ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။
 
ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက်၊ ချင်းကာကွယ်ရေးတပ်-မင်းတပ် (CDF-Mindat) ရဲဘော်များမှ (၂) နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ (၄၅၀) ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး၊ တိုက်ပွဲများအတွင်း CDF-Mindat ရဲဘော် (၅၅) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။
 
မင်းတပ်ပြည်သူများသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လူမဲ့သပိတ်ပြုလုပ်နေသည့် ပြည်သူ (၇)ဦးအား ဖမ်းဆီးခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစပြီး မင်းတပ်ပြည်သူများသည် ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့သည်မှာ ယနေ့ ( ဧပြီလ ၂၄ ရက်) သည် (၂)နှစ်ပြည့်မြောက်ပြီဖြစ်ကြောင်း CDF-Mindat ယနေ့ ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်နှင့် (၂) နှစ်အတွင်း တိုက်ပွဲ ( ၁၂၈) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၄၅၀) ကျော်သေဆုံးကာ စစ်ကား၊ ရဲကား၊ ရဲစခန်းတချို့တို့ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ CDF-Mindat မှ ကျဆုံးသွားသည့် သူရဲကောင်းများကို ဂုဏ်ပြုသတိရလျှက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိသည်အထိ တော်လှန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
#RedNewsAgency
By Editor