ကျောင်းသားလက်ရုံးတပ်တော်

ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

RNA_စက်တင်ဘာ (၇) ရက်၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော်မှ တပ်စုမှူး ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသား ရဲဘော် သောမတ်စ် ယမန်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး၌ တိုက်ပွဲဝင်ရင်း ရဲဘော်သောမတ်စ် ရန်သူလက်တွင်းသို့ ကျရောက် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ဆုံးအချိန်ထိ ရန်သူအား ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် ရဲဝံ့စွာ အသက်ပေးလှူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော်သောမတ်စ် ကျဆုံးမှုအား လေးမြတ်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အခမ်းအနားနှင့် စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

ကျောင်းသားလက်ရုံးတပ်တော် (၂)နှစ်ပြည့်အခမ်းအနားနှင့် စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော် (၂) နှစ်ပြည့် အခမ်း အနားနှင့် အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားအား ဧပြီလ (၂၇) ရက်နေ့က ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဌာနချုပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။ ၂ နှစ်ပြည့် အခမ်းအနားနှင့် သင်တန်းဆင်း စစ်ရေးပြ အခမ်းအနားတွင် သင်တန်းဆင်းတပ်သားစစ်ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော် နောက်ချန် အရံတပ်ရင်း၊ မဟာမိတ် ပူးပေါင်းစစ်ကြောင်းသုံးကြောင်းဖြင့် ချီတက် အလေးပြုခဲ့ကြကြောင်း ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး

ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး

RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ မင်းတုန်းမြို့ မြောက်ဘက် (၁၀) မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ ကျောက်တိုင်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်သည့်အတွက် ရဲတပ်သား (၃) ဦးသေဆုံးကာ (၃) ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။   ကျောက်တိုင်ကျေးရွာ ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ သရက်ခရိုင်တပ်ရင်း - ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် မဟာမိတ်ပူးပေါင်းပြီး ဧပြီလ (၁၀) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။   ဒေသခံများ၏ ပြောပြချက်အရ ကျောက်တိုင်ရဲစခန်း တိုက်ခိုက်မှုအတွင်း ဧပြီလ ၁၀ ရက်နေ့မှာ ရဲတပ်သား ဇင်ဘိုဘို အသက် (၃၀)…
Read More
ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့

RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။   ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။   NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ (more…)
Read More
ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

ကျောင်းသားလက်ရုံးတပ်တော်မှ ရဲဘော်ရဲထွန်း တိုက်ပွဲတွင် ကျဆုံး 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော် - Student Armed Force မှ ရဲဘော်ရဲထွန်းသည် စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း တော်လှန်ရေးတာဝန်များထမ်းဆောင်ရင်း ရဲဝံ့ပြောင်မြောက်စွာ အသက်ပေးလှူ (ကျဆုံး)ခဲ့ရကြောင်း သိရသည်။ ကျောင်းသားလက်ရုံးတပ်တော်မှရဲဘော်များ၊ မဟာ မိတ်ရဲဘော်များ ပူးပေါင်းပေါင်းပြီး အကြမ်းဖက် အာဏာ သိမ်းစစ်ကောင်စီတပ်ကို တိုက်ခိုက်ရင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၂၄) ရက်နေ့က ရဲဘော်ရဲထွန်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း Student Armed Force ကထုတ်ပြန်ထားသည်။ " ရဲဘော်ရဲထွန်း၏ နောက်ဆုံးခရီးကို ကျောင်းသားလက်ရုံးတပ်တော်မှ တပ်ဖွဲ့ဝင်ရဲဘော်များ၊ နယ်မြေခံပကဖရဲဘော်များနှင့် ဒေသခံပြည်သူများမှ ဂုဏ်ပြုပို့ဆောင်ခဲ့သည်။ ကျွန်ုပ်တို့ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သော…
Read More
ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ

ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ

RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ရခိုင်ရိုးမအစပ် ရခိုင်ပြည်နှင့်မကွေးတိုင်း ထိစပ်ထားဟည့် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်းက ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် လူထုတော်လှန်ရေး မဟာမိတ် ( People's Revolution Alliance - PRA- Magway ) အဖွဲ့က မေတ္တာရပ်ခံထားသည်။ စေတုတ္တရာမြို့နယ်အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့က PRA- Magway၊ ကျောင်းသားလက်ရုံးတပ်တော် နှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံး ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။ Red News Agency
Read More