတောဂိတ်မှာ တာဝန်ချတဲ့အချိန် သွားခေါ်ထုတ်ခဲ့ရတာ၊ ကျနော်တို့ တပ်ရင်းထဲမှာက သူ့အစ်ကိုရှိတာကိုး၊ သူ့အစ်ကိုကို ချိတ်ဆက်လာတဲ့အချိန်မှာ ညတွင်း ချင်းသွား ထုတ်တာ၊ သူ့ကို ရွှေဘို၊ ကျောက်မြောင်းပို့ဖို့က လမ်းကြောင်းမကောင်းတော့ ပို့မရလို့ နုံးတောမှာ တာဝန်ချထားတဲ့အချိန် ရအောင်ခေါ်ထုတ်လိုက်တာ။” ဟု သံမဏိ Force မှ ဒုတပ်ရင်းမှူးက ပြောကြားထားသည်။
    (more…)

  • ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

    ပကဖ အဖွဲ့ဝင်တဦး ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် ဒေသခံများလက်မခံ

    RNA_မေ(၆)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ – ပကဖ အဖွဲ့ဝင်တဦးက ပြည်သူကို သေနတ်ဖြင့်ချိန်သည့်လုပ်ရပ် လက်မခံနိုင်ကြောင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိရောက်စွာအရေးယူသင့်ကြောင်း ဒေသခံများက ပြောကြားထားသည်။

    ၂၀၂၄ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ညက ရွှေဘိုမြို့နယ် ကျေးရွာတရွာတွင် ပကဖ အဖွဲ့ဝင်တဦးက ပြည်သူတစ်ဦးကို မောင်းတင်ပြီး ပြည်သူကို သေနတ်ဖြင့်ချိန်ရွယ်ခဲ့သည့်အတွက် ကျေးရွာနေပြည်သူများက လက်မခံနိုင်သည့်အတွက် လူစုလူဝေးဖြင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့သည်။

    “ပြည်သူ့ အထက်မှာနေတာတွေကိုမပြောလိုပေမယ့် ​သေနတ်ပြောင်းတွေ ပြည်သူ့ခေါင်းကို လှည့်လာတာတွေကတော့ အရေးယူ တားဆီးသင့်ပါတယ်။တိုက်နယ် ပကဖတာဝန်ခံကို ပအဖကနေတစ်ဆင့် အကြောင်းကြားပေးမယ်ပြောပေမယ့် အခုချိန်ထိဘာသတင်းမှမကြားသေးပါဘူး။ အချိန်ခံရတဲ့ပြည်သူတွေသာ အနေအထိုင်ဆင်ခြင်နေရတာပါ။” ဟု ဒေသခံတဦးက ပြောသည်။

    (more…)

  • စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

    စခန်းသိမ်းတိုက်ပွဲများနဲ့ တန်ပြန်ထိုးစစ်ဆင်တိုက်ပွဲများ အညာမှာ မကြာခင် စတော့မယ်

    RAN_ဒီဇင်ဘာ(၂)၊၂၀၂၃ခုနှစ်။

    “လက်နက်ခဲယမ်းနည်းပါးနေတဲ့ မပြည့်စုံတဲ့လက်လုပ်တွေနဲ့ တိုက်နေရတဲ့အညာဒေသမှာလည်း ကျွန်တော်တို့ နိုင်တဲ့ဘက်က ကျွန်တော်တို့ လုပ်ဆောင်နိုင်တာထက်ပိုပြီး​တော့ အစွမ်းကုန် ကျွန်တော်တို့ ကြိုးစားပြီးတော့ ဒီစကစတပ်သားတွေကို အမြစ်ပြတ်တိုက်ထုတ်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ ခုခံစစ်ကနေတဆင့် တန်ပြန်တိုက်စစ် တန်ပြန်တိုက်စစ်ကနေတဆင့် ကျွန်တော်တို့ အခုဆိုရင် စခန်းသိမ်းတိုက်ပွဲတွေ ဒီကောင်တွေကို တန်ပြန်ထိုးစစ်မဲ့ ထိုးစစ်ဆင်တိုက်ပွဲတွေ ကျွန်တော်တို့ အညာမှာ မကြာခင် စတော့မှာ ဖြစ်ပါတယ်” ဟု Myingyan Black Tiger (MBT) အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=HVMrDNeCLLo[/embedyt]

    #RedNewsAgency

  • “သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

    “သေနတ်ကိုင်တိုက် ဓားကိုင်ဖိုက်မဲ့ ၅/” ဟုဆိုကာ ကျေးရွာအတွင်း လှည့်လည်ဆန္ဒပြ

    RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
    ဒေသခံပြည်သူများဖြစ်သည့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများမှ မိဘပြည်သူများနှင့် ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီတို့ ပူးပေါင်းကာ စစ်ကောင်စီတပ်စစ်ကြောင်းများအန္တရယ်ကြားမှ ခက်ခက်ခဲခဲ လူထုအင်အားဖြင့် “၅/ဆိုတာ သေနက်ကိုင်တိုက်မယ် ဓားကိုင်ဖိုက်မယ်” ဟုဆိုကာ ယနေ့ ညနေပိုင်းက ဆန္ဒပြခဲ့ကြသည်။

    (more…)

  • ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

    ငလျင်ကြောင့် မင်းကွန်းမြသိန်းတန်စေတီကြီးအပါအဝင် ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ပြီး ဘုရားစိန်ဖူးတော်များ မြေခ

    RNA-ဒီဇင်ဘာ ၁၅၊ ၂၀၂၂ ခုနှစ်။
     
    မန္တလေးတိုင်းဒေသကြီး၊တံတားဦးမြို့အနီး ဗဟိုပြု လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် စစ်ကိုင်းမြို့ မင်းကွန်းမြသိန်းတန်စေတီနှင့် မင်းကွန်းပုထိုးတော်ကြီးရှိ ခြင်္သေ့ကြီးအပါအဝင် ဘုရားစေတီ ရှေးဟောင်း အဆောက်ဦအချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

    စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ် ခိုင်မာသူများဖြစ်သည့်အတွက် ကာကွယ်ရေးတပ်‌တွေကို အဖိုးတန်ရတနာများ လှူဒါန်း 

    RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းစသည့်ဒေသမှ အညာလူထုသည် စစ်အာဏာရှင်ကို ရွံရှာမုန်းတီးပြီး ပြည်ချစ်စိတ်ခိုင်မာနေသည့်အတွက် ဒေသခံကာကွယ်ရေး တော်လှန်ရေးရဲဘော်များကို အညာလူထုတန်ဖိုးထားသည့် လက်ဝတ်ရတနာများကို ချွတ်ကာ လှူဒါန်းနေကြကြောင်း သိရသည်။

    အညာလူထု တန်ဖိုးထားသည့် လက်ဝတ်ရတနာများကို စက်တင်ဘာလ ၁၇ ရက်နေ့က လူငယ်သူရဲကောင်းတပ်(YRF)ကို ပြည်သူများက လှူဒါန်းခဲ့ကြောင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်စစ်ကြောင်းမှ ပြည်သူများကလည်း။ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များအတွက် ရွှေနားကပ်၊ ရွှေလက်စွပ်များကို လှူဒါန်းခဲ့ကြောင်း သိရသည်။

    (more…)

  • ပထမဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အခြေအနေ

    ပထမဆုံး လွတ်မြောက်နယ်မြေ ဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်း အခြေအနေ

    RNA_ဇန်နဝါရီ ၁၂ ရက်၊ ၂၀၂၂ ခုနှစ်။

    ပြည်တွင်း ပြည်ပ ပြည်သူများ ခန့်မှန်းထားသည့် နွေဦးတော်လှန်ရေးမှာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာနိုင်သည့် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်သည် ပထမဆုံး ဖွတ်ဖွတ်ညတ်ညတ်ကြေသည့် နေရာ ဖြစ်လာနိုင်ကြောင်း လက်တလော အခြေအနေများကို အင်အား ( ၃) ထောင်ကျော်နှင့် စစ်ကောင်စီတပ်ကို တော်လှန်နေသည့် ပြည်သူ့တော်လှန်ရေးတပ်မတော် ( People Revolution Army – PRA)မှ ဗိုလ်ဂျပန်က ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=gDbcshxuPaA[/embedyt]

    Red News Agency

  • NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

    NUG အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းမှာ အခြေခံပညာ ကျောင်းတွေဖွင့်ဖို့ပြင်နေ 

    RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    နွေ‌ဦးတော်လှန်ရေးကာလ ခုခံစစ် ပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းတွင် NUG အစီအစဉ်ဖြင့် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ်ဖို့ ပြင်ဆင်နေကြောင်း သိရသည်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်း၊ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ ကလေး ၊ မြောင်စသည့် မြို့နယ်များတွင် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပြင်းပြင်ထန်ထန် တိုက်ခိုက်သည့်အတွက် စစ်အုပ်ချုပ်ရေးမှာ နေရာတိုင်း မသက်ရောက်တော့ကြောင်း၊ ယခင်က ဆိုင်ကယ်ဖြင့် (၁) နာရီ ခရီးကြာသည့် နေရာကို စစ်ကောင်စီတပ် စစ်ကြောင်းများ (၃) ကြောင်းခွဲကာ ၄ ရက်ခရီး သွားနေရကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှာ ကျေးရွာအလိုက်၊ မြို့နယ်အလိုက်စသည့် အဖွဲ့အစည်းများစွာရှိကြောင်း သိရသည်။

    နွေဦးတော်လှန်ရေးကာလ စစ်ကိုင်းတိုင်းသည် အခြားတိုင်းများနှင့်ယှဉ်ပါက လက်နက်ကိုင်တော်လှန်ရေးကို အင်အားအများအပြားဖြင့် အောင်မြင်စွာ တိုက်နိုင်သည့် အနေအထားဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များကလည်း လက်လုပ်သေနတ်များမှာ အဆင့်မြင့်မြင့်တီထွင်လာနိုင်ကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခြင်း၊ ရိက္ခာပို့ခြင်း၊ မသာသယ်ခြင်း၊ လူပို့ခြင်းများ ပြုလုပ်နေရကြောင်း သိရသည်။

    ဓာတ်ပုံ: ယနေ့ ကျောင်းဖွင့်ရန် ပြင်ဆင်နေမှု ကးမြင်ကွင်း 

    Red News Agency