CDF-Mindat

တိုက်ပွဲ ၄ ရက်အတွင်း ရေဇွာမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

တိုက်ပွဲ ၄ ရက်အတွင်း ရေဇွာမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့

RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ ခုနှစ်။ ချင်းပြည်နယ်၊ ရေဇွာမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ နိုင်ဝင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး နိုဝင်ဘာ ၂၉ ရက်နေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်ဟု သိရသည်။ မြို့သိမ်းတိုက်ပွဲကို ZZLMS Operation ဟု အမည်ပေးထားကြောင်း၊ ZZLMS ညီနောင်များနှင့်အတူ ချင်းအမျိုးသားတပ်ဦး CNA၊ CDF-MATUP တို့မှ ပါဝင်ပူးပေါင်းပါဝင် တိုက်ခိုက်ခဲ့ပြီး အလုံးစုံထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းများ ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်ဟု Chinland Defense Force-Zotung Cdf-Zotung က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်မှ (၂)နှစ်အတွင်း စစ်ကောင်စီတပ်သား (၄၅၀) ကျော်အားရှင်းလင်းနိုင်ခဲ့

RNA_ဧပြီ(၂၄)၊၂၀၂၃ ခုနှစ်။   ချင်းပြည်နယ်၊ မင်းတပ်အခြေစိုက်၊ ချင်းကာကွယ်ရေးတပ်-မင်းတပ် (CDF-Mindat) ရဲဘော်များမှ (၂) နှစ်အတွင်း အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ (၄၅၀) ကျော်အား ရှင်းလင်းနိုင်ခဲ့ပြီး၊ တိုက်ပွဲများအတွင်း CDF-Mindat ရဲဘော် (၅၅) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   မင်းတပ်ပြည်သူများသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၄) ရက်နေ့မှစတင်ကာ အကြမ်းမဖက်သောနည်းဖြင့် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြောင်း၊ အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့က မင်းတပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ လူမဲ့သပိတ်ပြုလုပ်နေသည့် ပြည်သူ (၇)ဦးအား ဖမ်းဆီးခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့မှစပြီး မင်းတပ်ပြည်သူများသည် ရရာလက်နက်ဆွဲကိုင်ပြီး ခုခံတော်လှန်ခဲ့သည်မှာ…
Read More
မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။ အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF - Mindat ကယနေ့ ထုတ်ပြန်ထားသည်။ မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။ (more…)
Read More
ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

ကျောက်ထုမြို့နယ် စံရွာအနောက်တောင်ကြောတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ (၁၀) ဦးခန့် သေဆုံး

RNA_ဧပြီ(၁)၊ ၂၀၂၃ ခုနှစ်။   မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံရွာ အနောက်မြောက်တောင်ကြောတွင် စစ်ကောင်စီတပ် အင်အား (၁၃၀) ခန့်ပါ စစ်ကြောင်းနှင့် YDF ယောနက စစ်ကြောင်း၊ CDF - Mindat၊ ကျောက်ထုPDF တို့နှင့် မတ်လ (၃၀) ရက်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်မှ (၂)နာရီ ၂၀ မိနစ်ဝန်းကျင်အထိ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ (၁၀) ဦးခန့်သေဆုံးကြောင်း ယောကာကွယ်ရေးတပ် - YDF မှ ယနေ့ ထုတ်ပြန်ထားသည်။   ဒေသခံတစ်ဦး၏အဆိုအရ “ဒီနေ့ လေကြောင်းတိုက်ခိုက်မှု့ ဖြစ်ပွားတဲ့ ဆောမြို့နယ်နှင့် မင်းတပ်မြို့နယ်အစပ် ထိတွေ့မှုအပြီး ညနေပိုင်းမှာ စခတွေ…
Read More