28                                    
                                    
                                        Apr 
                                    
                                
                            
                        
                        
                    
                        RNA_ဧပြီ(၂၈)၊၂၀၂၃ ခုနှစ်။   ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်း ဧပြီလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၅၀) ဦးထက်မနည်းသေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။   မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဧပြီလ ၂၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀)ဦးသေဆုံးပြီး အရှင် (၂) ဦးဖမ်းဆီးရမိကြောင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ် မြောက်စလုံးကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ ဧပြီီ ၂၄ ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးကြောင်း၊ ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း…                    
                                            
                                    
 
                             
                            