Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ပြည်သူလူထု ပုံစံအမျိုးမျိုးဖြင့် ပူပေါင်းပါဝင်ရန် တိုက်တွန်း

Written by

in

RNA_အောက်တိုဘာ(၂၉)၊၂၀၂၃ ခုနှစ်။

ညီနောင် မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာလ ၂၇ ရက်နေ့စတင် ဆင်နွှဲနေသည့် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ကို ကြိုဆိုထောက်ခံကြသော မြန်မာပြည်သူလူထုတစ်ရပ်လုံး အပါအဝင် အဖွဲ့အစည်းအသီးသီး လူပုဂ္ဂတစ်ယောက်ချင်စီကို များစွာကျေးဇူးတင်ရှိကြောင်း MMDAA၊ TNLA၊ AA တို့က ထုတ်ပြန်ထားသည်။

Operation 1027 (၁၀၂၇ စစ်ဆင်ရေး) ဆင်နွှဲနေသည်မှာ ယနေ့ ၃ ရက်မြောက်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ တပ်စခန်း အသေးအကြီး စုစုပေါင်း ၅၀ ဝန်းကျင် တိုက်ခိုက်သိမ်းပိုက်ထားပြီး ချင်းရွှေဟော်မြို့နှင့် သိန္နီမြို့တို့ကို ထိမ်းချုပ်ထားကြောင်း သိရသည်။

ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် ဝန်းရံမှုတို့သည် အလွန်အရေးကြီးပြီး စစ်ဆင်ရေးမပြီးအချင်း တစ်သွေးတည်း တစ်သားတည်းရှိရန် ဆက်လက်လိုအပ်နေအုံးမည်ဖြစ်ကြောင်း၊ ဤစစ်ဆက်ရေးကြီးကို အထောက်အပံ့ အကူအညီဖြစ်စော မည်သည့် လုပ်ဆောက်ချက်မျိုးဖြင့်မဆို တိုက်ရိုက် (သို့မဟုတ်)သွယ်ဝိုက်ပါဝင်၍ သော်လည်းကောင်း၊ ပုံစံတစ်မျိုးမျိုးဖြင့်သော်လည်းကောင်း ဆက်လက်ပူးပေါင်းပါဝင်ကြရန် လေးလေးနက်နက် တိုက်တွန်းထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် ရည်မှန်းထားသော စစ်ရေး၊ နိုင်ငံရေး၊ ရည်မှန်းချက်များနှင့်အတူ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားသော ဆန္ဒ၊ မျှော်မှန်းချက်များကို အပြည့်အဝရရှိသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ Operation 1027 တွင် ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ PLA၊ BPLA၊ MDY PDF တို့ ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။

#RedNewsAgency