Tag: MOCHA_Storm

  • မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

    မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများ AA ကိုသာ အားကိုးနေရ

    RNA_မေ(၂၉)၊၂၀၂၃ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းမှ မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့်ပြည်သူများသည် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီကို အားကိုးမရသည့်အတွက် ရက္ခိုင့်တပ်တော်- AAကိုသာ အားကိုးနေရကြောင်း ဒေသခံများက ပြောကြားသည်။
    ဓာတ်ပုံ – ၁၁ မျဉ်းစောင်း ရိုက်ကူးထားသည့် မေလ ၂၆ ရက်နေ့က ရသေ့တောင်မြို့နယ်အတွင်း ဒေသခံ‌များနှင့်အတူ AAတပ်ဖွဲ့၀င်များ ပူးပေါင်းဆောင်ရွက်နေသည့် မြင်ကွင်းဖြစ်သည်။
     
    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီသည် မိုခါမုန်းတိုင်းပြည်လည်ထူထောင်ရေးအတွက် နိုင်ငံတကာပါအဝင်ပါအဝင် ပြည်တွင်းလုပ်ငန်းရှင်များထံမှ အလှူငွေနှင့်အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းများအပါအဝင် စားနပ်ရိက္ခာများရရှိထားသော်လည်း ရခိုင်ပြည်နယ်တွင်း ကူညီထောက်ပံ့မှုမရှိသလောက်ဖြစ်ပြီး ရက္ခိုင့်တပ်တော် -AA ရဲဘော်များက လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခြင်း ဖြစ်သည်။
     
    “ဒီမှာက AAပဲအားကိုးရတာ စကစက ဘာမှမရှိဘူး။ စကစက တအိမ်ထောင် ဆန်နို့ဆီဗူး၂ဗူး လှူတယ် ဓာတ်ပုံရိုက်ပြီး ပြန်သွားတယ်” ဟု ဒေသခံတဦးက ပြောသည်။

    (more…)

  • ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

    ရခိုင်ပြည်နယ် မုန်တိုင်းသင့်ပြည်သူများအတွက် အရေးပေါ်ကယ်ဆယ်ရေးတွင်အသုံးပြုရန် KIO ဗဟိုဌာနချုပ်က သိန်းသုံးထောင်လှူဒါန်း

    RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။
     
    အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်အတွင်း ပျက်စီးဆုံးရှုံးသွားမှုများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန် လူသားချင်းစာနာထောက်ထားမှုအားဖြင့် KIO ဗဟိုဌာနချုပ်မှ ကျပ် သိန်းသုံးထောင်ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်သို့ လှူဒါန်းခဲ့ကြောင်း AA ကထုတ်ပြန်ထားသည်။
    Photo : Western News
     
    ရခိုင်ပြည်နယ်အတွင်း မုန်တိုင်ဒဏ်သင့် ပြည်သူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG မှ ကျပ်သိန်းတစ်ထောင်၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် – MNDAA မှ ကျပ်သိန်းတစ်ထောင်၊ ကချင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့- KIO မှ ကျပ်သိန်းသုံးထောင်လှူဒါန်းမှုတို့ကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်တို့မှ လက်ခံရရှိထားကြောင်း၊ မုန်တိုင်းလေဘေးဒဏ်ကြောင့် ရခိုင်ပြည်သူလူထု ဒုက္ခရောက်နေချိန် ညီနောင်မဟာမိတ်ပီသစွာ ပံ့ပိုးကူညီပေးမှုအပေါ် လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်မှ ထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိ

    RNA_မေ(၁၇)၊၂၀၂၃ ခုနှစ်။
     
    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း နှင့် စစ်ကိုင်းတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် သေဆုံးသူ (၄၃၅) ဦးရှိခဲ့ပြီး အဆက်အသွယ်မရသေးသည့် ပျောက်ဆုံးနေသူများရှိနေသေးကြောင်း မေလ (၁၆) ရက်နေ့ထိ စာရင်းကောက်ယူထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ -NUG က ထုတ်ပြန်ထားသည်။
    ဓာတ်ပုံ – ဒေသခံ
     
    မေလ ၁၄ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် နေအိမ်အဆောက်အဦများ၊ လမ်းတံတားများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ကျွဲနွားသေဆုံးမှု များပြားခဲ့ကြောင်း၊ စစ်တွေမြို့နယ်အတွင်းရှိ ဒုက္ခသည်စခန်းအပါအဝင် ကျေးရွာများနှင့် မကွေးတိုင်း စလင်းမြို့နယ်အတွင်း သေဆုံးသူများရှိခဲ့ကြောင်း သိရသည်။

    (more…)

  • မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားမှုများကို PDF ရဲဘော်များ ကူညီ

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားမှုများကို PDF ရဲဘော်များ ကူညီ

    RNA_မေ(၁၇)၊၂၀၂၃ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားရသည့် ပြည်သူများ၏ နေအိမ် အဆောက်အဦပျက်စီးထိခိုက်မှုများ အပါအဝင် နိုင်ရာတာဝန်များကို ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ရဲဘော်များက ကူညီမှုများပေးခဲ့ကြောင်းသိရသည်။

    မိုခါမုန်တိုင်းရဲ့ရိုက်ခတ်မှုဒဏ်ကြောင့်လည်း စစ်ဘေးရှောင်ရာ ယာယီနေအိမ်တဲတိုက်များစွာ ပြိုလဲပျက်စီးခဲ့ကြရပါတယ်။‌ အဲ့ဒီရိုက်ခတ်မှုဒဏ်ကြောင့် အလုပ်သမားလယ်သမားများ အားကိုးအားထားပြုရတဲ့ ဒေသထွက်စိုက်ပျိုးသီးနှံများအပါဝင် သိုလှောင်ရိက္ခာတချို့နဲ့အသုံးအဆောင်ပစ္စည်းများစွာ ထပ်မံဆုံးရှုံးခဲ့ရပြန်ပါတယ်။ ထိုသို့ စစ်ဘေးရေဘေးသင့်ပြီး စိတ်အားကိုယ်အားဖြင့် ဒုက္ခအတိရောက်ရှိနေကြတဲ့ ပြည်သူလူထုကို ကျနော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဦး ရဲဘော်များက ပြိုလဲပျက်စီးသွားခဲ့တဲ့ပြည်သူ့နေအိမ်များကို ဝိုင်းဝန်းရှင်းလင်း‌ပေးခဲ့ကြပြီး စိတ်အားကိုယ်အားပင်ပန်းနွမ်းနယ်နေကြတဲ့ပြည်သူလူထုကိုလည်း ပြည်သူ့ဒုက္ခကိုယ့်ဒုက္ခလို့မှတ်ယူကာ အခုလို နိုင်ရာဝန်ကိုထမ်းပြီး ဝိုင်းဝန်းအားပေးကူညီခဲ့ကြတာဖြစ်ပါတယ်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF ကထုတ်ပြန်ပြောကြားထားသည်။

    (more…)

  • မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်လိုအပ်ချက်များကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် အရေးပေါ်လိုအပ်ချက်များကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

    RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။

    ရခိုက်ပြည်နယ်အတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်မှုကြောင့် ၉၀ ရာခိုက်နှုန်းခန့် ပျက်စီးဆုံရှုံးခဲ့ရပြီး အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်း လိုအပ်ချက်များနှင့်ပတ်သက်ပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=caF05jY8mO4[/embedyt]

    #RedNeesAgency

  • မန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်း လူသေမှုအပါအဝင် ပျက်စီးဆုံရှုံးမှု များပြား 

    မန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုများကြောင့် မကွေးတိုင်းအတွင်း လူသေမှုအပါအဝင် ပျက်စီးဆုံရှုံးမှု များပြား 

    RNA_မေ(၁၆)၊၂၀၂၃ ခုနှစ်။

    ရခိုင်ပြည်နယ်အတွင်း ဦးတည်ဝင်ရောက်လာသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် မိုးရွာသွန်းမှုများပြီးမကွေး တိုင်း၊ မင်းဘူးမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်အတွင်း မမန်းချောင်း၊ မုန်းချောင်းနှင့် ချောင်းရေကြီးမှုတို့ကြောင့် လူအသေအပျောက်ရှိခဲ့ပြီး ကျွဲနွားများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ဆုံးရှုံမှုများပြားခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ – ဒေသခံများရိုက်ကူးထားသည့် ကျေးရွာအတွင်း ရေဝင်ရောက်မှုများဖြစ်သည်။

    “ပွင့်ဖြူမြို့နယ်မှာတော့ လူသေတာမကြားဘူး ယာတွေ ပျက်စီးသွာတယ်၊ တချို့ရွာတွေမှာ နေအိမ်တွေပျက်စီးသွားတယ်၊ စလင်း ဆက်ဖြူကျွန်းဘက်မှာတော့ လူတွေတာတွေရှိတယ်၊ အဲဒီဘက်က အပျက်အစီးပိုများတယ်၊ ကျွဲနွားတွေလည်း ‌သေတယ်၊ နေအိမ်ပျက်စီးတာတွေလည်း ရှိတယ်။ စကုဘက်က ရွာတွေမှာလည်း အပျက် အစီးရှိတယ်၊ လယ်ကိုင်းမြို့ပေါ်ရပ်ကွက်တွေထဲထိ ရေဝင်တာ ရွာတွေဘက်ကတော့ ပြောစရာကို မလိုတော့ဘူး” ဟု ပွင့်ဖြူဒေသခံတဦးက ပြောသည်။

    (more…)

  • စစ်တွေမြို့ပေါ်ရေဝင်ရောက်မှုရှိလာပြီး လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြ

    စစ်တွေမြို့ပေါ်ရေဝင်ရောက်မှုရှိလာပြီး လေပြင်းကြောင့် ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြ

    RNA_မေ(၁၄)၊၂၀၂၃ ခုနှစ်။

    မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်၊ စစ်တွေ‌မြို့ပေါ်သို့ ယနေ့ နေ့လည်ပိုင်းတွင် ရေများစတင်ဝင်ရောက်လာပြီး စစ်တွေ ပင်မ ဆက်သွယ်ရေးတာဝါတိုင် ကျိုးကြပြီး ပျက်စီးဆုံးရှုံးမှုများရှိနေပြီဖြစ်ကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=-6Hdwfl6-GA[/embedyt]

    #RedNewsAgency