“စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ဖွဲ့တွေ့ဆုံမှုအရ မုန်တိုင်းသင့် ရခိုင်ဒေသ လူသားချင်းစာနာမှု အကူအညီများ အမြန်ရောက်ရှိရေးအချက်ပါဝင်ခဲ့သော်လည်း လူသားချင်းစာနာမှု အကူအညီများ ပိတ်လိုက်ခြင်းမှာ AA ကို ရန်စနေသလား ထင်မှတ်စရာဖြစ်သည်။ “အခက်အခဲများကြား ဒုက္ခတောမှာ တိုက်ပွဲဖော်လိုခြင်းလား” မေးခွန်းထုတ်ရမလို ဖြစ်နေသည်”
ငြိမ်းမောင်
နိုင်ငံတကာကူညီကယ်ဆယ်ရေးများနှင့်လူမှုအဖွဲ့အစည်းများအားလုံးကိုရခိုင်ပြည်အတွင်းသွားလာခွင့်၊ကူညီခွင့်များကိုရည်ရွယ်ပြီးခရီးသွားလာခွင့်ကိုစစ်ကောင်စီ ရပ်ဆိုင်းလိုက်ကြောင်း သတင်းကြားမိချိန် အလွန်တရာ အံသြမိခဲ့သည်။ ဘာ့ကြောင့်လဲဆိုတာ အားလုံးအသိဖြစ်မှာပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်ပြည်ကြီး နှစ်ကာလများစွာ အချိန်ကြာကြာ ပြန်လည်ထူထောင်ရမည်၊ ပြည်တွင်း ပြည်ပ အကူအညီများစွာ ရမှတည်ဆောက်နိုင်မည်၊ထိုအခြေအနေကို အားလုံးသိနေကြပါလျက် မည်သည့်အတွက်ကြောင့် ဒုက္ခရောက်နေသူများကို ကူညီထောက်ပံ့မှုများ၏ အဝေးဆုံးသို့ တွန်းပို့လိုကြသနည်း တုန်လှုပ်သွားရသည်။
ICRC ၊ WFP အပါအဝင် နိုင်ငံတကာကူညီကယ်ဆယ်ရေး အဖွဲ့များ ပြည်တွင်း၊ ပြည်ပ လူမှုအဖွဲ့ကူညီကယ်ဆယ်ရေး အဖွဲ့အစည်းများအားလုံးကို ဇွန် ၈ ရက်နေ့မှ စပြီး သွားလာခွင့်၊ ကူညီခွင့်များ ရပ်ဆိုင်းလိုက်ခြင်းဖြစ်ပြီး WFP က စားနပ်ရိက္ခာအထောက်အပံ့များကို ကျောက်တော်၊ကျောက်ဖြူ၊စစ်တွေ၊ပုဏ္ဏားကျွန်း၊ပေါက်တော၊မြေပုံ၊မြောက်ဦးနှင့်ရသေ့တောင်မြို့နယ်များနှင့်ဘူးသီးတောင်၊မောင်တောမြို့နယ်များသို့ဆက်လက်ပံ့ပိုးနိုင်ရန်ဆောင်ရွက်နေချိန်တွင်စစ်ကောင်စီကပိတ်ပင်လိုက်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် ပြန်လည်ထူးထောင်ရေးအတွင် ဒေသခံများ အသက်ရှင်နေထိုင်ရပ်တည်ရေးအတွက် အကူအညီ အထောက်အပံ့ များစွာ လိုအပ်နေချိန် ယခုကဲ့သို့ ရပ်ဆိုင်းလိုက်ခြင်း၍ ရခိုင်ပြည်သူများအတိဒုက္ခရောက်စေနိုင်သည် စစ်ကောင်စီ၏ ယုတ်မာခြင်းဖြစ် သည်ဟု ရခိုင်ဒေသခံများက ပြောထားကြသည်။ “လူသားချင်းစာနာစိတ်နဲ့ကူညီကယ်ဆယ်ရေးတွေပေးနေတာကို ပိတ်ပင်တားဆီးတဲ့ ကိစ္စကတော့ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး ” ဟုဒေသခံတစ်ဦးကမှတ်ချက်ပြုသည်။














