သတင်း

NUG နှင့် ABSDF တို့ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး နှင့် ဘဏ္ဍာရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်မည်

NUG နှင့် ABSDF တို့ နိုင်ငံရေး၊ စည်းရုံးရေး၊ စစ်ရေး နှင့် ဘဏ္ဍာရေး စသည်တို့ကို ပူးပေါင်းဆောင်ရွက်မည်

RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့အကြား နိုင်ငံရေး၊ လူထုစည်းရုံးရေး၊ စစ်ရေးနှင့် ဘဏ္ဍာရေးစသည့် ကဏ္ဍရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဟု နားလည်မှုစာချွန်လွှာ ချုပ်ဆိုခဲ့ကြောင်း သိရသည်။ NUGနှင့် ABSDF တို့ နားလည်မှု စာချွန်လွှာ ချုပ်ဆိုပွဲကို စက်တင်ဘာ ၁၂ ရက်နေ့က ကျင်းပခဲ့ပြီး၊ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲ ရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်အပါအဝင် တာဝန်ရှိသူများ၊ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုဥက္ကဌ ရဲဘော် လဆိုင်း၊ အထွေထွေအတွင်းရေးမှုး ရဲဘော်ဆန်နီ၊ တွဲဖက်အထွေထွေအတွင်းရေးမှုး ၁ ရဲဘော်ကျော်လင်း၊…
Read More
စစ်ကောင်စီလက်အောက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၄၁ ဦး ဩဂုတ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

စစ်ကောင်စီလက်အောက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၄၁ ဦး ဩဂုတ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

RNA_စက်တင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် မနေနိုင်တော့သည့်အတွက် ဒုဗိုလ်မှူးကြီး (၃) ဦး၊ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၂) ဦး၊ ဗိုလ် (၃) ဦး အပါ အဝင် တပ်သားနှင့်ရဲ (၄၁) ဦးသည် ဩဂုတ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်ဟု သိရသည်။ သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၉) လက်နှင့် ခဲယမ်း မီးကျောက်များရရှိခဲ့ကြောင်း၊ လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ…
Read More
ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

RNA_ဖားကန့်၊ စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)အား စစ်ကောင်စီီက လေယာဉ် နှစ်စီးဖြင့် ယနေ့ နေ့လယ် တစ်နာရီက ဗုံး (၆) လုံးကြဲသွားခဲ့သည့်အတွက် အပျက်အစီးများနှင့် အထိအခိုက်များရှိကြောင်း သိရသည်။ စစ်ကောင်စီကတိုက်လေယာဉ် နှစ်စီးဖြင့် ဆိပ်မူကျေးရွာအတွင်း ဗုံးခြောက်လုံး ကြဲချမှုတွင် ကျေးရွာအတွင်းအစောင့်ကျန်ခဲ့သူများ၊ ပိတ်မိနေသူများ ထိခိုက်နိုင်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။ (more…)
Read More
အဓမ္မစစ်မှုထမ်းရန် ခေါ်ခံရသူ (၂၇) ဦး စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး KNDO ထံခိုလှုံ

အဓမ္မစစ်မှုထမ်းရန် ခေါ်ခံရသူ (၂၇) ဦး စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး KNDO ထံခိုလှုံ

RNA_စက်တင်ဘာ(၁၁)၊၂၀၂၄ ခုနှစ်။ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့်အတွက် ကော့သောင်းမှတဆင့် ပြန်ပို့ခံရပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများထဲက (၂၇) ဦးသည် ပလောက်မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် စက်လှေဖြင့် သွားစဉ် စက်လှေပေါ်ပါလာသည့် စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး လက်နက်နှင့်စက်လှေယူဆောင်ကာ KNDO ထံ ခိုလှုံခဲ့ကြကြောင်း Kwe Ka Lu News -ကွဲၤကလုၢ်တၢ်ကစီၣ် တွင် ဖော်ပြထားသည်။ ကော့သောင်းမှ ပြန်အလွဲခံရပြီးနောက် မြိတ်မြို့တွင် အဓမ္မစစ်သားစုဆောင်းခံရပြီး စက်တင်ဘာ ၈ ရက်နေ့တွင် ပလောက် မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် ငါးဖမ်းစက်လှေ ၃ စီးဖြင့်ထွက်ခွာခဲ့ရာ ပုလောမြို့နယ်အတွင်းရောက်စဉ်…
Read More
သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

သစ္စာစောင့်ထိန်းမှုမရှိပါက ခွေးဖြစ်မည်ဟု လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ဆရာတော် မိန့်ကြား

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။   PDF ရဲဘော်များ ပြည်သူများအပေါ် သစ္စာစောင့်ထိန်းကြရန် လိုအပ်ပြီး သစ္စာစောင့်ထိန်းမှုမပါရှိပါက ခွေးဖြစ်မည်ဟု အမျိုးသား ညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသယင်းမာပင်ခရိုင် ဗျူဟာ(၄၂) လက်နက်တပ်ဆင်ပွဲအခမ်းအနားတွင် ကြွရောက်လာသည့် ဆရာတော်က မိန့်ကြားထားသည်။ "သစ္စာစောင့်ထိန်းမှုသာ မရှိဘူးဆိုရင် မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ဒီခွေးတွေဟာ သစ္စာစောင့်ထိန်းမှု ပြည်သူ့အပေါ်မှာ အနိုင်ကျင့်မှု ပြည်သူ့အပေါ်မှာ သတ်ဖြတ်မှု ပြည်သူ့အပေါ်မှာ နှိပ်စက်မှုတွေနော် ဘာမှသစ္စာစောင့်ထိန်းမှုမရှိဘူး။ အဲတော့ မင်းတို့တတွေလည်းပဲ ဒီသစ္စာစောင့်ထိန်းမှုကို မလုပ်ူဘး အားမထုတ်ဘူးဆိုလို့ရှိရင် ငါပြောခဲ့သလို မင်းတို့လည်း ခွေးဖြစ်မှာပဲ။ ခွေးမဖြစ်ချင်ရင် သစ္စာစောင့်ထိန်းမှု တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ်မှာ သစ္စာစောင့်ထိန်းမှုကို ဖြစ်အောင် မကြိုးစားသင့်ဘူးလား" ဟု…
Read More
KIA နှင့် PDF များကို ချေမှုန်းရန်စစ်မိန့်ပေးခြင်းသည် မထုတ်ပြန်သင့်သော “စစ်မိန့်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

KIA နှင့် PDF များကို ချေမှုန်းရန်စစ်မိန့်ပေးခြင်းသည် မထုတ်ပြန်သင့်သော “စစ်မိန့်” ဟု ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။ နယ်မြေကျူးကျော် ဝင်ရောက်သူများဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များကို ယတိပြတ်ခုခံချေမှုန်းရန် ကချင်ပြည်နယ်အထူးဒေသ (၁) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်း စစ်မိန့်ပေးစာသည် မထုတ်ပြန်သင့်သော "စစ်မိန့်" ဟု KIA ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဂွမ်မော်က Facebook စာမျက်နှာမှတဆင့် အသိပေးထားသည်။ (more…)
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။ အာရက္ခတပ်တော် - AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီက စက်တင်ဘာလ (၉) ရက်နေ့ ည (၉) နာရီ (၃၀) မိနစ်ခန့်က လေကြောင်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် အာရက္ခတပ်တော်မှ ခေတ္တဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံးပန်းများထဲမှ (၅၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးခဲ့သည့် စစ်သုံးပန်းများမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသူများ၊ ARSA ၊ RSO မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ သတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန်…
Read More
ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

RNA_ဖားကန့်၊ စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။   ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ Lucky Man Hotel & KTV ၌ KIA/KPDF အချို့အား စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားပြီး နှစ်ဖက် စစ်ရေးတင်းမာနေချိန်တွင် လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာတွင် ကျောက်မျက်တူးဖော်ရးအတွက် လုပ်ကွက်တိုင်းတာခြင်း၊ အိမ်ရာမြေကွက်များတိုင်းတာခြင်းများ ယခုရက်ပိုင်း လုပ်ဆောင်နေသည်။   ဆန်ခါကျေးရွာတွင် ရွာလမ်းမ၏ တစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု၊ အခြားတစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု တူးဖာ်မည်ဖြစ်ပြီး စုပေါင်းကုမ္ပဏီပုံစံသွားမည်ဖြစ်ကြောင်း၊ ဆန်ခါကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျာင်း၊ ခရစ်ယာန်ဘုရားကျောင်းများပါမကျန် တူးဖော်ရန် KIA မြေတိုင်းတာရေးအဖွဲ့က လုပ်ကွက်ဆွဲထားပြီး အလားတူ တစ်ဆက်တည်းရှိနေသည့် မဇွပ်ယန်ကျေးရွာရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းတို့ ပါဝင်သည်။ (more…)
Read More
ပြည်သူ့တော်လှန်ရေးတပ်ဦး၏ အပတ်စဉ်(၈) အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်(၃၆)ဦး အောင်မြင်

ပြည်သူ့တော်လှန်ရေးတပ်ဦး၏ အပတ်စဉ်(၈) အခြေခံစစ်ပညာသင်တန်းတွင် ရဲဘော်(၃၆)ဦး အောင်မြင်

RNA_စက်တင်ဘာ(၉)၊၂၀၂၄ ခုနှစ်။ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၏ တလခွဲခန့်ကြာမြင့်သော အခြေခံစစ်သင်တန်းအပတ်စဉ် (၈) သင်တန်းဆင်းပွဲ အခမ်းအနားကို စက်တင်ဘာ (၈) ရက်နေ့က PRF ယာယီဌာနချုပ်မှာ ကျင်းပခဲ့ရာ တပ်သားသစ် ရဲဘော်(၃၆) ဦး အောင်မြင်စွာ သင်တန်းဆင်းနိုင်ခဲ့သည်ဟု သိရသည်။ အခြေခံစစ်သင်တန်းတွင် အခြေခံစစ်ရေးပြ၊ စစ်နည်းဗျူဟာ၊ စစ်ဗျူဟာ၊ မိုင်းသင်တန်းစသည့် သင်္ခန်းစားများအပြင် တပ်ဦး၏ လမ်းညွှန်နိုင်ငံရေးအတွေးခေါ်အခိုင်အမာတည်ဆောက်ရေးအတွက် တပ်ဦး၏နိုင်ငံရေးကြေညာစာတမ်း၊ တပ်ဦးဖြတ်သန်းခဲ့သည့် သမိုင်းမှတ်တမ်း၊ ဒီမိုကရေစီဗဟိုဦးစီးချုပ်ကိုင်မှု-ဒီစီ၊ စစ်သုံးစစ်၊ အနုပဋိလောမပို့ချချက်စသည့် တပ်တွင်းနိုင်ငံရေးသင်တန်းကိုပါ ထည့်သွင်း ပို့ချပေးအပ်ခဲ့ကြောင်း PRF က ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

တိုက်ပွဲမဖြစ်ပွားရေး ဝင်ရောက်ညှိနှိုင်းပေးသည့် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ကျည်ထိ

RNA_ဖားကန့်၊ စက်တင်ဘာ (၉)၊ ၂၀၂၄ ခုနှစ်။ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း ပိတ်မိနေသော စစ်ကောင်စီတပ်သားများ ထွက်ခွင့်ရရေးနှင့် KIA/KPDF တိုက်ပွဲမဖြစ်ပွားရေးအတွက် ယနေ့ ညှိနှိုင်းမှု သွားရောက်ပြုလုပ်သည့် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးယွပ်ဇော်ခေါင် ပေါင်တွင် သေနတ်ကျည်ထိကာ ညှိနှိုင်းမှု အဆင်မပြေခဲ့ဟု သိရသည်။ စက်တင်ဘာ (၆) ရက်နေ့ည (၁၂)နာရီ‌‌ခန့်တွင် စစ်ကောင်စီတပ် စစ်ကြောင်းက လက်နက်ကြီး လက်နက်ငယ်များပစ်ခတ်ကာ ဆိပ်မူကျေးရွာအတွင်း ဝင်ရောက်ခဲ့ပြီး Lucky Man Hotel & KTV ကို ဝင်စီးခဲ့ရာ ဟိုတယ်အတွင်းမှ KIA/KPDF အချို့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည့် အတွက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် KIA/KPDF အချို့ကို လွတ်ပေးပြီးနောက်…
Read More