သတင်း

လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိ

လွတ်လပ်ရေးနေ့မှာ ခင်ဦးမြို့နယ် အလယ်ရှိုရွာမှ ဒေသခံပြည်သူ (၉) ဦး အလောင်းများတွေ့ရှိ

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုရွာကို ယနေ့ လွတ်လပ်ရေးနေ့တွင် ဒေသခံရွာသူ ရွာသားများထွက်ပြေးနေရာမှ ပြန်အရောက်တွင် စစ်ကောင်စီတပ်ဝင်ရောက်တပ်စွဲထားချိန်တွင် အမျိုးသမီး (၂) ဦးအပါအဝင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်သွားခဲ့သည်။   စစ်ကောင်စီ၏ ရွှေဘိုလေ့ကျင်ရေး တပ်နှင့် ပျူစောထီများ ပါဝင်သည့် အဖွဲ့ဝင် ၁၀၀ ကျော်တို့သည် အလယ်ရှိုကျေးရွာအတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၈) ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂) ရက်နေ့အထိ တပ်စွဲအထိုင်ချနေခဲ့ချိန်တွင် ဒေသခံပြည်သူ (၉) ဦးကို သတ်ဖြတ်ပြီး အိမ်မွေးတိရိစ္ဆာန်များနှင့် နေအိမ် ၁၀၀ ကျော်ကို်…
Read More
ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

ကချင်လွတ်လပ်ရေးအဖွဲ့ – KIO ဥက္ကဋ္ဌ အပြောင်းအလဲပြုလုပ်သော်လည်း တော်လှန်ရေးမှာ ဆက်ပါနေမည်

RNA_ဇန်နဝါရီ (၃)၊၂၀၂၃ ခုနှစ်။   ကချင်လွတ်လပ်ရေးအဖွဲ့ - KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ကျန်းမာရေးအခြေအနေကြောင့် ဥက္ကဋ္ဌတာဝန်ကို ကချင်လွတ်လပ်ရေးတပ်မတော် - KIO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂမ်ရှောင်ကို လွှဲပြောင်းလိုက်ကြောင်း သိရသည်။   “ အခု KIO ခေါင်းဆောင်ပိုင်းအပြောင်းအလဲလုပ်တာ ထွေထွေထူးထူးမဟုတ်ပါဘူး။ ၄ နှစ်တကြိမ်အပြောင်းအလဲ လုပ်တာလဲရှိတယ်” ဟု ကချင်လူမျိုး သတင်းသမားတဦးက ပြောသည်။ (more…)
Read More
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဘသဦးဆောင် အကြမ်းဖက်အားပေး ဝီရသူကို သီရိပျံချီဘွဲ့တံဆိပ်အပ်နှင်း

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မဘသဦးဆောင် အကြမ်းဖက်အားပေး ဝီရသူကို သီရိပျံချီဘွဲ့တံဆိပ်အပ်နှင်း

RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။ အကြမ်းဖက် အာဏာသိမ်းပြီး ပြည်သူကို နေ့စဉ်သတ် ဖြတ်ရန် လက်ပါးစေများကို စေခိုင်းနေသည့် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်နှင့် ဇနီး ကြူကြူလှတို့မှ ၂၀၂၃ခုနှစ် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ထူး ဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား (ဒုတိယနေ့)သို့ ယနေ့ တက်ရောက်ပြီး အကြမ်းဖက်အားပေး မဘသ ဦးဆောင် ဝီရသူကို သီရိပျံချီဘွဲ့တံဆိပ်အပ်နှင်းခဲ့ကြောင်း သိရသည်။ Red News Agency
Read More
၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်‌ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်

၂၀၂၃ ခုနှစ်သည် တော်လှန်ရေး နိဂုံးနှစ်‌ဖြစ်ကြောင်း အလုပ်နှင့် သက်သေပြမည်

RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။ ၂၀၂၃ ခုနှစ်သည် အာဏာရှင်အမြစ်ဖြတ် တော်လှန်ရေ းခရီးအတွက် နောက်ဆူံပိတ် နိဂုံးနှစ်ဖြစ်ကြောင်း အလုပ်နှင့် သတ်သေပြမည်ဟု စစ်ကိုင်းတိုင်းအခြေ စိုက် ဟုမ္မလင်း PDF မှ ထုတ်ပြန်ကြေညာထားသည်။ တော်လှန်ရေးခရီးတွင် မိဘပြည်သုများနှင့်အတူတကွ ပူးပေါင်းမှသာ ခရီးတွင်မည်ဖြစ်ကြောင်း၊ ကျွန်ုပ်တို့ တော်လှန်ရေး ရဲဘော်များအနေဖြင့် နှစ်ဟောင်းကထက် မြဲမြံသည့် တော်လှန်ရေးစိတ်ဓာတ်ဖြင့် ကြိုးစားအားထုတ် တော်လှန်သွားပါမည်ဟု မိဘပြည်သူများအား သစ္စာ အဓိဋ္ဌာန်ပြုပါသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More
အဝေးပြေးကားကွင်းအတွင်း ယနေ့ နံနက်က အမျိုးသား (၂) ဦး ရုပ်အလောင်းတွေ့ရှိ

အဝေးပြေးကားကွင်းအတွင်း ယနေ့ နံနက်က အမျိုးသား (၂) ဦး ရုပ်အလောင်းတွေ့ရှိ

RNA_ဇန်နဝါရီ (၂)၊၂၀၂၃ ခုနှစ်။   ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ၊ အောင်မင်္ဂလာအဝေးပြေး ကားကွင်းအတွင်း ယနေ့ နံနက်ပိုင်းက သေဆုံးနေသည့် အမျိုးသား (၂) ဦးရုပ်အလောင်းများ တွေ့ရှိခဲ့ကြောင်း ပုလဲ အရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။   အောင်မင်္ဂလာအဝေးပြေးကားကွင်း စစ်ကိုင်းလမ်းနှင့် တနင်္သာရီလမ်းတွင် အမျိုးသား (၂) ဦး ရုပ်အလောင်း တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း၊ သေဆုံးရုပ်အလောင်းများ၏ အမည်၊ အသက်နှင့် ‌နေရပ်လိပ်စာများကို စုံစမ်းစဲဖြစ်ပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့က မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း (၂) ကိုသိမ်းပိုက်ထား RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း (၂) ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ) အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။ (more…)
Read More
မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်

မြောက်ပိုင်းမှာ အားကောင်းနေသည့် TNLA အရာရှိနှင့် ဗိုလ်သင်တန်းဆင်းပွဲ ပြုလုပ်

RNA_ဇန်နဝါရီ ၂၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အားကောင်းနေသည့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က ယနေ့ နံနက်ပိုင်းက နမ့်ဆန်မြို့နယ်မှာ အလုပ်သင်အရာရှိနှင့် ဗိုလ်သင်တန်းကျောင်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။ PSLF/TNLA ၏ ယနေ့ ကျင်းပပြုလုပ်သည့် အပတ်စဉ် (၃) သင်တန်းဆင်းပွဲတွင် အလုပ်သင်အရာရှိသင်တန်းမှ သင်တန်းသား (၁၀၅)ဦးကို အရာရှိအဖြစ်ခန့်အပ်ခဲ့ကြောင်း၊ အပတ်စဉ် (၂) ဗိုလ်လောင်းသင်တန်းဆင်းပွဲမှ ဗိုလ်လောင်း (၅၁) ဦးကို အရာရှိအဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ (more…)
Read More
မန္တလေး PDF နှင့် ဝက်လက် PDF စုစုပေါင်း ၁၆ ဦး ဖမ်းဆီးခံရ

မန္တလေး PDF နှင့် ဝက်လက် PDF စုစုပေါင်း ၁၆ ဦး ဖမ်းဆီးခံရ

RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။   အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံများက နှစ်သစ်ကူးကာလ မန္တလေးမြို့ပေါ် ဖောက်ခွဲရန်စီစဥ်နေသည်ဟု စွပ်စွဲကာ မန္တလေး PDF (Mandalay Young Force) နှင့် ဝက်လက် PDF တို့မှ အမျိုးသမီး (၂) ဦးအပါအဝင် (၁၆) ဦးကို ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။   ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF)…
Read More
စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲ ဆန့်ကျင်ကြဖို့ အသိပညာပေးဟောပြော

RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။   အကြမ်းဖက် အာဏာသိမ်းစစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန်အတွက် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာတရွာ၏ စာသင် ကျောင်းတွင် ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီက ယနေ့ နံနက်ပိုင်းက အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြသည်။   "တရားမဝင် ရွေးကောက်ပွဲဖြင့် ဖက်ဆစ်စစ်တပ်ကို ထွက်ပေါက်မပေးကြေး" စာတန်းပါ ဗွီနိုင်းဖြင့် ကမ်ပိန်းများပြုလုပ်ခဲ့ကြောင်း၊ စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကို ဆန့်ကျင်ကြရန် တိုက်တွန်းထားခြင်းဖြစ်သည်။ (more…)
Read More
“တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

“တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ “

RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Yinmarbin Local People's Defence Force ၏ လုံခြုံရေးပေးမှုနှင့်အတူ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းမှ စစ်အာဏာရှင်ဆန့်ကျင်ရေး "တော်လှန်သော နှစ်သစ်သာဖြစ်ပါစေ မိတ်ဆွေ " စာသားကိုကိုင်ဆောင်ပြီး ယနေ့ ဆန္ဒပြခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More