Karenni Revolution Union – KRU

အသက် (၁၈) နှစ်အရွယ် အထူးကွန်မန်ဒို တပ်ခွဲ ဒုတပ်စိပ်မှူး ကျဆုံး

အသက် (၁၈) နှစ်အရွယ် အထူးကွန်မန်ဒို တပ်ခွဲ ဒုတပ်စိပ်မှူး ကျဆုံး

RNA_မေ(၁၄)၊၂၀၂၃ ခုနှစ်။ ကယား (ကရင်နီ) တော်လှန်ရေး တပ်ရင်း - KRU လက်အောက်ရှိ တပ်ခွဲ (၁) ကွန်မန်ဒိုတပ်ခွဲမှ ဒုတပ်စိတ်မှူး ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ် (အသက် ၁၈ နှစ်) သည် မေလ ၁၀ ရက်နေ့က ကျဆုံးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ရှေ့တန်းတနေရာတွင် ထောင်မိုင်းထိကာ ဒဏ်ရာအပြင်းအထန်ရရှိပြီးနောက် ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ရဲဘော် မောင်အဲလ်ဖရက် (ခ) ခွန် နိုဘယ်၏ ဈာပနအခမ်းအနားကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း KRU အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထံမှ သိရသည်။ (more…)
Read More
တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

တောင်စလုံးတိုက်ပွဲအတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးကျဆုံး

RNA_မေ(၉)၊၂၀၂၃ ခုနှစ်။ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းနယ်စပ် တောင်စလုံးကျေးရွာတွင် မေလ (၈) ရက်နေ့က စစ်ကောင်စီတပ်နှင့် ဒေသခြံပည်သု့ကာကွယ်ရေး မဟာမိတ်များ တိုက်ပွဲဖြစ်ပွားမှု အတွင်း KNDF B/08 နှင့် ကရင်နီတပ်ပေါင်းစုအထူး ကွန်မန်ဒို တပ်စုမှူး ရဲဘော် ချာစ်ဘိုနီဖဲဘူး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။ "ရဲဘော်ချာစ်ဘိုနီ ဖဲဘူး သည် စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး၊ ဖယ်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် အစွမ်းကုန်ကြိုးစားရင်း မြင့်မြတ်စွာ အသက်ပေးဆပ်သွားခဲ့သည့်အတွက် ကျွန်ုပ်တို့ KNDF B/08 မှ အာဇာနည်သူရဲကောင်းအဖြစ် အစဉ်အမြဲမှတ်တမ်း တင်သွားမည်ဖြစ်ပြီး ကျန်ရစ်သူမိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်" ဟု KNDF B/08 ကထုတ်ပြန်ထားသည်။ (more…)
Read More
မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး

မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး

RNA_ဧပြီ(၂၈)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်း ဧပြီလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၅၀) ဦးထက်မနည်းသေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။   မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဧပြီလ ၂၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀)ဦးသေဆုံးပြီး အရှင် (၂) ဦးဖမ်းဆီးရမိကြောင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ် မြောက်စလုံးကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ ဧပြီီ ၂၄ ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးကြောင်း၊ ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း…
Read More
ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု ရှေ့လုပ်ငန်းစဉ်များကို ဥက္ကဌပြောကြား

ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု ရှေ့လုပ်ငန်းစဉ်များကို ဥက္ကဌပြောကြား

RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။ ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု- Karenni Revolution Union - KRU ၏ ဖြတ်သန်းခဲ့ပုံ အဆင့်ဆင့် ၊ တပ်ရင်းဖွဲ့စည်းဖြစ်ပုံနှင့် ရှေ့လုပ်ငန်းစဉ်များကို KRU တပ်ပေါင်းစု ဥက္ကဌ ဦးကျော်ထက်မှ ယနေ့ ပြောကြားထားသည်။ Karenni Revolution Union (KRU) သည် ၂၀၂၃ ခုနှစ် ဧပြီလ (၇) ရက်နေ့က တပ်တည်ထောင်ခြင်း (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ကွဲပြားနေသော တော်လှန်ရေး အင်အားစု များကို ပေါင်းစည်း၍ တစ်သွေးတစ်သံ တစ်မိန့်တည်းအောက်တွင် စစ်ရေးများဖော်ဆောင်ရန်နှင့် လက်နက်အင်အား လူအင်အား ပိုမိုတောင့်တင်းနိုင်ရေးရည်ရွယ်ကာ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ တပ်ပေါင်းစု အသွင်‌သဏ္ဍန်မှ KRU တပ်ရင်းသဏ္ဍန်…
Read More