စစ်ကောင်စီတပ် ဗိုလ်မှူးအသတ်ခံခဲ့ရသည့် KTV ရှေ့လမ်းတွင် KPDF တစ်ဦးနှင့် အရပ်သားတဦးကို ပစ်သတ်ခံရ

Written by

in

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။
 
ဖားကန့်မြို့နယ်၊ မရှီကထောင်ရပ်ကွက်ရှိ Happy KTV တွင် စစ်ကောင်စီတပ် ဗိုလ်မှူးနှင့်အပေါင်းအပါများ ပစ်ခတ်ခံရမှုကို လက်စားချေသည့်အနေဖြင့် စစ်ကောင်စီတပ်သားများက ယနေ့ နံနက် ( ဧပြီလ ၂၄ ရက်) စောစောပိုင်းက Happy KTV ရှေ့အဝင်လမ်းရှေ့တွင် KPDF ရဲဘော်တဦးနှင့် အရပ်သားတဦးကို ပစ်ခတ်သတ်ဖြတ်ထားကြောာင်း သိရသည်။
 
စစ်ကောင်စီတပ်၏ ပစ်သတ်ခံရသူများထဲတွင် ကိုအောင်ကြည်မင်း (ခ) ဆိုင်ကလုံး (အသက်(၂၅)နှစ်) နှင့် KPDF အဖွဲ့ဝင်တဦးဖြစ်ကြောင်း၊ လမ်းမပေါ်တွင် ပစ်ခတ်ခံရသူ (၂) ဦးကို ဖေဖော်ဝါရီ (၁၃)ရက်နေ့ည (၁၂)နာရီခန့်က လုံးခင်းကျေးရွာဘက်မှ မဇွပ်ယန်ကျေးရွာဘက်အလာတွင် စစ်ကောင်စီတပ်နှင့်တွေ့ပြီး အဖမ်းခံခဲ့ရသူဖြစ်ကြောင်း သိရသည်။

ဖားကန့် Happy KTV တွင် ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံ တပ်ရင်း(၁၃)၊ ယခု လုံးခင်းလယ်ပြင် ယမ်းချက်စက်ရုံမှ 2IC DSA (၄၇) ဗိုလ်မှူး ဇော်မောင်(ခ)ဇော်မိုင် နှင့် လုံးခင်းကျေးရွာမှ ကျောက်လုပ်ငန်းရှင် ဦးဘတုတ်၊ ရဲအရာခံဗိုလ်ထွက် ဦးတင်မောင်လတ်နှင့် ဇနီးဖြစ်သူတရုတ်မတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
 
#RedNewsAgency