ဇွန်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး စစ်ကောင်စီစခန်းများကို AA ဆက်လက်သိမ်းပိုက်နေ 

RNA_ဇွန်()၊၂၀၂၄ ခုနှစ်။ 

ရခိုင်ပြည်နယ်၊ ဘူသီးတောင်နှင့်နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း () ခုကို အနည်းဆုံးသိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်ကာ ဇွန်လ ပထမ ပတ်အတွင်း စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ 

မောင်တောမြို့နယ်က တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း၊ နခခ စခန်းတိို့ကို ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး၊ မောင်တောမြို့နယ် မကျည်းပင်ကုန်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကိုလည်း ဇွန်လ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA ၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

ဇွန်လ ပထမပတ် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဖမ်းဆီးရမိသည့် သုံ့ပန်းများ၏ ပြောပြချက်အရ သေဆုံးသူ (၄၀၀) အထက်ရှိခဲ့ကြောင်း၊ ယင်းသေဆုံးသူများထဲတွင် တိုက်ပွဲအတွင်းမှ ကျောက်ပန္ဒူကမ်းခြေ၊ အလယ်သံကျော်ကမ်းခြေ၊ ဥဒေါင်းချောင်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ရေနစ်သေဆုံးသူများပါဝင်ကြောင်း၊ အမ်း၊ သံတွက်ဘက် တိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀၀) ဦးထက်မနည်းသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သံတွဲမြို့နယ် ဒေါ်ပွဲခုံကျေးရွာ အနောက်မြောက်ဘက်နှင့် ဂေါ့တ် (Gawt) တောင်တန်းအနီးတွင်လည်း ဇွန်လ ၂ ရက် ၃ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှလည်း ကြည်းရေလေ ခုခံခဲ့ကြောင်း၊ သံတွဲ၊ ဂေါ့ ပတ်ဝန်းကျင် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ Speed Boat တစ်စီးအားလည်း AA ရဲဘော်များက နစ်မြုပ်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ သံတွဲ၊ ငပလီ (မဇင်) လေယာဉ်ကွင်း၏ အနောက်မြောက်ဘက် (.) ကီလိုမီတာနှင့် (.) ကီလိုမီတာခန့်တွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား အလောင်းများနှင့် လက်နက်ခဲယမ်းများကိုလည်း AA တပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိထားကြောင်း သိရသည်။ 

အမ်းမြို့နယ်တွင်လည်း စစ်ကောင်စီ၏ တောဟိန်းတောင်စခန်းအား အပြီးသတ်သိမ်းပိုက်နိုင်ရေး တိုက်ပွဲများ ဆင်နွှဲနေကြောင်း၊ ရခိုင်ပြည်နယ် တိုက်ပွဲများအတွင်း စစ်ကောင်စီ၏ နခခ () စစ်ကြောင်းက မောင်တောမြို့မြောက်ပိုင်း သာယာကုန်းရွာမှ ပြည်သူ ၃ ဦးနှင့် မန်ကျည်းကုန်းရွာမှ ပြည်သူ ၂ ဦးအား လူသားဒိုင်းအဖြစ် ပြုလုပ်ခဲ့ရာ ၁ ဦးသာလွတ်မြောက်ရှိ ကျန်ပြည်သူများ လွတ်မြောက်လာခြင်းမရှိကြောင်း၊ မောင်တော မြို့နယ်မှ စစ်ကောင်စီလက်ကျန်စခန်းများဖြစ်သော နခခ ()၊ မောရဝတီ၊ အလယ်သံကျော်၊ နားခေါင်းတိုစခန်းများပါအဝင် အခြားသော စခန်းများကိုလည်း ဆက်လက်တိုက်ခိုက်သွားမည်ဟု AAက ထုတ်ပြန်ထားသည်။ 

#RedNewsAgecny

By RNA Editor