ULA/AA

KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

KIA ထိုးစစ်အတွင်း ပြိုလဲနေသော စစ်ကောင်စီတပ်

"KIA ပူးပေါင်းတပ်တို့သည် မိုးမောက်၊ မံစီ၊ ဗန်းမော် မြို့ပတ်လည်ရှိ စစ်ကောင်စီတပ်စခန်းများ အားလုံးကို သိမ်းပိုက်ထားနိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့များသည်် မြို့ထဲရှိစခန်းများသို့ သွားရောက်ပူးပေါင်းကာ ပြည်သူများကို အကာကွယ်ယူ ( လူသားဒိုင်း) ပြီး ပြန်ခုခံဖို့ ကြိုးစားနေသည်" သူရိန် ကချင်လွတ်မြောက်ရေးတပ်မတော် KIA ၏ မတ်လ ၇ ရက်နေ့က စတင်ခဲ့သည့် စစ်ရေးအရှိန်ဟာ နှစ်လအတွင်း စစ်ကောင်စီ၏ တပ်စခန်းပေါင်း ‌၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ ကချင်ပြည်နယ်တွင် KIA က စစ်ရေးအရှိန်မြှင့်လာပြီး စစ်ကောင်စီတပ် အထိနာနေသည့် အနေအထားဖြစ်သည်။ ကချင်လွတ်မြောက်ရေးတပ်မတော်၏ ဌာနချုပ်ရှိရာ လိုင်ဇာမြို့အဝင်မှာ မတ်လ ၇ ရက်စစ်ဆင်ရေးစပြီး တစ်လကျော်အကြာ ဧပြီလ ၂၆…
Read More
ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

ဘူးသီးတောင်စကခ (၁၅) တပ်မဌာနချုပ်မှ ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ရသူများအား တွေ့ရစဉ်

RNA_မေ(၆)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား အာရက္ခတပ်တော်-AA မှထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း ဒုတပ်ရင်းမှူးအပါအဝင် လက်နက်ချအညံ့ခံသည့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် တပ်မိသားစုဝင်များအား ဧပြီလ ၄ ရက်နေ့က တွေ့ရသည့်ရုပ်သံအား AA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ စကခ (၁၅) တပ်မဌာနချုပ်အား ထိုးစစ်ဆင်တိုက်ခိုက်မှုအပြီးတွင် အပြတ်အသတ်ရှုံးနိမ့်ကာ လုံးဝမလွတ်မြောက်နိုင်သည့် အခြေအနေ၌ လက်နက်ချအညံ့ခံခဲ့၍ အသက်ချမ်းသာရာရခဲ့ကြောင်း၊ စကခ (၁၅) ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ (၂) ရက်နေ့တွင််အပြီးတိုင်းသိမ်းပိုက်ရရှိခဲ့သည်ဟု AA၏ ထုတ်ပြန်ချက်များအရ သိရသည်။ #RedNewsAgency
Read More
အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

RNA_မေ(၁)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် - AA နိုဗာစစ်ဒေသ (၁) က ဧပြီလ…
Read More
နယ်မြေအငြင်းပွားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး

နယ်မြေအငြင်းပွားမှုနဲ့ လက်နက်ကိုင်တော်လှန်ရေး

ကိုဆိုဗိုကနေ ကက်ရှမီးယားအထိ၊ မြောက်အိုင်ယာလန်ကနေ နိုင်ဂျီးရီးယားအထိ ဒီကနေ့ ကမ္ဘာမှာ အများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ပဋိပက္ခဟာ နယ်မြေအပေါ်မှာ အခြေခံပြီးဖြစ်ပွားတဲ့ လူမျိုးစုတွေကြားက ပဋိပက္ခပါပဲ။ လူမျိုးစုလို့ပြောလိုက်ရင် သွေးသားတော်စပ်မှုကို အကြောင်းပြုပြီး ဘာသာစကားတူ၊ ကိုးကွယ်တဲ့ဘာသာတူ လူအုပ်စုအချင်းချင်း သွေးစည်းညီညွတ်ဖို့ ကြိုးစားကြသလို ဘာသာစကားမတူ၊ ယဥ်ကျေးမှုမတူသူတွေကို "တစိမ်းတရံစာ"လို့ သဘောထားဆက်ဆံတတ်ကြတာမျိုးပါ။ လွယ်လွယ်ပြောရရင် " We- they "အမြင်၊ ငါတို့နဲ့ သူတို့ဆိုတဲ့ ခွဲခြားထားတဲ့အမြင်လို့ ပြောရမှာပါပဲ။ (more…)
Read More
ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံး

ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံး

RNA_ဧပြီ(၆)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ရက္ခိုင့်တပ်တော် - AA မှ အပြီးသတ်သိမ်းပိုက်အပြီးတွင် စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ ရက္ခိုင့်တပ်တော် - AA မှ စစ်ကောင်စီ၏ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်အား ဧပြီလ ၁ ရက်နေ့မှစတင်ထိုးစစ်ဆင်ခဲ့ပြီး (၅) ရက်အကြာ ဧပြီလ ၅ ရက်နေ့ နံနက် (၈) နာရီတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ယင်းတပ်ရင်းဌာနချုပ်သိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီ လက်အောက်ခံ (၈၀) ကျော်သေဆုံးခဲ့ပြီး ရက္ခိုင့်တပ်တော်မှလည်း ပေးဆပ်စွန့်လွှတ်ခဲ့ရမှုများရှိကြောင်း၊ ပေးဆပ်စွန့်လွှတ်ခဲ့သော အာရက္ခစစ်သည်တော်များအား ရက္ခိုင့်တပ်တော်၊ စစ်ရုံးချုပ်မှ လေးနက်စွာ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်ဟု…
Read More
အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ

အမ်းမြို့နယ်အတွင်းရှိ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် စစ်ကောင်စီတပ်စခန်းများကို AA ထိုးစစ်ဆင်နေ

RNA_ဧပြီ(၄)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်အတွင်းမှ စကခ (၅) လက်အောက်ခံ တောဟိန်းတောင်ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့ကို ရက္ခိုင့်တပ်တော် - AA မှထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ရက္ခိုင့်တပ်တော် အနေဖြင့် ရခိုင်ပြည်နယ်အတွင်းမှ မြို့များကို သိမ်းပိုက်ထားနိုင်သော်လည်း ရခိုင်တပြည်နယ်လုံး စစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးအတွက် ကျန်ရှိနေသော ဘူးသီတောင် စကခ(၁၅) လက်အောက်ခံ ခမရ (၅၆၄) တပ်ရင်းဌာနချုပ်၊ အမ်းမြို့နယ်အတွင်းရှိ စကခ(၅) လက်အောက်ခံ တောဟိန်းတောင် ဗျူဟာ အပါအဝင် ၎င်းပတ်ဝန်းကျင်ရှိ စခန်းအချို့နှင့် မောင်တော၊ ကြိမ်ချောင်း နယ်ခြားစောင့် စခန်းတို့ကို အဓိကထား ထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ

PRA-Magway ရဲဘော်များ AA နှင့်အတူ တိုက်ပွဲဝင်နေ

RNA_မတ်(၃၀)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ဧရာဝတီမြစ်အနောက်ဘက်ခြမ်းအခြေစိုက်၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (People's Revolution Alliance - PRA - Magway) ရဲဘော်များအနေဖြင့် AA နှင့်အတူ တိုက်ပွဲဝင်နေပြီး၊ ရှေ့တန်းရောက်နေသည့်အတွက် (၃) နှစ်ပြည့်အခမ်းအနားကို မကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။   PRA - Magway ရဲဘော်များသည် ရက္ခိုင့်တပ်တော်နှင့်အတူ စစ်အာဏာရှင် အမြစ်ဖြတ်ချေမှုန်းနိုင်ရေးအတွက် တိုက်ပွဲဝင်နေကြောင်း၊ ယခုရက်ပိုင်းအတွင်း ငဖဲမြို့နယ်အတွင်းဖြစ်ပွားသည့် တိုက်ပွဲများတွင် ရက္ခိုင့်တပ်တော်နှင့်အတူ PRA - Magway များ ပူးပေါင်းတိုက်ပွဲဖော်ဆောင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် - AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။ (more…)
Read More
ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

ကျုံပျော်အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အမ်းမြို့အခြေစိုက် ခမရ(၃၇၃) တပ်ရင်းတို့ ပူးပေါင်းစစ်ကြောင်းမှ ၈၀ ကျော်သေဆုံး

RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ကို လေကြောင်းမှ စစ်ကူပို့ထားသည့် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့ အခြေစိုက် ခလရ (၃၆) တပ်ရင်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမ်းမြို့အခြေစိုက် ခမရ (၃၇၃) တပ်ရင်းတို့၏ ပူးပေါင်းစစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ (၈၀) ကျော် သေဆုံးသွားပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် - AA ကထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ် (၄) စီးဖြင့် တစ်ခေါက်၊ ရဟတ်ယဉ် (၃) စီးဖြင့်တစ်ခေါက် ဖေဖော်ဝါရီလ (၂၄) ရက်နေ့၌ ရမ်းဗြဲမြို့အနီးတွင် လာရောက် စစ်ကူချပေးခဲ့သည့်အတွက် ယင်းစစ်ကူစစ်ကြောင်းကို ရက္ခိုင့်တပ်တော် - AA မှ ဖေဖော်ဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်နေ့က အင်အား…
Read More
ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများ ဆက်လက်ကျဆုံးနေ

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်- AA တို့ ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံများ စခန်းသိမ်းခံရမှုနှင့် သေဆုံးမှုများ ဆက်လက်ရှိနေသေးကြောင်း သိရသည်။ ရက္ခိုင့်တပ်တော်ထိုးစစ်ဆင်တိုက်နေသည့် မောင်တောဒေသရှိ ဗောဓိကုန်းစခန်းကိုလည်း ယမန်နေ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၁၄) လောင်းတွေ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ပန်းတောပြင်ရွာသစ် (မူဆလင်ရွာ) အနီး၌လည်း ဘူးသီးတောင်အခြေစိုက် ခလရ (၂၆၃) တပ်ရင်းနှင့် တိုက်ပွဲဖြစ်ရာ စစ်ကောင်စီလက်အောက်ခံ (၁၂) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း၊ ရသေ့တောင်မြို့နယ်၊ ခနောင်းကြီးရွာ၏ အရှေ့တောင်ဖက် တောင်ကြောတွင်လည်း ခမရ (၅၃၆) တပ်ရင်း နှစ်ဖက်ရင်ဆိုင်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ (၄)…
Read More