Tag: ULA/AA

  • AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေ

    AAနှင့်တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံး၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

    RNA_နိုဝင်ဘာ(၁၉)၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်း၊ ဝက်ကျိန်းအပြင်ရွာ မြောက်ဖက် မီတာ (၈၀၀) ခန့်အကွာရှိ ရက္ခိုင့်တပ်တော် – AA နှင့် စစ်ကောင်စီတပ် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၁၀၅) တပ်ရင်းတို့ နိုဝင်ဘာလ (၁၈) ရက်နေ့ နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ တိုက်ပွဲဖြစ်ပြီး ခမရ (၁၀၅) တပ်ရင်းမှ (၁၀) ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    စစ်ကောင်စီတပ်မှ စက်လတ်သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် ကျောင်းသား (၂) ဦးသေဆုံး

    RNA_ဩဂုတ် ၃၊၂၀၂၂ခုနှစ်။

    ရခိုင်ပြည်နယ်၊ ပလက်ဝမြို့နယ်၊ တူးမဝ (တုံးမဝ) ကျေးရွာ မှ ကျောင်းတက်၍ ပြန်လာသော ကျောင်းကြိုပို့စက်လှေအား နှမဒါကျေးရွာစေတီကုန်း၌ စခန်းချတပ်စွဲနေရာယူထားသော စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၃၅ မိနစ်ဝန်းကျင်က ပစ်ခတ်သည့်အတွက် ကျောင်းသား (၂) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

    စစ်ကောင်စီတပ် လေယာဉ်ဗုံးကြဲမှုကြောင့် ရက္ခိုင့်တပ်တော်က ရဲဘော် (၆) ဦးကျဆုံး

    RNA_ဇူလိုင် ၅၊၂၀၂၂ခုနှစ်။

    မြန်မာ-ထိုင်းနယ်စပ်အနီး၊ ကရင်ပြည်၊ KNLA တပ်မဟာ (၅) ဧရိယာထဲရှိ ရက္ခိုင့်တပ်တော် (AA)၊ တပ်စခန်းတစ်ခုအား စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ် (၂) စီးဖြင့် ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရက္ခိုင့်တပ်တော်ရဲဘော် (၆) ဦးကျဆုံးခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • အမျိုးသားနိုင်ငံတော်အယူအဆနှင့်ရက္ခိုင့်တော်လှန်ရေး

    အမျိုးသားနိုင်ငံတော်အယူအဆနှင့်ရက္ခိုင့်တော်လှန်ရေး

    ULA/AA ရဲ့ တော်လှန်ရေးဟာ နောက်ဆုံးပန်းတိုင်အဖြစ် ရက္ခိုင်ဒေသတစ်ခုလုံးကို နယ်မြေထိန်းချုပ်လို့ရပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်မှု အပြည့်အဝလုပ်နိုင်ပြီဆိုတာနဲ့ အမျိုးသားနိုင်ငံအဖြစ် ကြေညာဖို့ ခြေလှမ်းစတော့မယ်

    ရက္ခိုင်ပြည်သူများနှင့် ULA/AAရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မြန်မာနိုင်ငံအဝန်းအဝိုင်းအတွင်း မရရှိပါက မိမိတို့လိုလားသော အမျိုးသားနိုင်ငံတော်အဆင့်ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လက်တွဲတည်ဆောက်သွားမယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောခဲ့ပါတယ်။

    ခိုင်သုခ ခုလို အင်တာဗျူးမပေးခင်ကတည်းက ULA/AAရဲ့ ရက္ခိတလမ်းစဉ်ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ရည်မှန်းချက်တွေကို ခေါင်းဆောင်ပိုင်းက မကြာခဏ ထုတ်ဖော်ပြောဆိုနေတာကို တွေ့ရပါတယ်။

    ထိုအချိန်ကာလက ပြည်မနိုင်ငံရေးသမားတွေအပါအဝင် လေ့လာသုံးသပ်သူ အတော်များများက ရက္ခိတလမ်းစဉ်ရဲ့ အတိမ်အနက်ကို သေသေချာချာ ကွဲကွဲပြားပြား မသိနိုင်ကြသေးဘူးလို့ ယူဆရပါတယ်။အခုတော့ ရက္ခိုင့်ပြည်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ အရင်ထုတ်ပြောနေကြ “ပြည်ထောင်”အဆင့်ကနေ “အမျိုးသားနိုင်ငံ”အဆင့်ကို ကူးပြောင်းသွားခဲ့ပြီလို့ အတိအလင်းကြေညာလိုက်တဲ့ အနေအထားပါပဲ။ (more…)

  • စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

    စစ်ဘေးရှောင်ရာမှ ပြန်လာစဉ် လမ်းမှာ လက်နက်ကြီးမှန်ကာ အမျိုးသမီး ၄ ဦးသေဆုံး

    RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ မိုင်ယော်တိုက်နယ်၊ ပန်နန်းကျေးရွာ ပြည်သူများ စစ်ဘေးရှောင်ရာမှာ ပြန်လာစဉ် လမ်းတွင်လက်နက်ကြီး ထိမှန်ကာ အမျိုးသမီး (၄) ဦးသေဆုံးခဲ့ရကြောင်း ဒေသခံတဦးက ပြောသည်။

    ဒေသခံတဦး လက်နက်ကြီး ကျရောက်သည့် ဖြစ်စဉ်အတွင်း ရိုက်ကူးထားသည့်ရုပ်သံတွင် ကိုးကန့်တပ်ဖွဲ့က ပစ်လိုက်သည့် လက်နက်ကြီးဖြစ်ကြောင်း ပစ်ခံရသည့် စစ်ဘေးရှောင်များက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=wwX3z_IpDng[/embedyt]မိုင်းယော်ဒေသတွင် စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ် (၃) ဖွဲတို့ တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်ဘေးရှောင်ရာမှပြန်လာစဉ် လက်နက်ကြီးကျကာ နေရာတွင် အမျိုးသမီး (၃) ဦးသေဆုံးပြီး ဆေးကုသခံယူ‌နေစဉ် အသက် ၂၀ အရွယ် လွေးအေးမန် ထပ်မံသေဆုံးကြောင်း၊ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၃ ဦး လားရှိုးဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

    #RedNewsAgency

  • ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွှတ်လာသူ ၂၂ ဦးကို ခေါ်ယူစစ်ဆေးနေ

    ရွှေနဒီအမြန်ရေယာဉ်ပေါ်က ပြန်လွှတ်လာသူ ၂၂ ဦးကို ခေါ်ယူစစ်ဆေးနေ

    မြတ်ထွန်းနိုင်၊ ဘူးသီးတောင်|နိုဝင်ဘာလ ၅ ရက်။

    ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက် တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှအရပ်သား ၂၂ ဦးကို နိုဝင်ဘာလ ၅ ရက်ယနေ့ နေ့လည် ၃ နာရီအချိန်ခန့်က စတင်ကာ ဘူးသီးတောင်မြို့ရှိ အမှတ် ၃ နယ်ခြားစောင့်စခန်းတွင် ခေါ်ယူစစ်ဆေး နေသည်။

    အဆိုပါ အရပ်သား ၂၅ ဦးထဲမှ ဘူးသီးတောင်မြို့နယ်မှ ၂၂ ဦးမှာယနေ့နေ့လည် ၂ နာရီ ၁၀ မိနစ်က ပြန်လည်ရောက်ရှိလာပြီး သူတို့အားဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးထွန်းအောင်သိန်း|အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံတို့က သွားရောက်ခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ထို၂၅ ဦးကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာလ ၅ ရက်ယနေ့ နံနက်က ဘူးသီးတောင်မြို့နယ်၊ငွေတောင်ကျေးရွာသို့ လာရောက်ပို့ ဆောင်ပေးခဲ့ခြင်းဖြစ်သည်။[embedyt] https://www.youtube.com/watch?v=Gig5YK_sOH4[/embedyt]ရိုက်ကူး – ထွန်းမြတ်နိုင် – Red News Agency

  • ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

    ရွှေနဒီအမြန်ရေယာဉ်မှ ဖမ်းဆီးခံရသူများထဲက ပြန်လွတ်လာသူတချို့၏ ပြောပြချက်

    ဘူးသီးတောင်၊ နိုဝင်ဘာ ၅ ရက်။

    ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အပိုင် မေယုမြစ်ထဲတွင် အောက်တိုဘာလ ၂၆ ရက်နေ့က ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ပျောက်ဆုံးနေ သူများကို နိုဝင်ဘာလ ၅ ရက်နေ့ ယခု ဘူးသီးတောင်မြို့ကို ပြန်လည်ရောက်ရှိလာပြီဖြစ်ရာ ပြန်လွှတ်လာသူတချို့က အတွေ့အကြုံများကို ပြောပြထားပါတယ်။ [embedyt] https://www.youtube.com/watch?v=Zz7tZ9lCiMw[/embedyt]Red News Agency