မဟာမိတ်တပ်ပေါင်းစုနှင့် (၂) ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် (၅၀) ခန့်သေဆုံး

RNA_ဧပြီ(၂၈)၊၂၀၂၃ ခုနှစ်။
 
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့နယ်အတွင်း ဧပြီလ ၂၄ ရက်နေ့နှင့် ၂၆ ရက်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များနှင့် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ (၅၀) ဦးထက်မနည်းသေဆုံးကြောင်း KNDF က ထုတ်ပြန်ထားသည်။
 
မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို ဧပြီလ ၂၆ ရက်နေ့က မဟာမိတ်တပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၂၀)ဦးသေဆုံးပြီး အရှင် (၂) ဦးဖမ်းဆီးရမိကြောင်း၊ ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ် အစပ် မြောက်စလုံးကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်ကို မဟာမိတ်တပ်ဖွဲ့များ ဧပြီီ ၂၄ ရက်နေ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ (၃၀) ဦးအထက် သေဆုံးကြောင်း၊ ယင်းတိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း KNDF ကထုတ်ပြန်ထားသည်။

မြောက်စလုံးကျေးရွာတွင် KA ၊ KNDF B/11 ၊ KNDF B/22 ၊KNDF B/03 ၊ KNDF ဗျူဟာ (၅) ၊ KNDF UAV ၊ PNDF-KK ၊ မိုးဗြဲပြည်သူ့ကာကွယ် ရေးတပ် (MBPDF)တပ်ရင်း (၂) ၊ ကရင်နီတပ်ပေါင်းစု၊ KGZ ၊ KRU ၊ URF တို့ပူးပေါင်း၍ တစ်နေကုန်နီးပါး ချေမှုန်းတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၃၀) ဦးနှင့်အထက်သေဆုံးပြီး MA-1 (၃)လက် ၊ MA-2 (၃)လက်၊ MA-3 (၂)လက်၊ MA-4 ၇၉တွဲ (၁) လက်၊ MG-3 (၁)လက်၊ RPG 7 (၁)လက်၊ 60MM စိန်ပြောင်း (၁)လက်၊ ဆက်သွယ်ရေးစက်(၂)လုံးနှင့် ဆက်စပ်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။
 
မိုးဗြဲမြို့ ၊ ညောင်ဝိုင်းရပ်ကွက်အတွင်း တပ်စွဲထားသော စစ်ကောင်စီ၏ တပ်မ (၆၆) လက်အောက်ခံ ခမရ (၁၀) တပ်ရင်းတပ်ဖွဲ့များအား KNDF B/03 ၊ KNDF B/01 ၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF) တပ်ရင်းအမှတ် (၁၀၀၁)နှင့် မြို့ပြတော်လှန်ရေးတပ်ဦး (URF) တို့ပူးပေါင်း၍ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀)ဦးသေဆုံးကာ (၂)ဦးအား အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး၊ MA – 1 (၄)လက်၊ MA -2 (၄) လက်၊ MA -3 (၂) လက်၊ MA-4 (၁) လက်၊ RPG-7 (၁) လက်၊ (၆၀) မမပြောင်းတို (၂ )ပြောင်း သိမ်းဆည်းရမိခဲ့သည်။
 
#RedNewsAgency
By Editor