Tag: ရဲစခန်း

  • လက်ပန်လှရဲစခန်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း (၂၂) ဦးသေဆုံး

    လက်ပန်လှရဲစခန်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း (၂၂) ဦးသေဆုံး

    RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်ထားသော လက်ပန်လှရဲစခန်းအား အကြမ်းဖက်စစ်ကြောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြစ်ဒဏ်ကျ အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံများဖြစ်သော အမျိုးသား(၂၁)ဦး နှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ (၃၀)ဝန်းကျင်ရှိသည်ဟု သိရသည်။

    စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာရှိ ရဲစခန်းနှင့် ရွှေပန်တောကျေးရွာတို့အား အကြမ်းဖက်စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇူလိုင် (၂၉) ရက်နေ့ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုအတွင်း လက်ပန်လှကျေးရွာ ရဲစခန်းအတွင်း သေဆုံးမှုများအပြင် ရွှေပန်းတောကျေးရွာ လေကြောင်းတိုက်ခိုက်မှုအတွင် ဒေသခံပြည်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦး အသက်ဆုံးရှုံးခဲ့ရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ရေနံ့သာရဲကင်းမှ စခန်းမှူးမြတ်သွင်အောင်နှင့်အဖွဲ့ ထွက်ပြေး

    ရေနံ့သာရဲကင်းမှ စခန်းမှူးမြတ်သွင်အောင်နှင့်အဖွဲ့ ထွက်ပြေး

    RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။

    မကွေးတိုင်း၊ သရက်ခရိုင်၊ ကံမမြို့နယ်၊ သရက် – ကံမ – ပြည် ကားလမ်းဘေး၊ ကပစ (၁၂) နှင့် (၁၃)မိုင်အကွာ၊ ရေနံ့သာကျေးရွာရှိ ရဲကင်းစခန်း တိုက်ခိုက်ခံရစဉ် စခန်းမူး မြတ်သွင်အောင်နှင့်အဖွဲ့ထွက်ပြေးကြကြောင်း သိရသည်။

    ရေနံ့သာရဲကင်းစခန်းအား ပြည်သူ့ကာကွယ်ရေတပ်မတော်၊ သရက်ခရိုင်စစ်ဌာန၊ သရက်ခရိုင် အမှတ် – ၄ တပ်ရင်း မှ တပ်ခွဲ (၁) နှင့် တပ်ခွဲ (၂) တို့ ပူးပေါင်းပြီး ဧပြီလ ၂၅ ရက်နေ့ နံနက် (၅)နာရီက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    (more…)

  • လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ

    လင်းဇင်းတိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရ

    RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။
    စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ်ရဲစခန်းကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
  • မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

    မုံရွာရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့်မရသည့်အတွက် ကျဆုံး

    RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့ မြို့မရဲစခန်းအချုပ်တွင် နိုင်ငံရေးအကျဉ်းသား LGBT ဘုံဘုံ ဆေးရုံတက်ကုသခွင့်မရသည့်အတွက် ရောဂါပြင်းထန်စွာဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။

    နိုင်ငံရေးအကျဉ်းသား ဘုံဘုံသည် ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး နိုဝင်ဘာလ ဒုတိယအပတ်မှစ၍ ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မရဲစခန်းတာဝန်ရှိသူများအား တင်ပြခဲ့သော်လည်း ဆေးရုံတက်ခွင့်မရရှိခဲ့သည်အတွက် ကျန်းမာရေးဆိုးရွားလာပြီး ကျဆုံးခဲ့ရသည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

    ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

    RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။
     
    ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။

    (more…)

  • မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

    မင်းရွာရဲကင်းစခန်းအား ဒေသခံပူးပေါင်းတပ်ဖွဲ့များ ရာနှုန်းပြည့် တိုက်ခိုက်သိမ်းပိုက်

    RNA_နိုဝင်ဘာ(၃)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲကင်းစခန်းကို ယနေ့ နံနက်ပိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး သွားရောက်တိုက်ခိုက်ရာ စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း သိရသည်။
     
    မင်းရွာ နယ်မြေခံရဲစခန်းအား ရာနှုန်းပြည့် သိမ်းနိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပွင့်ဗိုလ် အေးမင်းစိုးအပါအဝင် သေဆုံးမှုများရှိကြောင်း၊ စစ်သုံ့ပန်း အချို့လည်း ဖမ်းဆီးရမိကြောင်း၊ လက်နက်ငယ် ၃၀ ကျော်နှင့် လက်နက်ကြီးများလည်း သိမ်းဆည်းရမိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။
    [embedyt] https://www.youtube.com/watch?v=09waXBODWwY[/embedyt]

    (more…)

  • ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    ချောင်းနှစ်ခွရဲစခန်းကို KNLAနှင့်နဂါးနီစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်၊ ရဲ၃ဦးသေပြီး ၄ ဦးအရှင်ဖမ်းမိ

    RNA_နိုဝင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။

    မွန်ပြည်နည်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲစခန်းကို KNLAပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းတို့ ယမန်နေ့ ( နိုဝင်ဘာ ၁၂ ရက်) နံနက် ၆ နာရီဝန်းကျင်က တိုက်ခိုက်ခဲ့ခဒ့သည့်အတွက် ရဲ (၃)ဦး သေဆုံးပြီး၊ ၂ဦးထွက်ပြေးကာ ၄ ဦးအရှင်ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

    ” KNLA ပူးပေါင်းတပ်ဖွဲ့နှင့် နဂါးနီစစ်ကြောင်းမှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာတွင် စခန်းမှူး လှကျော်ဦး၊ဒုတပ်ကြပ် စိုးငြိမ်းဦး၊တပ်သား အောင်နန်းဇွန်တို့ သေဆုံးပြီး၊ရဲဘော်တလာကိုနှင့်ဒုရဲအုပ်နန္ဒစိုးတို့ထွက်ပြေး၊ တပ်ကြပ်ကြီး အေးကို၊ရဲတပ်သား လွင်ကိုဟိန်း၊ ဒုတပ်ကြပ် မျိုးအေး၊ရဲတပ်သား ကိုလင်းတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပါသည်” ဟု နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

    (more…)

  • ရဲတပ်သားတဦး မိမိဦးခေါင်းကို သေနတ်ဖြင့်‌တေ့ပစ်ကာ အဆုံးစီရင်

    ရဲတပ်သားတဦး မိမိဦးခေါင်းကို သေနတ်ဖြင့်‌တေ့ပစ်ကာ အဆုံးစီရင်

    RNA_စက်တင်ဘာ(၁၁)၊၂၀၂၂ခုနှစ်။

    ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ညောင်ခါးရှည်-ဒိုက်ဦးဗျူဟာလမ်းဆုံရှိ Xrayထားရှိသော စုပေါင်းဂိတ်တွင် ဝေါမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲတပ်သားတစ်ဦးသည် မိမိဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်ကာ အဆုံးစီရင်သွားကြောင်း သိရသည်။

    စက်တင်ဘာလ (၉) ရက်နေ့က မိမိဦးခေါင်းကို သေနတ်ဖြင့် တေ့ပစ်ကာ အဆုံးစီရင်သွားသည့် ရဲတပ်သားနှင့်ပတ်သက်ပြီး ယနေ့ ပဲခူးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဝေါမြို့ရဲစခန်းကို လာရောက်စစ် ဆေးနေကြောင်း Red News Agency သတင်းရင်းမြစ်ထံမှ သိရသည်။

    Red News Agency

  • PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

    PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

    RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့ ရဲစခန်းကို ယနေ့ ညနေ ၄ နာရီဝန်းကျင်က Kani People’s Defense Force- KLG နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ဒရုန်းအသုံးပြုပြီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း KLG PDF က ထုတ်ပြန်ထားသည်။

    Red News Agency