ULA/AA

AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

AA ရဲ့ မဟာဗျူဟာမြောက် ထိုးစစ်တွေအောက်မှာ စစ်တပ် ကျရှုံးသွားပြီလား?

"စစ်ကောင်စီရဲ့တပ်ရင်းတွေကို တိုက်တော့မယ်ဆိုရင် ရာဇသံပေးတာ AA ပဲတွေးဖူးပါသေးတယ်။ မတိုက်ခင် ဒေသခံတွေ ရှောင်ခိုင်းတယ်။ ပြီးမှ တိုက်မယ့်တပ်ရင်းတွေကို စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်တယ်။ အင်အားနည်းနေပြီလို့ထင်မှ သာလွန်အင်အားနဲ့ ဝင်လုံးပါတယ်။ နောက်ပြီးတော့ AA တပ်တော်က "အမာကိုရှောင်ပြီး အပျော့ကိုတိုက်တဲ့ " ဗျူဟာကိုသုံးတယ်" ရခိုင်ပြည်နယ်မှာ AA သိမ်းပြီးတဲ့မြို့တွေက ပလက်ဝ၊ ကျောက်တော်၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ပထမဆုံး အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်လာတဲ့ပုံစံလေးကို အရင်ကြည့်ရပါမယ်။ ဒါကတော့ ပထမဆုံး ပလက်ဝဒေသတခုလုံးကိုတိုက်တယ်၊ အဲ့ကနေ တဆင့် ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းလာပြီးတော့ မြောက်ဦး၊ မင်းပြား၊ ပြီးရင်ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊…
Read More
အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်း စစ်ဘေးရှောင် (၅) သိန်းကျော်တွင် (၈၀) ရာခိုင်နှုန်းမှာ မူဆလင်များဖြစ်

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။ တိုက်ပွဲအတွင်းမှ ဒေသခံပြည်သူများ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးနှင့် တိုက်ပွဲအတွင်း ကြားညပ်မသွားစေရေးအတွက် အာရက္ခတပ်တော် - AAအလုံးစုံထိန်းချုပ်ထားသောနယ်မြေအတွင်း စစ်ဘေးရှောင် ရောက်လာသူ (၅) သိန်းကျော်ရှိရာတွင် မူဆလင် (၈၀) ရာခိုင်နှုန်းနှင့် ရခိုင်နှင့် အခြားလူမျိုရစုမှာ (၂၀) ရာခိုင်နှုန်းရှိကြောင်း AAက ယနေ့ ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေအတွင်းမှ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ဆား ဆေးဝါးအပါအဝင် အခြေခံ အစားအစာများဖြင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားသော်လည်း နောက်လာမည့် ကာလများတွင် နေ့စဉ်သုံး အခြေခံအစားအစာများအပြင် ကလေးနှင့်အမျိုးသမီး လစဉ်သုံးပစ္စည်းများ၊ မိုးတွင်းကာလအတွက် အမိုးအကာ အိမ်သာများ အရေးတကြီး လိုအပ်လာမည်ဖြစ်သည့်အတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ စေတနာရှင်အဖွဲ့အစည်းများ၊ NGO…
Read More
အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

အာရက္ခမြေတွင် ပထမဆုံးပြုလုပ်နိုင်သည့် အာရက္ခတပ်တော်၏ အရာရှိသင်တန်း အောင်မြင်စွာပြုလုပ်နိုင်ခဲ့

RNA_မေ(၂၄)၊၂၀၂၄ ခုနှစ်။   အာရက္ခမြေတွင် ပထမဆုံးအကြိမ်အဖြစ် အာရက္ခတပ်တော် -AAမှ သင်တန်းသူ/သား (၃၂၆)ဦး ဖြင့် စတင်ဖွင့်လှစ်ခဲ့သည့် အရည်အချင်းပြည့်မီသော အရာရှိလေ့ကျင့်ရေးသင်တန်း၊ အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားအား တိုက်ပွဲကာလ၊ စစ်ရေး၊ နိုင်ငံရေး စိန်ခေါ်မှု၊ အခက်အခဲများအကြားမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။   အာရက္ခတပ်တော်၏ အမှတ်စဉ် (၃) အရာရှိလေ့ကျင့်ရေးသင်တန်းကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် အရာရှိလောင်းအဖြစ် အသိအမှတ် ပြုအခမ်းအနားပြုလုပ်ခဲ့ပြီးနောက် (၁၁) ခန့်အကြာ ၂၀၂၄ ခုနှစ် မေလ ၂၀ ရက်နေ့က သင်တန်းဆင်းနိုင်ခဲ့ကြောင်း၊…
Read More
လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

လူမျိုးပေါင်းစုံပြည်သူလူထုနှင့် အာရက္ခနိုင်ငံသစ်

"မြေပြန့်မြန်မာ ဖိနှိပ်ခံလူတန်းစားတွေအပါအဝင် လူမျိုးစုအားလုံးက အာရက္ခတပ်တော်ကို ထောက်ခံဖို့ တိုက်တွန်းချင်တာပါ။ ရိုဟင်ဂျာလူမျိုးတွေလည်း အာရက္ခတပ်တော်ကို ထောက်ခံပံ့ပိုးဖို့လိုပါတယ်။ ဒီတော်လှန်ရေးကာလမှာ အာရကန်ဘက်ကဝင်ကူပြီး တိုက်ပေးတဲ့ ရိုဟင်ဂျာတွေရှိရင် နောင်ဖြစ်လာမယ့် နိုင်ငံသစ်မှာ လူနည်းစုအခွင့်အရေး အပြည့်အဝရရှိဖို့ တောင်းဆိုရတာ ခက်ခဲမယ်မထင်ဘူး" အာရကန်လူမျိုးတွေ တော်လှန်ရေးလုပ်ရတဲ့အကြောင်းအရင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နိုင်ငံတနိုင်ငံ ထူထောင်နိုင်ဖို့အထိ ရည်ရွယ်ပါတယ်။ နှစ်ပေါင်းများစွာ သူတပါးလက်အောက်ခံဘဝနဲ့ နေထိုင်လာခဲ့ရတာကို အာရကန်လူမျိုးတွေက စိတ်ပိုင်းဆိုင်ရာအရ နာကြည်းခါးသီးနေခဲ့တာပါ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ဖို့အတွက် အာရက္ခတပ်တော် ( ULA / AA) ကို အားကောင်းအောင် တည်ဆောက်ပြီး အာရက္ခပြည် လုံးဝလွတ်မြောက်ရေးကို ဦးတည်တိုက်ပွဲဝင်နေပါတယ်။ ဒီအခြေအနေတွေကို ကျနော် နားလည်ထားသလို သုံးသပ်ရရင် လက်ရှိ ပြည်သူအားလုံး မုန်းတီးနေတဲ့…
Read More
လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

လူမျိုးရေး ဘာသာရေး ပဋိပက္ခမီးမွှေးပြီး စစ်ရေး နိုင်ငံရေး အသာစီးယူချင်နေသော အကြမ်းဖက် စစ်ကောင်စီ

"အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်တိုက်ခိုက်ရုံတင်သာမက တိုင်းစစ်ဌာနချုပ် အမ်းမြို့ကိုတောင် ခြိမ်းခြောက်ထားနိုင်တဲ့အဆင့်ထိ ရောက်ရှိနေပြီး စစ်တပ်ရဲ့ပထမဦးဆုံး တိုင်းစစ်ဌာနချုပ်တစ်ခု စတင်ဆုံးရှုံးရတော့မလားဆိုပြီး စစ်ရေးစောင့်ကြည့်သူတွေကြား နာမည်ကြီးခဲ့ရတဲ့အထိပင် စွမ်းဆောင်ထားနိုင်ခဲ့" "ရခိုင်ပြည်နယ်အရေးနဲ့ပတ်သတ်ပြီး စစ်ကောင်စီအနေဖြင့် ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖန်တီးလာနိုင်တာကြောင့် မိမိတို့အနေဖြင့်အထူးဂရုပြူနေရတယ်" ဆိုတဲ့ အာရက္ခတပ်တော် -AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြောကြားထားတဲ့ video file လေးတစ်ခုကို မနေ့က တွေ့မိလိုက်ပါတယ်။ အားလုံးသိတဲ့အတိုင်း ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ AA တို့အကြား တိုက်ပွဲတွေပြင်းထန်နေပြီး ခြောက်လအတွင်းမှာကို မြို့နယ် ၁၀ ခုလောက်ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက် ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။   အာရက္ခတပ်တော် အနေဖြင့် စစ်ဦးဘီလူးဆိုတဲ့ခေါင်းစဥ်အတိုင်း…
Read More
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်ထားနိုင်ပြီ

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်ထားနိုင်ပြီ

RNA_မေ(၁၈)၊၂၀၂၄ ခုနှစ်။ ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာ လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်စသည်တို့ အားလုံးကို မေလ ၁၈ ရက်နေ့ မွန်းတည့် (၁၂) နာရီခန့်တွင် တစ်ခုမကျန် အာရက္ခတပ်တော် - AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ ဘူးသီးတောင်မြို့နယ်ရှိ နောက်ဆုံးလက်ကျန်စခန်းများဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်းတို့ကို မေလ ၁၈ ရက်နေ့ကလည်းကောင်း၊ ခမရ (၃၅၃)၊ ခမရ (၅၃၅) ၊…
Read More
အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

အနောက်ရိုးမကို ကျော်ဖြတ်ပြီး လွန်မြောက်လာနိုင်သော တော်လှန်ရေးနယ်မြေများ 

"မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းတို့ဟာ ရခိုင်ပြည်နယ် အစပ်တွေ ဖြစ်နေတဲ့အတွက် တနိုင်ငံလုံးစစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးရည်မှန်းချက်ဖြစ်တဲ့ တော်လှန်ရေးအင်အားစုများရဲ့ မျှော်လင့်ချက်ကိုတော့ စစ်ကောင်စီအနေနဲ့ မချိုးဖျက်နိုင်သလို ထိုးစစ်ဆင်လာသမျှအတွင်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ဖရိုဖရဲဖြစ်နေတာ အားလုံးအသိဖြစ်ပါတယ်။ အခုချိန်မှာတော့ AA ရဲ့ အောင်ပွဲတွေကတော့ ဗျူဟာကျကျနဲ့ ပုံမှန်လျှောက်လှမ်းနေဆဲသာဖြစ်ပါတယ်။ ကြိုတင်စဉ်းစားဆင်ခြင်နိုင်စွမ်းရှိပြီး မဟာဗျူဟာချမှတ်နိုင်တဲ့ ခေါင်းဆောင်ကောင်းရှိမှုအပေါ်မှာ အခြေခံတဲ့ တပ်အင်အား အစုအဖွဲ့ ကျစ်လစ် တောင့်တင်းခိုင်မာမှု၊ လုံ ၄လုံနဲ့ ပြည့်စုံတဲ့ စစ်နည်းပရိယာယ်ရှိမှုတွေဟာ အောင်ပွဲတွေဖြစ်ပါတယ်"  ကေဂျီ - Wiper  စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြတ်သန်းလာခဲ့ကြတဲ့ ၃နှစ်တာ ကာလအတွင်းမှာ ခေါင်းဆောင်ကောင်းနဲ့ စုစည်းညီညွတ်မှု အသီးသီးရှိနေကြတဲ့ ဒေသခံလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဟာ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာကို ချမှတ်ထားကြပြီး တခုချင်းအကောင်အထည်ဖော်လာတာကို တွေ့ရပါတယ်။…
Read More
ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွာအောင် စစ်ကောင်စီလုပ်ဆောင်နေ

ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်ပွာအောင် စစ်ကောင်စီလုပ်ဆောင်နေ

RNA_မေ(၁၁)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း အစ္စလာမ်ဘာသာဝင်များနှင့် အာရက္ခတပ်တော် AA တို့အကြား လူမျိုးရေး ဘာသာရေး အခြေခံပြီး ပဋိပက္ခဖြစ်ပွားအောင် စစ်ကောင်စီက ပြုလုပ်နေချိန် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က လူမှုကွန်ရက်မှတဆင့် အစ္စလာမ်ဘာသာဝင်များကို ကယ်ထုတ်နေသည့် ပုံများကို ဖော်ပြထားသည်။ ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် စစ်ကောင်စီက မောင်တောမြို့နယ်အတွင်းမှ အစ္စလာမ်ဘာသာဝင်များက အဓမ္မစုဆောင်းပြီး AA အလိုမရှိ၊ စစ်ပွဲအလိုမရှိဆို ဆိုင်းဘုတ်များကိုင်ဆောင်ကာ အဓမ္မဆန္ဒပြခိုင်းမှုများကို ပြုလုပ်ခဲ့ခြင်း၊ စစ်ကောင်စီလော်ဘီများ၏ တယ်လီဂရန်ချန်နယ်များတွင်လည်း ရိုဟင်ဂျာများကို သတ်ဖြတ်နေပြီဆိုသည့် အကြောင်းအရာနှင့် လူမျိုးရေး ဘာသာရေးခြေခံပြီး ဝါဒဖြန့်ချိန်မှုများကို ရခိုင်ပြနည်အတွင်း AA ထိုးစစ်စတင်ချိန်ကတည်းက လုပ်ဆောင်နေကြသည်။ (more…)
Read More
KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

"KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်" သူရိန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ‌၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆…
Read More
ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

RNA_မေ(၆)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား အာရက္ခတပ်တော်-AA မှထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ခံသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များအား ဧပြီလ ၄ ရက်နေ့က တွေ့ရသည့်ရုပ်သံအား AA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့ကြောင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင််အပြီးတိုင်းသိမ်းပိုက်ရရှိခဲ့သည်ဟု AA၏ ထုတ်ပြန်ချက်များအရ သိရသည်။ #RedNewsAgency
Read More