ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။
 
အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားမှုများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအားဖြင့် KIO ဗဟိုဌာနချုပ်မှ ကျပ် သိန်းသုံးထောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။
Photo : Western News
 
ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ကျပ်သိန်းတစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA မှ ကျပ်သိန်းတစ်ထောင်၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- KIO မှ ကျပ်သိန်းသုံးထောင်လှူဒါန်းမှုတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့မှ လက်ခံရရှိထားကြောင်း၊ မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားထားသည်။

Photo : Western News
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှဖွဲ့စည်းထားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် ရခိုင်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီတွင် ဒေါက်တာညိုထွန်းအောင် (ကော်မတီဥက္ကဌ)၊ ဦးကျော်ဟန် (ကော်အတီအတွင်းရေးမှူး)၊ ကိုထွန်းမင်းနိုင် (HDCO)၊ ဦးခိုင်သုခ (ပြန်ကြားရေး)နှင့် ရက္ခိုင့်တပ်တော် စစ်ဒေသမှူးများ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် စစ်ဒေသနိုင်ငံရေးမှူးများ၊ ကမ္ဘာလုံးဆိုင်ရာ အာရက္ခအမျိုးသားကွန်ရက် (WUAN) နိုင်ငံအလိုက်တာဝန်ခံများ၊ ပြည်တွင်းမှ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ တာဝန်ပေးထားသူများနှင့် စုစည်းကျစ်လျစ်စွာ ဖွဲ့စည်းထားကြောင်း သိရသည်။
 
 
#RedNewsAgency
https://rednewsagency.com/
https://t.me/rednewsagency/2853
https://www.youtube.com/@rednewsmm/?sub_confirmation=1
By Editor