သတင်း

ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း

ပျူစောထီးခေါင်းဆောင်များနေအိမ်တချို့ကို ဝင်ရောက် စီးနင်း

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးခေါင်းဆောင်နေအိမ်များကို ဝင်ရောက်စီးနင်းကာ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ရာ စစ်ရေးမှတ်တမ်းများနှင့် လက်လုပ်သေနတ်များ သိမ်းဆည်းရခဲ့မိကြောင်း သိရသည်။ (more…)
Read More
မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

မကွေး PRA က စစ်ကောင်စီတပ်သားများကို ပဒေသာမိုင်းဆွဲ တိုက်ခိုက်

RNA_ဇန်နဝါရီ ၁၊ ၂၀၂၃ ခုနှစ်။ မကွေးတိုင်းအခြေစိုက် People's Revolution Alliance ( PRA - Magway) တပ်ဖွဲ့က ငဖဲမြို့နယ်၊ ဂုတ်ကြီးကျေးရွာနှင့် မြေလတ်ကျေးရွာ အကြားတွင် အမှတ် (၉၀၅) အမြောက်တပ်မှ တပ်သားများလိုက်ပါလာသည့်ယာဉ်ကို ယနေ့ နံနက် (၈) နာရီ (၃၀) မိနစ်ဝန်းကျက်က ပဒေသာမိုင်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီတပ် အသေအဆုံးကို စုံစမ်း‌နေကြောင်း သိရသည်။ People's Revolution Alliance ( PRA - Magway) တပ်ဖွဲ့က ၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့ နေ့လည်ပိုင်းကလည်း ဂုတ်ကြီးကျေးရွာ ရဲစခန်းမှ လုံခြုံရေး စစ်ကြောင်းကို…
Read More
၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

၂၀၂၂ ခုနှစ် နှစ်ကုန်အထိ ကရင်နီပြည်တွင် စစ်ကောင်စီတပ်သား (၁၆၉၂)ဦး သေဆုံး 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ( ၃၁ )ရက်နေ့အထိ စစ်ကောင်စီတပ်သား (၁၆၉၂) ဦး သေဆုံးခဲ့ကြောင်း PKPF Imformation Centre မှ ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

RNA_ဇန်နဝါရီ၁၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပုတီးကုန်းမြို့၊ တာဂွရွာနှင့် ပွဲပြည့်ရွာ လမ်းမပေါ်တွင် ချိတ်ဆွဲထားသော "စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ" စာတန်းဆိုင်းဘုတ်လာဖြုတ်သည့် ရဲ (၃) ဦး ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။ "စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ" စာတန်းလာဖြုတ်သည့် ရဲ (၃) ဦးကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၃ (တိုင်းလုံးကျော်အဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း…
Read More
နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

နှစ်သစ်ကူးလက်ဆောင်အဖြစ် ကံပြားရဲစခန်းကို ဗုံး (၄) လုံးကျဲ တိုက်ခိုက် 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ခုနှစ်။ မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က နှစ်သစ်ကူးလက်ဆောင်အဖြစ် စလင်းမြို့နယ်၊ ကံပြားရဲစခန်းကို ယမန်နေ့ (ဒီဇင်ဘာ ၃၁ ရက်) ညပိုင်းက ဝေဟင်ဗုံး (၄) လုံးကျဲပြီး တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

RNA_ဇန်နဝါရီ ၁ ၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက် တိုင်ရှေ့အ‌ရောက် စစ်ကောင်စီတပ်သား (၃) ဦး ယနေ့ ( ဇန်နဝါရီ ၁ ရက်) နံနက် ၆ နာရီဝန်းကျင်က မိုင်းဆွဲတိုကိခိုက်ခံရပြီး (၂) ဦး သေဆုံးကြောင်း သည်ရသည်။ စစ်ကောင်စီတပ်သား (၃)ဦးသည် မြင်းမူမြို့အထက် တန်းကျောင်းတွင် တပ်စွဲထားသောအဖွဲ့မှ အပြင်ထွက်လာစဉ် လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက် ပဒေသသာမိုင်း နှစ်လုံးဖြင့် Zeroပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် Ture Fighter အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်သစ်အကြို တိုက်ခိုက်ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
“စစ်ခွေးနိဂုံး ၂၀၂၃ ” ဟု ဆိုကာ နှစ်သစ်ကိုကြိုဆိုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ် 

“စစ်ခွေးနိဂုံး ၂၀၂၃ ” ဟု ဆိုကာ နှစ်သစ်ကိုကြိုဆိုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ် 

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း အခြေစိုက် အညာပစ်တိုင်း ထောင်လေးများအဖွဲ့က "စစ်ခွေးနိဂုံး ၂၀၂၃ " ဟုစာတန်းပါသည့် LED မီးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြီးခဲ့သည့် ညပိုင်းက လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရှိ စစ်ကောင်စီတပ်စခန်းနှင့် စလင်းမြို့နယ် ကံပြားရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ မဲဇလီရှိ စစ်ကောင်စီတပ်စခန်းအတွင်း ရှော့တိုက်ဒုံးများဖြင့် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ကံပြားရှိ စစ်ကောင်စီတပ်စခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ မဲဇလီကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှာ သေဆုံးမှုများရှိကြောင်း၊ ကံပြားကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း အသေအဆုံးများ ရှိ မရှိအတိအပျ မသိရှိရသေးကြောင်း သိရသည်။ #RedNewsAgency
Read More
ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်မှာ ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုရန် သိန်းချီသည့် နိုင်ငံတကာမှ ဧည့်သည်များသည် ယနေ့ည အစောပိုင်းကတည်းက စုဝေးရောက်ရှိနေကြသည်။ ယနေ့ည နှစ်သစ်ကြိုဖို့ Central World ကုန်တိုက် Platinum ကုန်တိုက်နဲ့ Big  C ကုန်တိုက်ကြီးများရှိသော ရတ်ချာဒမရီလမ်းမကြီးတွင် လူဦးရေ သိန်းချီစုဝေးရောက်ရှိလိမ့်မည်ဟု ဒေသခံများက ခန့်မှန်းထားသည်။ Covid -19 ကပ်ရောဂါကြောင့် ထိခိုက်သွားခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားနိုင်ရန်အတွက် ထိုင်းအစိုးရက အထူးကြိုးစားနေပြီး ပြည်ပဧည့်သည်များဝင်ရောက်မှုကိုလည်း များစွာပြေလျော့ပေးထားသောကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံတကာခရီးသွားများဖြင့် စည်ကားလျှက်ရှိနေသည်။ #RedNewsAgency
Read More
လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ တဦးသေ (၅) ဦးဒဏ်ရာရ 

လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ တဦးသေ (၅) ဦးဒဏ်ရာရ 

RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၁)၊၂၀၂၂ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး ဦးကွန်ဂျာနော် အသက် (၅၂) နှစ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီစစ်တပ်က ဒီဇင်ဘာလ (၃၀) ရက်နေ့က အရပ်လေးမျက်နှာကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်သည့်အတွက် ဆန်ခါကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ (၆) ဦးထိမှန်ခဲ့ရာ တဦးသေဆုံးသွားခြင်း ဖြစ်သည်။ (more…)
Read More