RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။
NUG/MOD၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ စစ်ကြောင်း (၁) စစ်ကြောင်းမှုး၊ ပျံလွှားအောင်စစ်ဆင်ရေးနှင့် နန်းထိုက်အောင်စစ်ဆင်ရေးတို့တွင် ဦးဆောင်ခဲ့သော ရဲဘော်ဆရာကျောင်းကျဆုံးခြင်း (၁) နှစ်ပြည့်နှင့် SOF ကျဆုံးရဲဘော်များအား အောက်မေ့သတိရခြင်းနှင့် အလေးပြုခြင်းအခမ်းအနား ဧပြီလ (၂၅) ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
ရဲဘော်ဆရာကျောင်းသည် နွေဦးတော်လှန်ရေးစသည့်အချိန်မှစ၍ မြို့ပြစစ်ဆင်ရေးများဖြစ်သော ပျံလွှားအောင်စစ်ဆင်ရေး၊ နန်းထိုက်အောင်စစ်ဆင်ရေးနှင့် ကျေးလက်စခန်းသိမ်းတိုက်ပွဲများစွာ ဦးဆောင်ခဲ့သော စစ်ဆင်ရေးမှုးတစ်ဦးဖြစ်ကြောင်း၊ ရဲဘော်ဆရာကျောင်းနှင့်အတူ ရဲဘော်ကုလားကြီး၊ ရဲဘော်ကိုဟိန်း၊ ရဲဘော်မိုက်တီးတို့သည်၂၀၂၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီး တောင်စွန်းစခန်းသိမ်းတိုက်ပွဲတွင် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု SOF ကအသိပေးထားသည်။
SOF စစ်ကြောင်း (၁)၏ စစ်ကြောင်းမှုးဖြစ်သော ရဲဘော်ဆရာကျောင်း သည်တပ်ဖွဲ့၏ စစ်ဆင်ရေးမှုးဖြစ်ကြောင်း၊ တော်လှန်ရေး (၄) နှစ်တာကာလအတွင်း ရဲဘော်ဆရာကျောင်းအပါအဝင် SOF တပ်ဖွဲ့ဝင် ကျဆုံးရဲဘော် (၂၀) ဦးအထိရှိခဲ့ပြီး တပ်ဖွဲ့မှ သက်စွန့်အာဇာနည်ဆုတံဆိပ်ချီးမြှင့်ခဲ့ကာ ရဲရင့်သော အာဇာနည်များအဖြစ် အထူးပင်မှတ်တမ်းတင်ထားသည်ဟု သိရသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA