မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

Written by

in

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။

ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ချင်းပြည်နယ် တောင်ပိုင်းအတွင်း အကြီးဆုံးဖြစ်သော စစ်ဗျူဟာနှင့် အမှတ် (၁၄၀) ခြေလျင်တပ်ရင်းကို ယနေ့ (ဇွန်လ ၂၉ ရက်) အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အတွက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုက်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ထုတ်ပြန်ထားသည်။

မတူပီမြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေး (Operation CB) ဖော်ဆောင်ခဲ့ပြီး ချင်းညီနောင် မဟာမိတ်များဖြစ်သော အာရက္ခတပ်တော်၊ Yaw Army နှင့် Yaw Defense Force တို့ ပူးပေါင်းကာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ ချင်းညီနောင်အနေဖြင့် မဟာမိတ်များဖြင့် ပူးပေါင်းကာ ချင်းပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်သွားမည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency