ပြည်သူတွေအနေနဲ့”အောင်စိတ်”နဲ့သာ ယုံနေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်းတွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲသွေးခွဲစကားအပြုအမူတွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်နေဖို့ပါပဲ
မင်းကိုနိုင်
တော်လှန်ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်းခြေ ရောက်မြဲပါ။
မြို့ပြကြီးတွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်တွေ၊ထင်ရှားသြဇာကြီးသူတွေနဲ့ အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါဖောင်းမင့်စုံတွေနဲ့၊ဝန်းရံသူတွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်းတွေပိတ်ဆို့ ခုခံကာကွယ်ရ၊ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်တွေနဲ့တုန့်ပြန်ရတာတွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအခြေအနေအပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်ကြောင်းကမ္ဘာကိုပြရတာပါပဲ။
လှိုင်းလုံးကြီးတွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်တွေကြောင့် စစ်ကောင်စီဟာ အစိုးရဖြစ်ခွင့်တောင် အိပ်မက်မက်ခွင့်မရှိအောင် ယန္တယားတွေ ဆွံ့အသွားပါပြီ။ တိုင်းရင်းသားဒေသတွေမှာ EAO အပါအဝင်အဖွဲ့အစည်းပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်းတွေကြောင့် CDM ဝန်ထမ်းတွေ စစ်ကောင်စီရဲ့ လက်နက်ကိုင်တွေ စုပေါင်းအင်အားရာကျော်ထောင်ချီ ခိုလှုံပူးပေါင်းလာကြလို့ နေရာချစီစဥ် ဆောင်ရွက်မှုတွေ လက်မလည်အောင်လုပ်နေရပါပြီ။
နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်ပေးပါ။ Scandinavian တိုင်းပြည်တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊ အမေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့သူရဲဘောကြောင်ရမ်းကားမှုတွေအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေတွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင် လက်ပါကြရစမြဲပါ။ အရေးယူဆောင်ရွက်မှုတွေတန်းစီနေပါတယ်။
(more…)