ကရင်နီပြည်နယ်

ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

"ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ ဒါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင်…
Read More
KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

KNDF ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့က လက်နက်နှင့် စစ်ရေးအကူအညီများပေးခဲ့

RNA_မေ(၃၁)၊၂၀၂၃ ခုနှစ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က လက်နက်အပါအဝင် စစ်ရေးအကူအညီများ ပေးခဲ့ကြောင်း ယနေ့ကျရောက်သည့် KNDF (၂) နှစ်ပြည့် အထိမ်းအမှတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) တို့သည် နွေဦးတော်လှန်ရေးအတွင်း ပေါ်ပေါက်လာသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်အဖွဲ့အစည်းများကို ကူညီပေးမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားထားကြသည်။ (more…)
Read More
ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

ဘော်လခဲမြို့ရှိ စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊​ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ စီးနင်းတိုက်ခိုက်ခံရ

RNA_မေ(၃)၊၂၀၂၃ ခုနှစ်။   ကရင်နီ(ကယား)ပြည်နယ်၊ ဘော်လခဲမြို့ပေါ်တွင် စစ်ကောင်စီတပ်သားများ တပ်စွဲနေရာယူထားသည့် စစ်မှုထမ်းဟောင်းရုံး၊ လဝကရုံး၊ မြို့မရဲစခန်းနှင့် အသံလွှင့်ဌာနတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော်များမှ မေလ (၁) ရက် နံနက် (၄) နာရီ (၅၀) မိနစ်မှစတင်ကာ (၂) နာရီကြာမြို့တွင်းစီးနင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။   အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ ကယားစစ်ဒေသ ဘောလခဲ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (BPDF) အမှတ် -၁၁၀၅ တပ်ရင်းနှင့် ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF) အမှတ် -၁၁၀၈ တပ်ရင်းတို့ပါဝင်သည့် ဘောလခဲခရိုင်ပူးပေါင်းဗျူဟာစစ်ကြောင်းမှ ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု Bawlakhe PDFကယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More