မြောက်ဥက္ကလာပမြို့နယ် ဗကသများအဖွဲ့ချုပ်မှ ရဲဘော်ကိုကောင်းဆက်ပိုင် သေဒဏ်ချမှတ်ခံရ

RNA_ဧပြီ(၂၉)၊၂၀၂၃ ခုနှစ်။

မြောက်ဥက္ကလာပမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ မြေပြင်ရေးရာတာဝန်ခံရဲဘော် ကိုကောင်းဆက်ပိုင်အား အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ တရားရုံးမှ ဧပြီလ (၂၅) ရက်နေ့က သေဒဏ်ချမှတ် ခံခဲ့ရကြောင်း သိရသည်။

ရဲဘော် ကိုကောင်းဆက်ပိုင်အား မတ်လ ၂၂ ရက်နေ့က အင်းစိန်ထောင်တွင်း စစ်ခုံရုံးမှ ပုဒ်မ ၅၀၅ (က)၊ ၅၀ (ည) တို့ဖြင့် တသက်တကျွန်း အမိန့်ချမှတ်ထားကြောင်း၊ ဧပြီ ၂၅ ရက််နေ့မှာ ပုဒ်မ ၅၀ စျ၊ ၄၉ က တို့ဖြင့် သေဒဏ်အမိန့် ထပ်တိုးချမှတ်လိုက်ကြောင်း သိရသည်။

အသက် ၂၀ နှစ်အရွယ်ရှိ ဗကသရဲဘော် ကိုကောင်းဆက်ပိုင်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်၏ အကြမ်းဖက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း အထက (၁) မြောက်ဥက္ကလာပ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၏ ဒုဥက္ကဌ ကိုဟိန်းထက် (ခ)ကိုပိုပိုအား စစ်ကောင်စီမှ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့သည်။

အာဏာသိမ်း မင်းအောင်လှိုင် ဦးဆောင်သည့် ဖက်ဆစ်အုပ်စုသည် ပြည်သူလူထုအား အကြမ်းဖက် နှိပ်စက်သတ်ဖြတ်ကာ ဖိနှိပ်အုပ်ချုပ်နေသည့် ကာလဖြစ်သည့်အတွက် စစ်အစိုးရ၊ စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရား (စစ်သုံးစစ်) ဖြင့် အခိုင်အမာ တည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်း သုတ်သင်ရန် လူထုလူတန်းစားပေါင်းစုံ အဖိနှိပ်ခံပြည်သူလူထုတရပ်လုံး၏ အရေးအကြီးဆုံး တာဝန်တရပ်ဖြစ်ကြောင်း၊ စစ်သုံးစစ် ကို အဖိနှိပ်ခံပြည်သူလူထုတရပ်လုံးက ထိရောက်မှန်ကန်သည့် နည်းလမ်းပေါင်းစုံဖြင့် ဆက်လက်တိုက်ပွဲဝင်ကြပါရန် ဗကသများအဖွဲ့ချုပ်က တိုက်တွန်းနှိုးဆော်ထားသည်။

#RedNewsAgency

By Editor