RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Independent Journalism for Justice and Human Rights.

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ခုနှစ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဖွဲ့စည်းတည်ထောင်ခြင်း (၃၆) နှစ်မြောက်အခမ်းအနားကို အညာဒေသတွင်ရှိသော ABSDF အမှတ် ၃ စစ်ကြောင်းတွင်လည်း ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

RNA_အောက်တိုဘာ(၃၁)၊၂၀၂၄ခုနှစ်။
မန္တလေးတိုင်း၊ စဉ့်ကူနှင့် မိုးကုတ်မြို့သိမ်းတိုက်ပွဲအများပြင် အခြားသော ဒေသတွင်းတိုက်ပွဲများ ဆင်နွှဲနေသော NUG/MOD-PDF အမှတ် (၁၂၂၂) တပ်ရင်း ရဲဘော်များအနေဖြင့် လူထုအပေါ် ကိုယ်အမူအရာဖြင့် ဖြစ်စေ၊ နှုတ်အမူအရာအဖြင့်ဖြစ်စေ ရိုင်းပြစော်ကားမှုများရှိပါက တပ်ရင်း Page နှင့် တပ်ရင်းခေါင်းဆောင်များထံ တိုင်ကြားနိုင်ကြောင်း သိရသည်။

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းမှ ရိက္ခာပို့ပြန်လာသော စစ်ကောင်စီတပ်ယာဉ်တန်းကို မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်း လမ်းပိုင်းတွင် အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးဝန်းကျင်သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အရှိုချင်းကာကွယ်ရေးတပ် (ACDF)နှင့် မင်းဘူးခရိုင် အမှတ်(၂) တပ်ရင်းတို့ ပူးပေါင်းပြီး အမ်း-ပဒါန်း လမ်းပိုင်းတွင် အောက်တိုဘာ ၂၈ ရက်နေ့က ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သေဆုံးဒဏ်ရာရရှိသော်လည်း တော်လှန်ရေးအင်အားစုများလက်က ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ACDF ကယနေ့ ထုတ်ပြန်ထားသည်။

RNA_အောက်တိုဘာ(၃၀)၊၂၀၂၄ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီက ယနေ့ (အောက်တိုဘာ ၃၀ ရက်) နံနက်စောစော (၁) နာရီခန့်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်မှူးနေဝင်းပါအဝင် ၄ ဦးထပ်မံသေးဆုံးသွားကြောင်း သိရသည်။
“အကြမ်းဖက် စစ်ကောင်စီသည် သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသော ၄င်းတို့၏ တပ်ဖွဲ့ဝင်များကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး (၂)ရက်တာအတွင်း သေဆုံးသူ(၁၆)ဦး အထိရှိလာခဲ့ပြီဖြစ်သည်”ဟု ယနေ့ ထုတ်ပြန်ထားသည်။

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ ခုနှစ်။
ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများစုစည်း၍ ကယန်းအမျိုးသားတပ်မတော် (KNA) ကို ယနေ့ (အောက်တိုဘာ ၂၉ ရက်) တွင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည်။
လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြားကယန်းဒေသများရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်များကို တစုတစည်းတည်းပေါင်းစည်းထားသည့် ကယန်းအမျိုးသားတပ်မတော်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ကယန်းအမျိုးသားတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #RNA

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ ခုနှစ်။
မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ကျားခဲကျေးရွာမှ ကျေးရွာလုံခြုံရေးကင်းတဲတွင် တာဝန်ထမ်းဆောင်နေသော ပကဖရဲဘော် သန်းစိန်မင်း၊ ရဲဘော် နေမျိုးကျော်နှင့် အခြားရဲဘော်တဦး၊ ရဲဘော်မင်းသူ၊ ခရိုင်တပ်ရင်း ၂မှ ရဲဘော်နေဆန်းဝင်းတို့ကို သတ်ဖြတ်သွားသော စစ်ကောင်စီတပ်နှင့်ပျူများအား ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အနေဖြင့် လုံးဝ ခွင့်လွှတ်နိုင်မည် မဟုတ်ကြောင်း ယနေ့ အသိပေးထားသည်။
“ရဲဘော်နေဆန်းဝင်းမှာ ကင်းတဲတောင်ဘက် မီတာ ၂၀ခန့်အကွာ လယ်ကွက်ထဲတွင် ညာဘက်ပေါင်ရင်း ကျည်မှန်ဒဏ်ရာ ခြေမ ပြတ်ရှဒဏ်ရာတို့ဖြင့် ကျဆုံးခဲ့ပါသည်။ ကင်းတဲတွင်ကျန်ခဲ့သော ရဲဘော်၃ဦးနှင့် မိမိအိမ်တွင်အိပ်နေရာမှ သေနတ်သံကြား၍ ထွက်ပြေးစဉ်ဖမ်းဆီးခံရသော ရဲဘော်မင်းသူ တို့အား ဖမ်းဆီးစစ်ဆေးခံရသောပြည်သူများ ကင်းတဲအနီးပုန်းခိုနေကြသော ပြည်သူများ၏ပြောကြားချက်အရ ရဲဘော် (၄)ဦးကို စစ်ကောင်စီမှ သေနတ်ဖြင့်ပစ်သတ်ကာ မသေမရှင် ဓာတ်ဆီလောင်းပြီး ကင်းတဲပေါ်တွင် မီးရှို့ခဲ့ကြောင်း သိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်သတင်းထောက်များဖြစ်သော ကိုတာလင်းမောင် (Red News Agency) နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဖားကန့်တိုက်နယ် ထောက်လှမ်းရေးအဖွဲ့က ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က သတင်းကိစ္စနှင့်ပတ်သက်ပြီး ဖမ်းဆီးချုပ်နှောင်စစ်ဆေးပြီးနောက် (၂၈) ရက်အကြာ အောက်တိုဘာလ (၂၇) ရက်နေတွင် ပြန်လွှတ်ပေးခဲ့သည်။
[embedyt] https://www.youtube.com/watch?v=ukRJf6fqYtQ[/embedyt]
ဖားကန့်သတင်းထောက် (၂) ဦးပြန်လည်လွတ်မြောက်ရေးအတွက် ဝိုင်းဝန်းတောင်းဆိုခဲ့ကြသော ဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များနှင့် ပြည်တွင်း ပြည်ပ သတင်းမီဒီယာအဖွဲ့အစည်းများ၊ သတင်းဌာနများ၊ သတင်းသမားများစသည်တို့ကို ကိုတာလင်းမောင်နှင့် ကိုနောင်ရိုးတို့က ကျေးဇူးတင်ရှိကြောင်း ပြောကြားထားသည်။
Red News Agency

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော ဘီလူးစစ်ကြောင်းအပါအဝင် စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား စစ်ကောင်စီမှ အောက်တိုဘာ ၂၈ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်က လေကြောင်းမှ ဗုံး (၂) ကြိမ် ကြဲခဲ့သည့်အတွက်စစ်သုံ့ပန်း(၈)ဦး အပါအဝင် (၁၂)ဦးသေဆုံးပြီး၊ (၆၀) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ဗုံးကြဲမှုကြောင့် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော စစ်ကောင်စီလက်အောက်ခံ ဗိုလ်ကြီးထွန်းနိုင်၊ တပ်ကြပ်ကြီးစာရေး ရန်နိုင်အောင်၊ တပ်ကြပ် ခင်မောင်ထွန်း၊ ဒုတပ်ကြပ်များဖြစ်သော ထက်နောင်နောင်စိုး၊ သီဟငြိမ်း၊ ဖိုးချိုတို့နှင့် ပျူများဖြစ်သော နန်းမြိုဦး၊ သန်းဇော်တို့ သေဆုံးခဲ့ရသည်။

RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ခုနှစ်။
မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီး-ထိန်စမ်းလမ်းမှစတင်ဝင်ရောက်လာသောစစ်ကောင်စီစစ်ကြောင်းနှင့် ထိန်စမ်းကျေးရွာ၏တောင်ဘက်၊ ရွာမကျေးရွာအနီးစသည်တို့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်အထိနာသည့်အတွက် လေကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။
စစ်ကောင်စီတပ်စစ်ကြောင်းသည် ချောက်မြို့နယ်၊ ထိန်စမ်းကျေးရွာနှင့်ရွာမကျေးရွာအနီးတဝိုက်ကို အောက်တိုဘာ ၂၅ ရက်နေ့ကစတင်ပြီး စစ်ကြောင်းထိုးခဲ့ရာ ၂၆ ရက််၊၂၇ ရက်များတွင် ရွာမကျေးရွာအတွင်း နေအိမ် (၂၀) ကျော်ကို မီးရှို့ခဲ့ခြင်း၊ နရွဲတောကျေးရွာ အတွင်းဝင်ရောက်စီးနင်းပြီး နေအိမ် (၃၃) အိမ်ကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်ဟု Chauk Revolution Army ကထုတ်ပြန်ထားသည်။