ULA/AA

စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။ ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (more…)
Read More
စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

RNA_ဇူလိုင် ၅၊၂၀၂၂ခုနှစ်။ မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (AA)၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်ရဲဘော် (၆) ဦးကျဆုံးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။ Red News Agency
Read More
အမျိုးသားနိုင်ငံတော်အယူအဆနှင့်ရက္ခိုင့်တော်လှန်ရေး

အမျိုးသားနိုင်ငံတော်အယူအဆနှင့်ရက္ခိုင့်တော်လှန်ရေး

ULA/AA ရဲ့ တော်လှန်ရေးဟာ နောက်ဆုံးပန်းတိုင်အဖြစ် ရက္ခိုင်ဒေသတစ်ခုလုံးကို နယ်မြေထိန်းချုပ်လို့ရပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်မှု အပြည့်အဝလုပ်နိုင်ပြီဆိုတာနဲ့ အမျိုးသားနိုင်ငံအဖြစ် ကြေညာဖို့ ခြေလှမ်းစတော့မယ် ရက္ခိုင်ပြည်သူများနှင့် ULA/AAရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မြန်မာနိုင်ငံအဝန်းအဝိုင်းအတွင်း မရရှိပါက မိမိတို့လိုလားသော အမျိုးသားနိုင်ငံတော်အဆင့်ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လက်တွဲတည်ဆောက်သွားမယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောခဲ့ပါတယ်။ ခိုင်သုခ ခုလို အင်တာဗျူးမပေးခင်ကတည်းက ULA/AAရဲ့ ရက္ခိတလမ်းစဉ်ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ရည်မှန်းချက်တွေကို ခေါင်းဆောင်ပိုင်းက မကြာခဏ ထုတ်ဖော်ပြောဆိုနေတာကို တွေ့ရပါတယ်။ ထိုအချိန်ကာလက ပြည်မနိုင်ငံရေးသမားတွေအပါအဝင် လေ့လာသုံးသပ်သူ အတော်များများက ရက္ခိတလမ်းစဉ်ရဲ့ အတိမ်အနက်ကို သေသေချာချာ ကွဲကွဲပြားပြား မသိနိုင်ကြသေးဘူးလို့ ယူဆရပါတယ်။အခုတော့ ရက္ခိုင့်ပြည်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ အရင်ထုတ်ပြောနေကြ "ပြည်ထောင်"အဆင့်ကနေ "အမျိုးသားနိုင်ငံ"အဆင့်ကို…
Read More
စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်ယော်တိုက်နယ်၊ ပန်နန်းကျေးရွာ ပြည်သူများ စစ်ဘေးရှောင်ရာမှာ ပြန်လာစဉ် လမ်းတွင်လက်နက်ကြီး ထိမှန်ကာ အမျိုးသမီး (၄) ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။ ဒေသခံတဦး လက်နက်ကြီး ကျရောက်သည့် ဖြစ်စဉ်အတွင်း ရိုက်ကူးထားသည့်ရုပ်သံတွင် ကိုးကန့်တပ်ဖွဲ့က ပစ်လိုက်သည့် လက်နက်ကြီးဖြစ်ကြောင်း ပစ်ခံရသည့် စစ်ဘေးရှောင်များက ပြောကြားထားသည်။ မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ဘေးရှောင်ရာမှပြန်လာစဉ် လက်နက်ကြီးကျကာ နေရာတွင် အမျိုးသမီး (၃) ဦးသေဆုံးပြီး ဆေးကုသခံယူ‌နေစဉ် အသက် ၂၀ အရွယ် လွေးအေးမန် ထပ်မံသေဆုံးကြောင်း၊ အမျိုးသား…
Read More
ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွှတ်လာသူ ၂၂ ဦးကို ခေါ်ယူစစ်ဆေးနေ

ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွှတ်လာသူ ၂၂ ဦးကို ခေါ်ယူစစ်ဆေးနေ

မြတ်ထွန်းနိုင်၊ ဘူးသီးတောင်|နိုဝင်ဘာလ ၅ ရက်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက် တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှအရပ်သား ၂၂ ဦးကို နိုဝင်ဘာလ ၅ ရက်ယနေ့ နေ့လည် ၃ နာရီအချိန်ခန့်က စတင်ကာ ဘူးသီးတောင်မြို့ရှိ အမှတ် ၃ နယ်ခြားစောင့်စခန်းတွင် ခေါ်ယူစစ်ဆေး နေသည်။ အဆိုပါ အရပ်သား ၂၅ ဦးထဲမှ ဘူးသီးတောင်မြို့နယ်မှ ၂၂ ဦးမှာယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ်က ပြန်လည်ရောက်ရှိလာပြီး သူတို့အားဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်း|အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့က သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ထို၂၅ ဦးကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၅ ရက်ယနေ့…
Read More
ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

ဘူးသီးတောင်၊ နိုဝင်ဘာ ၅ ရက်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ပျောက်ဆုံးနေ သူများကို နိုဝင်ဘာလ ၅ ရက်နေ့ ယခု ဘူးသီးတောင်မြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ပြန်လွှတ်လာသူတချို့က အတွေ့အကြုံများကို ပြောပြထားပါတယ်။ Red News Agency
Read More