ကြွက်မနိုင် ကျည်မီးနှင့်ရှို့သည့် စစ်ကော​င်စီ

“စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံမှုအရ မုန်တိုင်းသင့် ရခိုင်ဒေသ လူသားချင်းစာနာမှု အကူအညီများ အမြန်ရောက်ရှိရေးအချက်ပါဝင်ခဲ့သော်လည်း လူသားချင်းစာနာမှု အကူအညီများ ပိတ်လိုက်ခြင်းမှာ AA ကို ရန်စနေသလား ထင်မှတ်စရာဖြစ်သည်။အခက်အခဲများကြား ဒုက္ခတောမှာ တိုက်ပွဲဖော်လိုခြင်းလား”  မေးခွန်းထုတ်ရမလို  ဖြစ်နေသည်”

ငြိမ်းမောင်

နိုင်ငံတကာကူညီကယ်ဆယ်ရေးများနှင့်လူမှုအဖွဲ့အစည်းများအားလုံးကိုရခိုင်ပြည်အတွင်းသွားလာခွင့်၊ကူညီခွင့်များကိုရည်ရွယ်ပြီးခရီးသွားလာခွင့်ကိုစစ်ကောင်စီ ရပ်ဆိုင်းလိုက်ကြောင်း သတင်းကြားမိချိန် အလွန်တရာ အံသြမိခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာ အားလုံးအသိဖြစ်မှာပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်ကြီး နှစ်ကာလများစွာ အချိန်ကြာကြာ ပြန်လည်ထူထောင်ရမည်၊ ပြည်တွင်း ပြည်ပ အကူအညီများစွာ ရမှတည်ဆောက်နိုင်မည်၊ထိုအခြေအနေကို အားလုံးသိနေကြပါလျက် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီထောက်ပံ့မှုများ၏ အဝေးဆုံးသို့ တွန်းပို့လိုကြသနည်း တုန်လှုပ်သွားရသည်။

ICRC   WFP အပါအဝင် နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စပြီး သွားလာခွင့်၊ ကူညီခွင့်များ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး WFP က စားနပ်ရိက္ခာအထောက်အပံ့များကို  ကျောက်တော်၊ကျောက်ဖြူ၊စစ်တွေ၊ပုဏ္ဏားကျွန်း၊ပေါက်တော၊မြေပုံ၊မြောက်ဦးနှင့်ရသေ့တောင်မြို့နယ်များနှင့်ဘူးသီးတောင်၊မောင်တောမြို့နယ်များသို့ဆက်လက်ပံ့ပိုးနိုင်ရန်ဆောင်ရွက်နေချိန်တွင်စစ်ကောင်စီကပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ပြန်လည်ထူးထောင်ရေးအတွင်  ဒေသခံများ အသက်ရှင်နေထိုင်ရပ်တည်ရေးအတွက် အကူအညီ အထောက်အပံ့ များစွာ လိုအပ်နေချိန် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း၍ ရခိုင်ပြည်သူများအတိဒုက္ခရောက်စေနိုင်သည် စစ်ကောင်စီ၏ ယုတ်မာခြင်းဖြစ် သည်ဟု ရခိုင်ဒေသခံများက ပြောထားကြသည်။လူသားချင်းစာနာစိတ်နဲ့ကူညီကယ်ဆယ်ရေးတွေပေးနေတာကို ပိတ်ပင်တားဆီးတဲ့ ကိစ္စကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူးဟုဒေသခံတစ်ဦးကမှတ်ချက်ပြုသည်။

မုန်တိုင်းဝင်ရောက်မှုအပြီးကာလတွင်စစ်ကောင်စီကကူညီကယ်ဆယ်ရေးများကိုပိတ်ပင်မှုကိုစတင်ခဲ့လေသည်။မုန်တိုင်းသင့်ပြည်သူများကိုကူညီပေးနေသည့်ပရဟိတသမားစာရေးဆရာဝေဟင်အောင်ပါ၅ဦးကိုမေ၂၃ရက်နေ့ကဖမ်းဆီးပြလိုက်သည်။ထိုကာလများကစစ်ကောင်စီအနေဖြင့်အစည်းအဝေးများရက်ဆက်ပြုလုပ်နေပြီးလက်တွေ့ကူညီကယ်ဆယ်ရေးများမြေပြင်တွင်မတွေ့ရဘဲဟန်ပြလောက်သာရှိနေသည်။ထိုစဥ်ဒေသခံပရဟိတများကမုန်တိုင်းသင့်ဒေသခံများကိုရနိုင်သမျှနည်းလမ်းများရှာကြံကကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေကြသည်။တိုင်းပြည်အပေါ်စေတနာမရှိမှန်းပေါ်လွင်သည်။ဒေသခံပရဟိတလူမှုပရဟိများမကူညီမကယ်ဆယ်နိုင်အောင်လူမှုရေးလုပ်ဆောင်သူများကိုဖမ်းပြသည်၊နောက်တွန့်အောင်ရည်ရွယ်သောခြိမ်းခြောက်မှုဖြစ်သည်။

ဓာတ်ပုံ – ၁၁ မျဉ်းစောင်း ရိုက်ကူးထားသည့် မေလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ‌များနှင့်အတူ AAတပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်နေသည့် မြင်ကွင်းဖြစ်သည်။

ယင်းနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းက လေဘေးသင့် ပြည်သူများထံ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ကြသည့်  ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များ အခက်အခဲများ ကြုံတွေ့ခဲ့ကြရသည်။ည ၆ နာရီခွဲအချိန်မှ စတင်ကာ  ဖြတ်သန်းသွားလာခွင့်ကန့်သတ်ထားမှု၊စစ်ဆေးရေးဂိတ်များတွင်အချိန်ကြာစောင့်ဆိုင်းနေရမှုများကြောင့်သဘာဝဘေးခံစားနေရသူများထံထောက်ပံ့ရေးပစ္စည်းများအချိန်မီမရောက်သည့်အခက်အခဲများကြုံတွေ့နေရကြောင်းပရဟိတလုပ်ကိုင်နေသူများကဖွင့်ဟပြောဆိုကြသည်။

လွန်ခဲ့သောမေလ၁၄ရက်နေ့ကပြင်းအားမြင့်ဆိုင်ကလုန်မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့ခြင်းကြောင့်ရခိုင်ပြည်နယ်အတွင်းမှမွတ်ဆလင်များအပါအဝင်ဒေသခံပြည်သူ၁၅၀နီးပါးသေဆုံးသည်ဟုစာရင်းအတိအကျရထားသော်လည်းစာရင်းမကောက်နိုင်သေးသည့်သေဆုံးသူများစွာရှိနေသည်။ဒဏ်ရာရရှိသူ၊ပျောက်ဆုံးသူများလည်းရှိနေသည့်အပြင်လူနေအိမ်၂၁၆၀၀၀ကျော်ပျက်စီးကာလူတစ်သန်းကျော်မှာထိခိုက်နစ်နာဆုံးရှုံးခဲ့ရမှုများကြုံတွေ့ခဲရသည်။

စစ်ကောင်စီတွင် ရခိုင်ပြည်နယ်သဘာဝဘေးအတွက် ပြည်တွင်း ပြည်ပ အလှူရှင်များ၏ အလှူငွေများ ထောက်ပံ့မှူများစွာ ရရှိနေသကဲ့သို့ သတင်းစာများ၊ TV များမှလည်းသဘာဝဘေးအတွက်အလှူခံနေသည်။သို့သော်ယခုထိဒေသခံများထံမည်သည့်ကူညီထောက်ပံ့မျှထိထိရောက်ရောက်မလုပ်နိုင်သေးပေ။ရခိုင်ဒေသခံများ၊ကျေးရွာအများအပြားအကူအညီများလိုအပ်နေဆဲဖြစ်နေသည်။

ကိုလည်း လုပ်နိုင်တာမဟုတ်ဘူး။ ကိုယ်လည်းမကူနိုင် ၊ ကူနေတာတွေလည်း ပိတ်နေတာကတော့ အောက်တန်းကျလွန်းပါတယ်။ ဒီလောက် စီးပွားရေး ပျက် နေအိမ်တွေပျက် အလုပ်အကိုင်တွေပျက်နေကြတာ ဒီလိုလူတွေကို ကူညီမှာတွေကို ပိတ်ပင်တာကတော့ လူစိတ်မရှိတာပဲ။ဒါသက်သက် ရခိုင်ကို အငြိုးအတေး ထားပြီး လုပ်နေသလားမှတ်ရပါတယ်ဟုရခိုင်ဒေသခံကပြောသည်။

ဓာတ်ပုံ – ၁၁ မျဉ်းစောင်း ရိုက်ကူးထားသည့် မေလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ‌များနှင့်အတူ AAတပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်နေသည့် မြင်ကွင်းဖြစ်သည်။

ယခု လဆန်းပိုင်းက စစ်ကောင်စီနှင့် AA TNLA MNDAA တို့မိုင်းလားတွင်တွေ့ဆုံခဲ့သေးသည်။ ၃ရက်တွေ့ရန်စီစဥ်ထားသော်လည်း ၁ရက်နှင့် ၁ပိုင်းတွင် ပွဲပျက်ခဲ့ရသည်။ ထိုပွဲတွင်ဖမ်းဆီးခံများပြန်လွှတ်ပေးရေး၊ မတရားအသင်းကြေညာထားမှုပယ်ဖျက်ရေး၊ မုန်တိုင်းသင့်ရခိုင်ဒေသလူသားချင်းစာနာမှုအကူအညီများ အမြန်ရောက်ရေးအချက်ပါဝင်သည်။ သတင်းမထုတ်ပြန်ကြသော်လည်းသဘောတူညီမှုညှိနှိုင်းမှုများမအောင်မြင်ကြောင်း၊မအောင်မြင်သောတွေ့ဆုံမှုဖြစ်ကြောင်းယခုရက်ပိုင်းအတွင်းအခြေအနေများကသက်သေပြနေလေသည်။

ဆွေးနွေးစဥ်ကာလတွင် စစ်ကောင်စီနှင့် TNLA တို့ပွဲများ ဖြစ်ပွားခဲ့သည်။ဆွေးနွေးမှု ရပ်ဆိုင်းမှု အပြီး ဇွန် ၅ ရက်တွင်လည်း စစ်ကော်စီနှင့် မြောက်ပိုင်း ၃ ဖွဲ့တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများ MNDAA နှင့်ဆက်တိုက်ဖြစ်နေပြီး စစ်ကောင်စီတပ်က အသေအဆုံးများရှိသည်။ မြောက်ပိုင်းမဟာမိတ်များနှင့်ပတ်သက်ပြီး ယခုလို ရခိုင်ပြည်နယ်နှင့်ပတ်သက်ပြီး ကန့်သတ်ချက်တွေ ထုတ်တာကတော့ AA ကိုပညာပြချင်သည့်လုပ်ရန်ဖြစ်နိုင်သည်ဟုလည်းခန့်မှန်းထားကြသည်။

မည်သို့ပင်ဆိုစေကာမူ စစ်တပ်အနေနှင့် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေး ကြိုးပမ်းနေကြစဉ် ယခုကဲ့သို့ မယုတ်မာသင့်တာ အမှန်ဖြစ်သည်။ နဂိုကတည်းက သဘောထားမမှန်သည့် စစ်ကောင်စီဟာ ဆွေးနွေးမှုမကျေလည်ခြင်းကြောင့်  မထူးဇာတ်ခင်းနေသည့် ပုံပေါက်နေသည်။ စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံမှုအရ မုန်တိုင်းသင့် ရခိုင်ဒေသ လူသားချင်းစာနာမှု အကူအညီများ အမြန်ရောက်ရှိရေးအချက်ပါဝင်ခဲ့သော်လည်း လူသားချင်းစာနာမှု အကူအညီများ ပိတ်လိုက်ခြင်းမှာ AA ကို ရန်စနေသလား ထင်မှတ်စရာဖြစ်သည်။အခက်အခဲများကြား ဒုက္ခတောမှာ တိုက်ပွဲဖော်လိုခြင်းလား”  မေးခွန်းထုတ်ရမလို  ဖြစ်နေသည်။

ဓာတ်ပုံ – ၁၁ မျဉ်းစောင်း ရိုက်ကူးထားသည့် မေလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ‌များနှင့်အတူ AAတပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်နေသည့် မြင်ကွင်းဖြစ်သည်။

AA ထံသို့ EROs များ၊ အလှူရှင်အများအပြားက လှူဒါန်းနေကြပြီး AA မှလည်း ရခိုင်ပြည်သူများကို ထောက်ပံ့ကူညီမှုများ လုပ်ဆောင်လျက်ရှိနေသည်။ AA ကို ရခိုင်ပြည်သူအများအပြားက ထောက်ခံကြသည်၊ ယုံကြည် အားကိုးကြသည်။ ယခု ကူညီမှုများကို ပိတ်လိုက်ခြင်းမှာ လူထုက AA အပေါ်  ဖိအားပေးလာရန်လုပ်ဆောင့်ခြင်းလည်း ဖြစ်နိုင်သည် သို့သော် ရခိုင်ပြည်သူများအနေဖြင့် AA မှတပါး အခြားအားကိုးစရာမရှိဆိုတာလည်း သဘောပေါက်သွားနိုင်သည်။ AAထံသို့ ရောက်ရှိမည့် နိုင်ငံတကာအကူအညီများကို ပိတ်ပင်လိုပုံရသည်။ AAအပေါ် မနာလိုမှု ၊ AA ၏ လှုပ်ရှားမှုအပေါ် ဟန့်တားလိုစိတ်က အရင်းခံဖြစ်နိုင်သည်။

စစ်ကောင်စီသည် တခုပြီးတခု အမှားများစွာကို ဆက်တိုက်ပြုလုပ်လာသည့်အတွက် အထူးဇာတ်ခင်းတာမျိုးလည်း ဖြစ်နိုင်သည်။ အပြောတမျိုး အလုပ်တမျိုး လုပ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာပါအဝင် ထောက်ခံအားပေးနေသူများ သဘောပေါက်လောက်ပြီထင်သည်။ စစ်တွေမြို့ လျှပ်စစ်မီးရရေးမျှသာ ဟန်ပြလုပ်နေပြီး ဒေသခံပြည်သူများအပေါ် စေတနာမရှိသည့် စစ်ကောင်စစ်ဟာ ကြွက်မနိုင်ကျည်မီးနှင့်ရှို့ပြသည့် အောက်တန်းကျသည့် လုပ်ရပ်များ တဖြည်းဖြည်း ရုပ်လုံးပေါ်လာပြီဖြစ်သည်။

Red News Agency

By Editor