ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဧပြီ(၂၅)၊၂၀၂၃ ခုနှစ်။
 
ရှမ်း- ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များနှင့် ဧပြီလ (၂၄) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KnIC ကယနေ့ ထုတ်ပြန်ထားသည်။
 
စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၂၁ ရက်နေ့က မြောက်စလုံးကျေးရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသည့်စာရင်းကို အတိအကျ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း KNDF Bo- 11 မှရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း၊ KNDF၊ KA နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြောက်စလုံးကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ သေဆုံးမှုကို အတည်ပြု ထုတ်ပြန်မထားသော်လည်း စစ်ကောင်စီတပ်သားများ သေဆုံးမှု ဓာတ်ပုံကို Red News Agency Telegram တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
 
#RedNewsAgency
By Editor