Tag: လားရှိုးမြို့နယ်
-

တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ
RNA_ဧပြီ(၂၇)၊၂၀၂၅ခုနှစ်။“ပြင်ဦးလွင်တပ်နယ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်က လားရှိုးမြို့အတွင်း တပ်နေရာချရေးကိစ္စမှာ တရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တပ်တွင်းမကျေနပ်မှုများ ဖြစ်ပေါ်တာကြောင့် တရုတ်မကောင်းကြောင်းမပြောရန်နဲ့ ကျေးဇူးရှင်ကို စော်ကားမှုမပြုလုပ်ရန် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်”#RedNewsAgecny #RedNews #RNA -

နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော
RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။
လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး တစ်ပတ်အကြာတွင် ဖွင့်လှစ်နိုင်ခဲ့သော ဆေးရုံးဝန်ထမ်းများနှင့် MNDAA တို့သည် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြည်လည်ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟု အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူက ပြောသည်။
ဆေးရုံပိတ်ရင်နှင့် စစ်ကောင်စီပြန်လည်တာဝန်ယူသည့်အချိန်က တစ်ပတ်လောက်ကွာနေသည့်အတွက် အရေးတကြီးလိုအပ်သည့် ကျောက်ကပ်ဆေးစက်အပါအဝင် စက်ပစ္စည်း၊ ဆေးဝါး ၂၀ ရာခိုင်နှုန်းသည်ယူပြီး သိန္နီဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့သည့်အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ မဖြစ်မနေ ထားခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု စသဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ ပြောစကားများကို ကိုးကန့်သတင်းကွန်ရက်တွင် ယနေ့ ဖော်ပြထားသည်။ (more…)
-

တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ
“အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ”
ပင်လယ်သူ
လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။
ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ သိမယ်ထင်ပါတယ်။ ဘာလို့လည်းဆိုရင် ရှမ်းမြောက်တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အရည်အချင်းမရှိ၊ သူရဲဘော ကြောင်ခဲ့တဲ့အတွက် စစ်သုံ့ပန်းများစွာ ဖမ်းဆီးခံခဲ့ကြရတယ်။ လက်နက်ခဲယမ်းတွေဟာ လားရှိုးမြို့နှင့်အတူ ဒကစ ခြောက်ခုထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ လောက်ကိုင်ဒကစကိုပါ လက်လွှတ်လိုက်ရတဲ့အတွက် ရုံးထိုင်စရာပါပျောက်သွားရတဲ့အထိ ဖြစ်သွားရတဲ့ဖြစ်စဉ်ဟာ မင်းအောင်လှိုင် လက်ထက်မှာ သမိုင်းဆိုးနဲ့ ကျန်ခဲ့မဲ့ စစ်တပ်ဖြစ်ပါတယ်။

အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ။ ပြန်လည်တိုက်ယူနိုင်စွမ်း မရှိတဲ့အတွက် ရှေ့ပိုင်းမှာ တရုတ်အကူအညီနဲ့ ညီနောင်မဟာမိတ်များကို စစ်ကောင်စီဟာ အကြိမ်ကြိမ်အခါခါဆွေးနွေးခဲ့ရတာပါ။ ဒီဆွေးနွေးပွဲတွေမှာလည်း ညီနောင်မဟာမိတ်တွေက အမြဲအသာစီးရခဲ့လို့ စစ်တပ်လိုချင်တာ တခုမှမအောင်မြင်ခဲ့တဲ့ ဆေးနွေးပွဲတွေဆိုတာ အားလုံးအသိဖြစ်တယ်။ -

တပ်ရင်းအလိုက် အသေခံကာကွယ်ခဲ့သည့် မိုင်းကျက်တပ်စခန်းကို TNLA သိမ်းပိုက်
RNA_နိုဝင်ဘာ(၂၄)၊၂၀၂၃ခုနှစ်။စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးပါအသုံးပြု တိုက်ခိုက်ခဲ့သည့်အပြင် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ကူနှင့်အတူ တပ်အရင်းအလိုက် အသေခံတိုက်ခိုက်ခိုင်းထားသည့် လားရှိုးမြို့နယ် စစ်ကောင်စီတပ်မိုင်းကျက် တပ်စခန်းကို TNLA တပ်ဖွဲ့က နိုဝင်ဘာလ ၂၃ ရက်နေ့ ည ၁၂ နာရီဝန်းကျင်က သိမ်းပိုက်ပြီး ဝင်ရောက်လင်းရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။[embedyt] https://www.youtube.com/watch?v=oBja574xcOQ[/embedyt]ညီနောင်မဟာမိတ်များ ၁၀၂၇ စစ်ဆင်ရေးစတင်သည့် နိုဝင်ဘာ ၂၇ ရက်နေ့ကတည်းက တအာင်းတပ်မတော် PSLF/TNLA ဦးဆောင်ပြီး မိုင်းကျက်စခန်းကို တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းကျက်စစ်ကောင်စီတပ်စခန်းသည် စစ်ရေးအရ အလွန်အရေးပါသည့် နေရာဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲအတွင်း ဟောင်ဝစ်ဇာ ၂လက်အပါအဝင် လက်နက်ခဲယမ်းများနှင့် စစ်သုံ့ပန်းအချို့ဖမ်းဆီးရမိကြောင်း သိရသည်။#RedNewsAgency -

“ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့ကို အပြီးသတ်ထိမ်းချုပ်နိုင်ပြီး သိန္နီမြို့ကိုလည်း ထိန်းချုပ်ထား
RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။
ညီနောင်မဟာမိတ် (၃) ဖွဲ့၏ Operation 1027 (၁၀၂၇ စစ်ဆင်ရေး)သည် ယနေ့ ၅ ရက်မြောက်နေ့အတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းမှ အဓိကမြို့များထဲမှ “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီး၊ သိန္နီမြို့ကိုလည်း ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရသည်။

Photo : The Kokang ၁၀၂၇ စစ်ဆင်ရေး နှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိနေရကြောင်း၊ ယနေ့တွင်လည်း လားရှိုးနှင့် သိန္နီမြို့နယ်ကြား စစ်ကောင်စီ၏ “မိုင်းပါးတပ်စခန်း” ကို အပြီးသတ်ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ AA နှင့် KIA တို့ ပူးပေါင်းပြီး နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ “ခလရ (၃၂၄)” အား အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း စသဖြင့် စစ်ရေးသတင်းများနှင့် ပတ်သက်ပြီး ယနေ့ ညနေပိုင်းတွင် ညီနောက်မဟာမိတ် ၃ ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Photo : The Kokang -

မိုင်းပါးတပ်စခန်းရှိ စစ်ကောင်စီတပ်သားများအားလုံး ထွက်ပြေး
RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်၏ မိုင်းပါးတပ်စခန်းကို အောက်တိုဘာလ ၃၀ ရက်နေ့ညပိုင်းက ၁၀၂၇ စစ်ဆင်ရေးအဖြစ် တအာင်းတပ်မတော် PSLF/TNLA မှ အနီးကပ် ထိုးစစ်ဆင်ပြီးနောက် ညသန်းခေါင်အချိန်တွင် စခန်းတခုလုံး စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ယနေ့ နံနပ် ၄ နာရီခန့်က ရှင်းလက်းသိမ်းပိုပ်ခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့ ဆောင်ဖော်ဆောင်နေသည့် ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ (၅) ရက်မြောက်ဖြစ်ပြီး ပစ်မှတ်ထားသည့် စစ်ကောင်စီတပ်စခန်းများကို ဆက်လက်တိုက်ခိုက်နေကြောင်း သိရသည်။