စစ်ဘေးရှောင်စခန်းနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ

RNA_ဧပြီ(၂၆)၊၂၀၂၃ ခုနှစ်။
 
ရှမ်း-ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်နေရာနှင့် ဆေးရုံတဝိုက်ကို စစ်ကောင်စီတပ်လေကြောင်းမှ ဧပြီလ (၂၅) ရက်နေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်ဝန်းကျင်ခခန့်က ပေါင် ၅၀၀ ဗုံးတလုံး ကြဲချပြီး ပစ်ခတ်မှု (၇) ကြိမ်ရည်ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ဟု အမှတ် (၁၀၀၁) မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MBPDF)က ယနေ့ ထုတ်ပြန်ထားသည်။
 
#RedNewsAgency
By Editor