“စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ”
မောင်ဝိ
မြန်မာ ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နဲ့ တအာင်း TNLA မဟာမိတ် ၃ ဖွဲ့ တို့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီဖြစ်ကြောင်း ကြေညာချက်နဲ့အတူ ဒီကနေ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်တော့တယ်။
အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၅ နာရီလောက်ကစတင်ပြီး၊ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ၊ သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံနှင့် ချင်းရွှေဟော်ဘက်များမှာ တိုက်ပွဲများဖြစ်ပွားနေပါတယ်။ စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေ အသိမ်းခံနေရသလို ချင်းရွှေဟော်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းထားလိုက်ပြီလို့ ကြားနေရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ စခန်းတွေနဲ့အတူသံချပ်ကာကားနှစ်စီး သိမ်းပိုက်နိုင်ခဲ့ကြောင်း လည်းမြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရတယ်။

တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့ရဲဘော်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။
နောက်ထပ်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်ကြားမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးအနီး က စစ်ကောင်စီရဲ့ “ရင်ကွဲတောင်” တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်နေ့၊ မနက် ၁၀နာရီတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ ရှမ်းမြောက်မှာရှိတဲ့ မန္တလေး PDF ကလည်း မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကြေညာထားပါသေးတယ်။













