စစ်အာဏာရှင်စနစ်

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

ပဲခူးခရိုင် ဗကသဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို အကျဉ်းထောင်မှထုတ်ကာ စစ်ကောင်စီလက်အောက်ခံများက သတ်ဖြတ်

RNA_ဇူလိုင်(၈)၊၂၀၂၃ ခုနှစ်။ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကော အကျဉ်းထောင်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ပဲခူးခရိုင် ဗကသဒုက္ကဋ္ဌ ကိုခန့်လင်းနိုင်ကို စစ်ကောင်စီလက်အောက်ခံများက အကျဉ်းထောင်မှထုတ်သွားပြီး သတ်ဖြတ်ခဲ့သည့်အတွက် ကျဆုံးခဲ့ရကြောင်း သိရသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပဲခူးခရိုင် ဒုဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ပါအဝင် နိုင်ငံရေးအကျဉ်းသား လေးဦးကို စစ်ကောင်စီလက်အောက်ခံများက၂၀၂၃ ခုနှစ် မေလ ၂၈ ရက်နေ့က ခေါ်ထုတ်သွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေရာမှ ၂၀၂၃ ခုနှစ် ဇူလိုင် ၇ ရက်နေ့က ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်ဟု ဗကသများအဖွဲ့ချုပ်က ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

ထိုင်းနိုင်ငံရေး အပြောင်းအလဲကြောင့် ရွေ့ပြောင်းလုပ်သားများနှင့် နိုင်ငံရေးခိုလှုံသူများအရေး ယခုထက်အကူအညီရနိုင်သည်ဟု မျှော်လင့်နေ

RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။   ထိုင်းနိုင်ငံတွင် လူထုကတင်မြှောက်လိုက်သည့် အစိုးရအပြောင်းအလဲတွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် ရွေ့ပြောင်းလုပ်သားများအရေးနှင့် နိုင်ငံရေးခိုလှုံသူများအရေး အထောက်အကူဖြစ်နိုင်သည်ဟု မျှောင်လင့်ထားကြောင်း မြန်မာဒီမိုကရေစီရေးတွင် ထဲထဲဝင်ဝင်ပါဝင်နေသူများထံမှ သိရသည်။   ၂၀၂၃ ခုနှစ် မေလ ၁၅ ရက်နေ့က ထုတ်ပြန်သည့် ထိုင်းနိုင်ငံ၏ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် Move forward Party ( พรรคก้าวไกล )က လွှတ်တော်ကိုယ်စားလှယ်အများဆုံး ရွေးကောက်တင်မြှောက်ခံထားရပြီး အခြားမဟာမိတ်များနှင့် ပူးပေါင်းက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေကြောင်း၊ ရွေးကောက်ပွဲအနိုင်ငံ Move forward Party ( พรรคก้าวไกล )သည် မြန်မာနိုင်ငံမှ စစ်အာဏာရှင်များ၏ လုပ်ရပ်များကို လက်မခံနိုင်သည့် ပါတီဖြစ်ကြောင်း…
Read More
မြောက်ဥက္ကလာပမြို့နယ် ဗကသများအဖွဲ့ချုပ်မှ ရဲဘော်ကိုကောင်းဆက်ပိုင် သေဒဏ်ချမှတ်ခံရ

မြောက်ဥက္ကလာပမြို့နယ် ဗကသများအဖွဲ့ချုပ်မှ ရဲဘော်ကိုကောင်းဆက်ပိုင် သေဒဏ်ချမှတ်ခံရ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။ မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ မြေပြင်ရေးရာတာဝန်ခံရဲဘော် ကိုကောင်းဆက်ပိုင်အား အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ တရားရုံးမှ ဧပြီလ (၂၅) ရက်နေ့က သေဒဏ်ချမှတ် ခံခဲ့ရကြောင်း သိရသည်။ ရဲဘော် ကိုကောင်းဆက်ပိုင်အား မတ်လ ၂၂ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့ဖြင့် တသက်တကျွန်း အမိန့်ချမှတ်ထားကြောင်း၊ ဧပြီ ၂၅ ရက််နေ့မှာ ပုဒ်မ ၅၀ စျ၊ ၄၉ က တို့ဖြင့် သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

စစ်ကောင်စီကို နိုင်ငံရေးအသာစီးရရန် ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့လို

RNA_ဇန်နဝါရီ (၅)၊ ၂၀၂၃ ခုနှစ်။ ၂၀၂၃ ခုနှစ် တော်လှန်ရေးအခြေအနေများနှင့် ပတ်သက်ပြီး ဗကသ ဥက္ကဌဟောင်း ဆိုရှယ်ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကျော်ကိုနှင့် မေးမြန်းထားမှုတွင် စစ်ကောင်စီပြုလုပ်မည့် ရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ဆန့်ကျင်မှသာ နိုင်ငံရေးအသားစီးရမှာဖြစ်သည့်အကြောင်းအပါအဝင် တော်လှန်ရေးနှင့် ပတ်သက်သည့် သဘေားထားများကို ပြောကြားထားသည်။ #RedNewsAgency
Read More
လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

လွတ်လပ်ရေးနေ့တွင် ဖောက်ခွဲရေးလုပ်မည့် နေပြည်တော် တပ်ကုန်းPDF (၃)ဦး ဖမ်းဆီးရမိဟု စစ်ကောင်စီထုတ်ပြန်

RNA_ဇန်နဝါရီ (၄)၊၂၀၂၃ခုနှစ်။   လွတ်လပ်ရေးနေ့တွင် တပ်ကုန်းမြို့နယ်တွင်းရှိ နေရာတော်တော်များများကို ဖောက်ခွဲရေးပြုလုပ်မည့် တပ်ကုန်းမြို့နယ် PDF (၃) ဦးကို ဖမ်းဆီးရမိခဲ့သည့်ဟု စွပ်စွဲကာ အကြမ်းဖက်အာဏာသိမ်း စစ်ကောင်စီက ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင်ကျဆုံး

Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် ကျဆုံး၊ တိုက်ပွဲမှာ တောင်စွန်း BGF စခန်း (၂) ကိုသိမ်းပိုက်ထား RNA_ဇန်နဝါရီ၂၊၂၀၂၃ခုနှစ်။ ကရင်ပြည်နယ်၊ ဘုရားသုံးဆူလမ်းပေါ်ရှိ တောင်စွန်း BGF စခန်း (၂) ခုကို သိမ်းထားနိုင်ပြီး Lion Battalion Commando-ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ) အနဲ့နှင့်ပူးပေါင်းတပ်ဖွဲ့မှရဲဘော်တချို့ကျဆုံးခဲ့ရကြောင်းသိရသည်။ (more…)
Read More
၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေဟာ တော်လှန်ရေး ဆင်နွှဲနေရင်း ၂၀၂၁ ခုနှစ် နောက်ဆုံးရက် ညနေခင်းမှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားမှု နည်းပါးနေတာ တွေ့မြင်ရသည်။ စစ်တပ်အာဏာသိမ်းပြီး ပြည်သူတွေ ၂၀၂၁ ခုနှစ် တနှစ်လုံးနီးပါး ဝမ်းနည်းပူဆွေးမှုတွေ မျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရပြီး ခုခံစစ်နှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးကြီးအောင်မြင်ပါစေဟု Red News Agency က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်လိုက်သည့် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရှိရေး၊…
Read More
နိမ့်၊မြင့်၊လှိုင်းလုံးများဖြင့် အောင်မြင်ခြင်း ကမ်းခြေသို့

နိမ့်၊မြင့်၊လှိုင်းလုံးများဖြင့် အောင်မြင်ခြင်း ကမ်းခြေသို့

ပြည်သူ​တွေအ​နေနဲ့”​အောင်စိတ်”နဲ့သာ ယုံ​နေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ မင်းကိုနိုင် တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။ မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။ လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။ တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီ ခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ်…
Read More