30
Dec
RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း ယနေ့ နေ့လည် ၂ နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦး ထိမှန်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။ ပထမအကြိမ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲစဉ်တွင် အမျိုးသမီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ကချင်ကတ်သောလစ်အသင်းတော် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲစဉ်တွင် ဘုရားကျောင်းမှ ဆရာမ နှစ်ဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့သည်။ (more…)
