
Tag: KGZ
-

မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး
RNA_ဧပြီ(၂၈)၊၂၀၂၃ ခုနှစ်။ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်း ဧပြီလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၅၀) ဦးထက်မနည်းသေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။
မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဧပြီလ ၂၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀)ဦးသေဆုံးပြီး အရှင် (၂) ဦးဖမ်းဆီးရမိကြောင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ် မြောက်စလုံးကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ ဧပြီီ ၂၄ ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးကြောင်း၊ ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း KNDF ကထုတ်ပြန်ထားသည်။ -

မိုးဗြဲမြို့နယ်မှာ ယနေ့ (၆) နာရီကြာ တိုက်ပွဲဖြစ်
RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။
ရှမ်းပြည်နယ် (တောင်ပိုင်း)နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့၊ လွယ်ယင်းမင်္ဂလာကျေးရွာ ကာလဝါရီတောင်ပေါ်တွင် ထိုးစစ်ဆင်တပ်စွဲထားသော စစ်ကောင်စီကို ဒေသခံ ပြည်ဟူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ (၆) နာရီကြာ တိုက်ခိုက်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ : အလယ်ပိုင်း(၁၁၀၂)တပ်ရင်း ကာလဝါရီတောင်ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းနှင့်အတူ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB PDF 1001 ၊ 1007 )၊ ဖယ်ခုံ PDF B-01၊ လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ နေပြည်တော် PDF၊ KNDF၊ KGZ၊ URF စသည့် မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ ၅ နာရီ ၃၀ မိနစ်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။
-

စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး
RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။
ကရင်နီပြည် ( ကယား)၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် အမာခံတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တော်လှန်းရေးတပ်ဖွဲ့များပူးပေါင်း တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း သေဆုံးကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်က လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေကြရကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကြောင်စီဘက်က အသေအဆုံးများကြောင်း သိရသည်။
မိုင်းလုံးရပ်ကွက်ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-PDF)၊ လွိုင်ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF)၊ KNDF၊ KA၊ KDF၊ KGZ၊ GZ-21အပြင် အခြားတော်လှန်ရေးတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုများရှိပြီး တဦးကျဆုံးကြောင်း သိရသည်။
Red News Agency