RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။
ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် စသည်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေသည်ဟု သိရသည်။
အမ်းဒေသအတွင်းမှ လေဆိပ်အနီးမှ ခုခံတိုက်ခိုက်နေသော စစ်ကောင်စီ၏ စခန်းငယ်များအပါအဝင် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း။ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ စသည်တို့ကို အားလုံးသိမ်းပိုက်ထားနိုင်ပြီး နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တခုသာကျန်ရှိတော့သည်ဟု အာရက္ခတပ်တော် – AA က ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။










