သတင်း

တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force - TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။ စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။ Red News Agency
Read More
AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

AA အား ထောက်ပံ့ပေးသည့် အမာခံများအား စုံစမ်းဖော်ထုတ် အရေးယူရန် နပခတိုင်းမှူးမှ ညွှန်ကြား 

RNA_စက်တင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။ စစ်ကောင်စီတပ်လက်အောက်ခံ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) တိုင်းမှူးမှ ‌AAအား ထောက်ပံ့ပေးနေသည့် အမာခံများအား စုံစမ်းဖော်ထုတ်အရေးယူရန် စက်တင်ဘာလ (၂၀) ရက်နေ့က Video Conferencing ဖြင့် နပခကွပ်ကဲမှုအောက်ရှိ တမခမှူး၊ စကခမှူး၊ ရေတပ်ဌနခမှူး၊ နဖ(၁)မှူး၊ စဗာမှူး၊ နဗဟမှူး၊ လကရကျောင်းအုပ်ကြီးများ၊ တပ်ဖွဲ့မှူးများအား ညွှန်ကြားခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ်အတွင်းရှိကုန်သည်၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ဝန်ထမ်းများအား ခေါ်ယူ၍ အစည်းအဝေးပြုလုပ်ပြီး AA နှင့် ဆက်သွယ်မှုပြုလုပ်ပါက ထိရောက်စွာ အရေးယူသွားမည်ဟု ပြောကြားထားရန်နှင့် ကုန်လမ်း၊ ရေလမ်းကြောင်းများရှိ စစ်ဆေးရေးဂိတ်များ စနစ်တကျ စစ်ဆေးသွားရန် ညွှန်ကြားထား သည်။ (more…)
Read More
PDF များဝန်းရံလိုက်ပါသည့် ယင်းမာပင်ခရိုင် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်း 

PDF များဝန်းရံလိုက်ပါသည့် ယင်းမာပင်ခရိုင် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်း 

RNA_စက်တင်ဘာ(၂၁)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်း ယမန်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဝန်းရံ လုံခြုံရေးယူပေးခဲ့သည့် ကျေးရွာစုံလူထုသပိတ်စစ်ကြောင်းက ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း၊ စစ်ကောင်စီတပ်သားတွေ CDM ပြုလုပ်ကြရန် ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။ Red News Agency
Read More
ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

ကြိတ်စခန်းကို KNLA တပ်ရင်း (၁၈)နှင့် ပူးပေါင်းတပ်ဖွဲ့ တို့ တိုက်ခိုက်သိမ်းပိုက်အပြီး လက်နက်အများအပြားသိမ်းဆည်းရမိ

RNA_စက်တင်ဘာ(၂၁)၊ ၂၀၂၂ ခုနှစ်။ ကေအဲန်ယူ- ကော့ကရိတ်မြို့နယ် KNLA တပ်ရင်း (၁၈)နှင့် ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့တို့က စစ်ကောင်စီတပ် ခမရ - ၅၅၇ ခြေကုတ်စခန်းဖြစ်သည့် ကြိတ်စခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ နေ့လည် ၂ နာရီ ၁၉ မိနစ်ဝန်းကျင်က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်အများအပြားဖမ်းဆီးရမိခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

RNA_စက်တင်ဘာ (၂၁)၊ ၂၀၂၂ ခုနှစ်။ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ၊ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့ကို ထောက်ပံ့ လှူဒါန်းမယ်ဆိုရင် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူမှာဖြစ်ပြီး၊ ထောင်ဒဏ် ၃ နှစ်၊ ၅နှစ် ၊ ၁၀ နှစ်မှသည် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း စစ်ကော်စီ အလိုတော်ကျ သတင်းပြန်ကြားပေးနေသူ ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုထားသည်။ နေပြည်တော်မှာ ယမန်နေ့( စက်တင်ဘာ ၂၀ )က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ Kpay အပါအဝင် Mobile Banking ငွေပေးချေမှု အကောင့်များကို Level (2 )အဆင့်တိုးမြှင်ရန်ထုတ်ပြန်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်…
Read More
ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်) မိုင်းနင်းမိပြီး ကျဆုံး 

ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်) မိုင်းနင်းမိပြီး ကျဆုံး 

RNA_စက်တင်ဘာ၂၀၊၂၀၂၂ခုနှစ်။ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာ ရှေ့တန်းသို့ ဆေးကုရန် ဦးလေးဖြစ်သူနှင့် သွားပြီး ပြန်လာနေစဉ် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှ ဆေးမှူးတာဝန်ထမ်းဆောင်ခဲ့သော ရဲမေ မဇယ်ရာမီးနာ (အသက်(၁၈)နှစ်သည်) စက်တင်ဘာလ(၁၈)နေ့ ညနေ(၄)နာရီအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျေးရွာအတွင်း ထောင်ထားသောမိုင်း နင်းမိ၍ ကျဆုံးခဲ့ရကြောင်း သိရသည်။ ရဲမေ မဇယ်ရာမီးနာသည် စစ်ကောင်စီတပ် ကျေးရွာအတွင်းထောင်ထားသည့် မိုင်းနင်းမိပြီး ကျဆုံးခဲ့ရပြီး အတူသွားလာခဲ့သည့် ဦးလေးဖြစ်သူ ‌ဦးပေါလူခွန်း အသက်(၅၀)နှစ်သည် ဘယ်လက်နှင့် ဘယ်ခြေထောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်ဟု DMO-Local PDF က ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

RNA_စက်တင်ဘာ (၂၀)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် မကြမ်းဖက် တိုက်ခိုက် ပစ်ခတ်သည့်အတွက် ကလေးငယ် (၁၁) ဦး သေဆုံးခဲ့ရပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိပါသည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

RNA_စက်တင်ဘာ ၁၉၊ ၂၀၂၂ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာလ (၁၁) ရက်နေ့ညက ပြန်ရောက်လာပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည်ကို တွေ့ရသည်။ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုပ်သံများနှင့် သတင်းစာများတွင် မင်းအောင်လှိုင်နှင့်ပက်သက်ပြီး သ တင်းဖော်​ပြခြင်း မရှိသည်ကိုတွေ့ရသည်။ ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံနွေးမှုဟု ဆိုကာ ဟန်ပြလုပ်ဆောင်နေသည်။ ထို လက်နက် ကိုင် ၁၀ တွင်လည်း တိုက်ပွဲများ ဆင်နွှဲနေကြသည့်အဖွဲ့ အများစုပါနေသည်။ (more…)
Read More
မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

RNA_စက်တင်ဘာ (၁၉)၊၂၀၂၂ခုနှစ်။ မန္တလေးတိုင်း၊ မြစ်ငယ်မြို့ပေါ်မှ မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ်ကြောင်း မြစ်ငယ်မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ - MNPDF က အရေးယူမည်မဟုတ်ကြောင်း သိရသည်။ မြစ်ငယ်မြို့ပေါ်မှ မီးရထားဝန်ထမ်းများနှင့် ပတ်သက်ပြီး တော်လှန်ရေးပုံရိပ်ကို ဝေဝါးစေရန်အတွက် ပုံမှားရိုက်ပြီး ခြိမ်းခြောက်စာများ ပို့နေသူများရှိကြောင်း သိရသည်။ (more…)
Read More
ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

ရခိုင်ပြည်နယ်ရှိ စစ်ကောင်စီတပ် နယ်စပ်စခန်းများကို AA သိမ်းပိုက်ထား 

RNA_စက်တင်ဘာ(၁၈)၊၂၀၂၂ခုနှစ်။ ရခိုင်ပြည်နယ်ရှိ ရက္ခိုင့်တပ်တော် - AA ရဲဘော်များက စစ်ကောင်စီတပ်စခန်းများကို ပိတ်ဆို့ထားသည့်အတွက် လေကြောင်းအပါအဝင် လက်နက်ကြီးများဖြင့် နေ့စဉ်တိုက်ခိုက်နေသော်လည်း စစ်ကောင်စီတပ် နယ်စပ် စခန်းများကို AA ရဲဘော်များက ပိတ်ဆို့ထားနိုင်သလို အပြီးတိုင် သိမ်းပိုက်ထားမှုများရှိကြောင်း AA က ယနေ့ ထုတ်ပြန်ထားသည်။ ပလက်ဝမြို့နယ်၊ နှမဒါရွာ၏ တောင်ဘက်၊ အရှေ့ မြောက်ဘက်နှင့်သူဌေးကုန်းရွာ အနောက်မြောက်ဘက် စသည့်နေရာ (၃) နေရာတို့တွင် မြန်မာစစ်တပ်သည် ရက္ခိုင့်တပ်တော်အား လေကြောင်း၊ လက်နက် ကြီးပစ်ကူများအပါအဝင် မြေပြင်၊ ဝေဟင်ပူးပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက် နေခဲ့သည်မှာ တစ်လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ ပလက်ဝဒေသအတွင်းရှိ မြန်မာစစ်တပ်၏ အထိုင်ချတပ်စခန်းအချို့နှင့် ၎င်းတို့၏ လှုပ်ရှားစစ်ကြောင်းအချို့အား ဖြတ်တောက်ပိတ်ဆို့ ဝိုင်းထားသောကြောင့် လမ်းကြောင်းများ…
Read More